မေကြးတိုင္းေဒသႀကီးတြင္ စစ္ေဆးေရးဂိတ္မ်ားတိုးလုိက္ၿပီး လံုျခံဳေရးမ်ား တိုးျမွင့္ေဆာင္ရြက္ေန

မေကြးတိုင္းေဒသႀကီးတြင္ စစ္ေဆးေရးဂိတ္မ်ားတိုးလုိက္ၿပီး လံုျခံဳေရးမ်ား တိုးျမွင့္ေဆာင္ရြက္ေန
သြဂုတ် 20, 2019
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ရွာေဖြစစ္ေဆးေရးဂိတ္မ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္း ထပ္တိုးလုိက္ၿပီး လံုၿခံဳေရးအေျခအေန တိုးျမႇင့္လုိက္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးထံမွ သိရသည္။

“လတ္တေလာ ျပင္ဦးလြင္ ေနာင္ခ်ိဳဘက္မွာ ျဖစ္ေနတာေတြရိွတယ္။ ကၽြန္ေတာ္တို႔ဆီမွာလည္း အဲဒီလို မျဖစ္ ပြားေစဖို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ၾသဂုတ္လ ဒုတိယပတ္ေလာက္ကစၿပီးေတာ့ ရွာေဖြစစ္ေဆးမႈေတြကို တိုးျမွင့္လုပ္ေဆာင္ေနပါတယ္။ အရင္က အေထာက္အထားမဲ့ဘဂၤလီေတြကို ရွာေဖြ စစ္ေဆး ဖမ္းဆီးႏိုင္ဖို႔ နတ္ေရကန္ ေရွာင္ကြင္းလမ္းတစ္ခုတည္းမွာပဲ ဌာနေပါင္းစံုနဲ႔ စစ္တာေဆးတာရိွတယ္။ တစ္ျခားေနရာေတြ မွာက ေရွာင္တခင္စစ္ေဆးၾကတာပဲရိွေတာ့ နတ္ေရကန္ေရွာင္ကြင္းလမ္းကို ေက်ာ္လာၿပီဆိုတာနဲ႔ ဘာစစ္ ေဆးေရးဂိတ္မွ မရိွေတာ့ဘူးျဖစ္ေနတယ္” ဟု လံုျခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦးက တာ ခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ထဲေရးဝန္ႀကီးဌာန၏ စီမံခ်က္ျဖင့္ မေကြးတိုင္းေဒသႀကီးအတြင္း (၅)ခရိုင္ရိွ (၂၄) ေနရာတြင္ ေရွာင္တခင္ စစ္ေဆးမႈမ်ားကို ေန႔ကင္း၊ ညကင္းမ်ားျဖင့္  ေဆာင္ရြက္ေနၿပီး ၾသဂုတ္လ(၁၆)ရက္ေန႔က ျပဳလုပ္ခဲ့ေသာ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ အစည္းအေဝးဆံုးျဖတ္ခ်က္အရ ဧရာဝတီတံတား (မေကြး) ၏ မင္းဘူးၿမိဳ႕ဘက္အျခမ္းရိွ တိုးဂိတ္တြင္ ဌာနေပါင္းစံုပါရိွသည့္ လံုျခံဳေရးဆိုင္ရာစစ္ေဆးမႈမ်ားကို တိုး ျမွင့္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္းထူးရသည့္အခါမ်ိဳးတြင္ ခရီးသည္တင္ယာဥ္မ်ားမွ ခရီးသည္မ်ားအားဆင္းခိုင္း၍ ကားေပၚတက္စစ္ ေဆးျခင္း၊ ခရီးသည္မ်ားကို မွတ္ပံုတင္ႏွင့္ တိုက္၍စစ္ေဆးျခင္း၊ ကုန္ကားမ်ားဆိုပါက အမိုးလွပ္၍ ကားေပၚတက္ စစ္ေဆးျခင္းမ်ား ျပဳလုပ္ကာ သတင္းအထူးမရိွပါက ခရီးသည္မ်ားအား ဆင္းခိုင္းရန္မလိုဘဲစစ္ေဆးေနၿပီး စစ္ေဆးေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ရာတြင္ ဝန္ထမ္းမ်ားအေနျဖင့္ ဆက္ဆံေရးေျပေျပျပစ္ျပစ္ရိွရန ယာဥ္ေၾကာပိတ္ဆို႔မႈ မျဖစ္ပြားေစရန္ အထူးမွာၾကားထားေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် စစ်ဆေးရေးဂိတ်များတိုးလိုက်ပြီး လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်နေ
**************
မကွေးတိုင်းဒေသကြီးအတွင်း ရှာဖွေစစ်ဆေးရေးဂိတ်များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ထပ်တိုးလိုက်ပြီး လုံခြံုရေးအခြေအနေ တိုးမြှင့်လိုက်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံမှ သိရသည်။

“လတ်တလော ပြင်ဦးလွင် နောင်ချိုဘက်မှာ ဖြစ်နေတာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလို မဖြစ် ပွားစေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သြဂုတ်လ ဒုတိယပတ်လောက်ကစပြီးတော့ ရှာဖွေစစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အရင်က အထောက်အထားမဲ့ဘင်္ဂလီတွေကို ရှာဖွေ စစ်ဆေး ဖမ်းဆီးနိုင်ဖို့ နတ်ရေကန် ရှောင်ကွင်းလမ်းတစ်ခုတည်းမှာပဲ ဌာနပေါင်းစုံနဲ့ စစ်တာဆေးတာရှိတယ်။ တစ်ခြားနေရာတွေ မှာက ရှောင်တခင်စစ်ဆေးကြတာပဲရှိတော့ နတ်ရေကန်ရှောင်ကွင်းလမ်းကို ကျော်လာပြီဆိုတာနဲ့ ဘာစစ် ဆေးရေးဂိတ်မှ မရှိတော့ဘူးဖြစ်နေတယ်” ဟု လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက တာ ချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံချက်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း (၅)ခရိုင်ရှိ (၂၄) နေရာတွင် ရှောင်တခင် စစ်ဆေးမှုများကို နေ့ကင်း၊ ညကင်းများဖြင့်  ဆောင်ရွက်နေပြီး သြဂုတ်လ(၁၆)ရက်နေ့က ပြုလုပ်ခဲ့သော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဧရာဝတီတံတား (မကွေး) ၏ မင်းဘူးမြို့ဘက်အခြမ်းရှိ တိုးဂိတ်တွင် ဌာနပေါင်းစုံပါရှိသည့် လုံခြံုရေးဆိုင်ရာစစ်ဆေးမှုများကို တိုး မြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထူးရသည့်အခါမျိုးတွင် ခရီးသည်တင်ယာဉ်များမှ ခရီးသည်များအားဆင်းခိုင်း၍ ကားပေါ်တက်စစ် ဆေးခြင်း၊ ခရီးသည်များကို မှတ်ပုံတင်နှင့် တိုက်၍စစ်ဆေးခြင်း၊ ကုန်ကားများဆိုပါက အမိုးလှပ်၍ ကားပေါ်တက် စစ်ဆေးခြင်းများ ပြုလုပ်ကာ သတင်းအထူးမရှိပါက ခရီးသည်များအား ဆင်းခိုင်းရန်မလိုဘဲစစ်ဆေးနေပြီး စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ဆက်ဆံရေးပြေပြေပြစ်ပြစ်ရှိရန ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် အထူးမှာကြားထားကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net