တာခ်ီလိတ္တြင္ စတုတၳအႀကိမ္ ရပ္ကြက္မ်ားအလိုက္ OSS ကြင္းဆင္းေဆာင္ရြက္မႈအတြင္း ဆိုင္ကယ္ေမာင္းလုိင္စင္မ်ား ထပ္မံထုတ္ေပးမည္

တာခ်ီလိတ္တြင္ စတုတၳအႀကိမ္ ရပ္ကြက္မ်ားအလိုက္ OSS ကြင္းဆင္းေဆာင္ရြက္မႈအတြင္း ဆိုင္ကယ္ေမာင္းလုိင္စင္မ်ား ထပ္မံထုတ္ေပးမည္
သြဂုတ် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ရပ္ကြက္၊ေက်းရြာမ်ားအထိ OSS ျပည္သူ႔ဝန္ေဆာင္မႈ လုပ္ငန္းမ်ား တတိယအႀကိမ္ ကြင္းဆင္းေဆာင္ရြက္ေပးမႈတြင္ ဆိုင္ကယ္ေမာင္းလုိင္စင္ (၁၂၄၀)ဦးကို ထုတ္ေပးထားႏုိင္ၿပီး စတုတၳအႀကိမ္တြင္လည္း ထပ္မံေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"OSS အဖြဲ႕နဲ႔ ကြင္းဆင္းေဆာင္ရြက္ေပးမႈမွာ (၁၂၄၀) ဦးကို ေဆာင္ရြက္ေပးႏိုင္ခဲ့တယ္။ ေနာက္ OSS အဖြဲ႕ရဲ႕ ကြင္းဆင္းေဆာင္ရြက္မႈေတြမွာလည္း ကညန အေနနဲ႔ လိုက္ပါေဆာင္ရြက္ေပးသြားမွာပါ" ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္သူ႔ဝန္ေဆာင္မႈရံုး(One Stop Shop - OSS)တြင္ ပါဝင္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လအတြင္း တတိယအႀကိမ္ေျမာက္ ကြင္းဆင္းေဆာင္ရြက္မႈ၌ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကလည္း ပူးေပါင္းပါဝင္လာျကျခင္း ျဖစ္သည္။

ယင္းသို႔ ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်လိုက္သျဖင့္ ပံုမွန္အတုိင္း ယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သည္ထက္ စစ္ေဆးခ(၂)ႀကိမ္ သက္သာမည္ျဖစ္ရာ ေငြက်ပ္ (၄၀၀၀) ေလ်ာ့နည္းသြားေၾကာင္း သိရသည္။

ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္အသစ္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မိတၱဴ၊ ဓါတ္ပံု (၃)ပံုႏွင့္အတူ OSS ဝန္ေဆာင္မႈေပးရာသို႔ လာေရာက္ေလွ်ာက္ထားႏုိင္ၿပီး အသက္ (၁၈)ႏွစ္ေအာက္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ က်ပ္တစ္ေသာင္းခြဲ၊ အသက္ (၁၈)ႏွစ္အထက္ ေလွ်ာက္ထားသူအေနျဖင့္ က်ပ္ႏွစ္ေသာင္းခြဲ ေပးသြင္းရမည္ျဖစ္သည္။

Tachileik News Agency
သတင္း -  ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်၊ကျေးရွာများအထိ OSS ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ တတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ပေးမှုတွင် ဆိုင်ကယ်မောင်းလိုင်စင် (၁၂၄၀)ဦးကို ထုတ်ပေးထားနိုင်ပြီး စတုတ္ထအကြိမ်တွင်လည်း ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"OSS အဖွဲ့နဲ့ ကွင်းဆင်းဆောင်ရွက်ပေးမှုမှာ (၁၂၄၀) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ နောက် OSS အဖွဲ့ရဲ့ ကွင်းဆင်းဆောင်ရွက်မှုတွေမှာလည်း ကညန အနေနဲ့ လိုက်ပါဆောင်ရွက်ပေးသွားမှာပါ" ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop - OSS)တွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း တတိယအကြိမ်မြောက် ကွင်းဆင်းဆောင်ရွက်မှု၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကလည်း ပူးပေါင်းပါဝင်လာကြခြင်း ဖြစ်သည်။

ယင်းသို့ ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချလိုက်သဖြင့် ပုံမှန်အတိုင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် စစ်ဆေးခ(၂)ကြိမ် သက်သာမည်ဖြစ်ရာ ငွေကျပ် (၄၀၀၀) လျော့နည်းသွားကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုသူများအနဖြေင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ (၃)ပုံနှင့်အတူ OSS ဝန်ဆောင်မှုပေးရာသို့ လာရောက်လျှောက်ထားနိုင်ပြီး အသက် (၁၈)နှစ်အောက် လျှောက်ထားသူများအနဖြေင့် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက် လျှောက်ထားသူအနဖြေင့် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net