တာခ်ီလိတ္ မိုင္းဖုန္း(က)၊ (ခ)ႏွင့္ ရန္ေအာင္ေျမရပ္ကြက္မ်ား၌ ဆုိင္ကယ္ေမာင္းလုိင္စင္ ထုတ္ေပးျခင္း အပါအဝင္ OSS လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးမည္

တာခ်ီလိတ္ မိုင္းဖုန္း(က)၊ (ခ)ႏွင့္ ရန္ေအာင္ေျမရပ္ကြက္မ်ား၌ ဆုိင္ကယ္ေမာင္းလုိင္စင္ ထုတ္ေပးျခင္း အပါအဝင္ OSS လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးမည္
သြဂုတ် 23, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္း ကို ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ မုိင္းဖုန္း(က)ေက်းရြာ၌ ေဆာင္ရြက္ေပးေနၿပီး ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ မုိင္းဖုန္း (ခ)ေက်းရြာႏွင့္ ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္တုိ႔၌ ေဆာင္ရြက္ေပးမည္ ျဖစ္သည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္မ်ား ထုတ္ေပးျခင္းအပါအဝင္ OSS လုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔က မိုင္းဖုန္း(က)ေက်းရြာရိွ ပါခါဘုန္းေတာ္ႀကီးေက်ာင္းတြင္ အေျချပဳၿပီး လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

“ (၂၆) တနလၤာမွာ မိုင္းဖုန္း(ခ)ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးမွာ အေျချပဳၿပီး OSS လုပ္ငန္းေတြကို ေဆာင္ရြက္ေပးပါမယ္။ (၂၇)ရက္ေန႔မွာ ရန္ေအာင္ေျမရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွာ အေျချပဳၿပီး လုပ္ငန္းေတြ ေဆာင္ရြက္ေပးပါမယ္။ အဲဒီမွာ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္အသစ္ လုပ္ခ်င္သူမ်ားအေနနဲ႔ မွတ္ပံုတင္မိတၱဴ၊ ဓါတ္ပံု (၃)ပံုနဲ႔ လာေရာက္လို႔ရပါတယ္။ အသက္ (၁၈)ႏွစ္ေအာက္ဆုိရင္ က်ပ္တစ္ေသာင္းခြဲ၊ အသက္ (၁၈)ႏွစ္အထက္ဆိုရင္ က်ပ္ႏွစ္ေသာင္းခြဲ က်ပါတယ္။ ဒါက ႏုိင္ငံေတာ္အတြက္ အခြန္အခကိုပဲ ေပးသြင္းရတာပါ။ အပိုေငြ ေပးေဆာင္ရျခင္း လံုးဝမရိွပါဘူး”ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တတိယအႀကိမ္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၾသဂုတ္လအတြင္း ဌာန(၁၂)ခုက ေဆာင္ရြက္ေပးေနရာတြင္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလိုင္စင္ျပဳလုပ္သူ အမ်ားဆံုးျဖစ္ေနၿပီး ၾသဂုတ္လ (၂၁)ရက္ေန႔အထိ စုစုေပါင္း (၉၁၃) ဦးကို လိုင္စင္ထုတ္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ရပ္ကြက္၊ေက်းရြာမ်ားသို႔ ေန႔စဥ္ကြင္းဆင္းေဆာင္ရြက္ေပးေနရာတြင္ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္မ်ား၌ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၏ လုပ္ငန္းေဆာင္ရြက္ရမႈ အမ်ားဆံုးျဖစ္ေသာ္လည္း တတိယအႀကိမ္တြင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကပါ ကြင္းဆင္းအဖြဲ႕တြင္ ပါဝင္လာရာ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္ ျပဳလုပ္သူ အမ်ားဆံုးျဖစ္လာေၾကာင္း သိရသည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန (ကညန)အေနျဖင့္ ယခင္က ရွမ္းရိုးမကြင္းတြင္ တစ္လလွ်င္ တစ္ႀကိမ္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္မ်ားကို စီမံခ်က္ျဖင့္ ထုတ္ေပးေနရာမွ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္ (၁)ရက္ေန႔မွစ၍ OSS ႏွင့္အတူ ကြင္းဆင္းေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

ျပည္သူ႕၀န္ေဆာင္မႈရံုး(One Stop Shop - OSS)တြင္ ပါဝင္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ တတိယအႀကိမ္ေျမာက္ကြင္းဆင္းေဆာင္ရြက္မႈ၌ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကလည္း ပူးေပါင္းပါဝင္လာျကျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ် မိုင်းဖုန်း(က)၊ (ခ)နှင့် ရန်အောင်မြေရပ်ကွက်များ၌ ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးခြင်း အပါအဝင် OSS လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးမည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်း ကို သြဂုတ်လ (၂၃)ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာ၌ ဆောင်ရွက်ပေးနေပြီး သြဂုတ်လ (၂၆)ရက်နေ့တွင် မိုင်းဖုန်း (ခ)ကျေးရွာနှင့် သြဂုတ်လ (၂၇)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်တို့၌ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခြင်းအပါအဝင် OSS လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုင်းဖုန်း(က)ကျေးရွာရှိ ပါခါဘုန်းတော်ကြီးကျောင်းတွင် အခြေပြုပြီး လုပ်ငန်းများဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“ (၂၆) တနင်္လာမှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အခြေပြုပြီး OSS လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါမယ်။ (၂၇)ရက်နေ့မှာ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အခြေပြုပြီး လုပ်ငန်းတွေ ဆောင်ရွက်ပေးပါမယ်။ အဲဒီမှာ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် လုပ်ချင်သူများအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၃)ပုံနဲ့ လာရောက်လို့ရပါတယ်။ အသက် (၁၈)နှစ်အောက်ဆိုရင် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်ဆိုရင် ကျပ်နှစ်သောင်းခွဲ ကျပါတယ်။ ဒါက နိုင်ငံတော်အတွက် အခွန်အခကိုပဲ ပေးသွင်းရတာပါ။ အပိုငွေ ပေးဆောင်ရခြင်း လုံးဝမရှိပါဘူး”ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တတိယအကြိမ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သြဂုတ်လအတွင်း ဌာန(၁၂)ခုက ဆောင်ရွက်ပေးနေရာတွင် မော်တော်ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်သူ အများဆုံးဖြစ်နေပြီး သြဂုတ်လ (၂၁)ရက်နေ့အထိ စုစုပေါင်း (၉၁၃) ဦးကို လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ကွက်၊ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးနေရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ရမှု အများဆုံးဖြစ်သော်လည်း တတိယအကြိမ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကပါ ကွင်းဆင်းအဖွဲ့တွင် ပါဝင်လာရာ မော်တော်ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်သူ အများဆုံးဖြစ်လာကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)အနေဖြင့် ယခင်က ရှမ်းရိုးမကွင်းတွင် တစ်လလျှင် တစ်ကြိမ် မော်တော်ဆိုင်ကယ်မောင်းလိုင်စင်များကို စီမံချက်ဖြင့် ထုတ်ပေးနေရာမှ ၂၀၁၉ ခုနှစ်၊ သြဂုတ် (၁)ရက်နေ့မှစ၍ OSS နှင့်အတူ ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop - OSS)တွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် တတိယအကြိမ်မြောက်ကွင်းဆင်းဆောင်ရွက်မှု၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကလည်း ပူးပေါင်းပါဝင်လာကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - မြို့နယ်အုပ်ချုပ်ရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net