တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများတွင် စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ကွင်းဆင်းစိစစ် ထုတ်ပေးရေး စတင်ဆောင်ရွက်နေ

သြဂုတ် 2, 2019
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကဒ်များ ကျေးရွာများသို့ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သြဂုတ်လ (၂)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် အခြေပြုပြီး ဆီလီငေါ့ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအား နိုင်ငံသားစိစစ်ရေးကဒ်များ လျှောက်ထားခြင်းအား လက်ခံပြီးစိစစ်နေပြီဖြစ်သည်။
“ဆီလီငေါ့ကျေးရွာဆင်းတယ်ဆိုပေမဲ့ အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ယန်းကျောက်တို့၊ ယန်းခမ်း(၁)၊ (၂)တို့၊ ဟိုယန်းတို့အနီးဝန်းကျင်ကျေးရွာတွေက လာကြတယ်။ အနီးဝန်းကျင်က (၇)ရွာ၊ (၈)ရွာလောက် လာကြတယ်။ ဒီညနေအထိ လုပ်လို့မပြီးသေးဘူးဆိုရင်တော့ ဆက်ဆင်းပေးရမယ်။ ဒီကနေပြီးရင် မောတွီရွာဘက်ပေါ့။ တောက်လျှောက် ဆင်းပေးသွားပါမယ်။ တစ်ပတ်မှာ တစ်ခါဆင်းပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုင်းစံတစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆီလီငေါ့ကျေးရွာကိုအခြေပြု၍ အနီးဝန်းကျင်ကျေးရွာများကိုပါ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးနေရာ နေ့လယ် (၁)နာရီအချိန်ထိ ဒေသခံ (၉၀)ဦးနီးပါး နိုင်ငံသားစိစစ်ရေးကဒ် လာရောက်လျှောက်ထားပြီးဖြစ်ကြောင်း တာချီလိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုင်းစံတစ်ထံမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ကွင်းဆင်းစိစစ်ထုတ်ပေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် သြဂုတ်လ (၂)ရက်နေ့မှစ၍ စတင်လိုက်ကာ အပတ်စဉ် ကျေးရွာများကို အလှည့်ကျကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ ကျော်ဇင်ဟိန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများတွင် စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ကွင်းဆင်းစိစစ် ထုတ်ပေးရေး စတင်ဆောင်ရွက်နေ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကဒ်များ ကျေးရွာများသို့ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်သည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သြဂုတ်လ (၂)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် အခြေပြုပြီး ဆီလီငေါ့ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအား နိုင်ငံသားစိစစ်ရေးကဒ်များ လျှောက်ထားခြင်းအား လက်ခံပြီးစိစစ်နေပြီဖြစ်သည်။

“ဆီလီငေါ့ကျေးရွာဆင်းတယ်ဆိုပေမဲ့ အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ယန်းကျောက်တို့၊ ယန်းခမ်း(၁)၊ (၂)တို့၊ ဟိုယန်းတို့အနီးဝန်းကျင်ကျေးရွာတွေက လာကြတယ်။ အနီးဝန်းကျင်က (၇)ရွာ၊ (၈)ရွာလောက် လာကြတယ်။ ဒီညနေအထိ လုပ်လို့မပြီးသေးဘူးဆိုရင်တော့ ဆက်ဆင်းပေးရမယ်။ ဒီကနေပြီးရင် မောတွီရွာဘက်ပေါ့။ တောက်လျှောက် ဆင်းပေးသွားပါမယ်။ တစ်ပတ်မှာ တစ်ခါဆင်းပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုင်းစံတစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆီလီငေါ့ကျေးရွာကိုအခြေပြု၍ အနီးဝန်းကျင်ကျေးရွာများကိုပါ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးနေရာ နေ့လယ် (၁)နာရီအချိန်ထိ ဒေသခံ (၉၀)ဦးနီးပါး နိုင်ငံသားစိစစ်ရေးကဒ် လာရောက်လျှောက်ထားပြီးဖြစ်ကြောင်း တာချီလိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုင်းစံတစ်ထံမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ကွင်းဆင်းစိစစ်ထုတ်ပေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်တွင် သြဂုတ်လ (၂)ရက်နေ့မှစ၍ စတင်လိုက်ကာ အပတ်စဉ် ကျေးရွာများကို အလှည့်ကျကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောငး် သိရသည်။

Tachileik News Agency
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net