ဂုတ္တြင္းတံတားမိုင္းခြဲခံရ၍ ပိတ္မိေနသည့္ အရပ္ဖက္ေမာ္ေတာ္ယာဥ္မ်ား ထြက္လာႏုိင္ရန္ အစားထိုးတံတား အျမန္တည္ေဆာက္ေပးမည္

ဂုတ္တြင္းတံတားမိုင္းခြဲခံရ၍ ပိတ္မိေနသည့္ အရပ္ဖက္ေမာ္ေတာ္ယာဥ္မ်ား ထြက္လာႏုိင္ရန္ အစားထိုးတံတား အျမန္တည္ေဆာက္ေပးမည္
သြဂုတ် 15, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ၾသဂုတ္လ ၁၅ ရက္ နံနက္ပိုင္းက TNLA  လက္နက္ကိုင္တပ္ဖြဲ႔ႏွင့္ တပ္မေတာ္တို႔ ထိေတြ႔တိုက္ခိုက္မႈအတြင္း မိုင္းခြဲတိုက္ခိုက္ခံရသည့္ ဂုတ္တြင္းလမ္းရွိတံတားမွာ ျဖတ္သန္းသြားလာရန္ မျဖစ္ႏိုင္ေတာ့သည့္အတြက္ အစားထိုးတံတား အလ်င္အျမန္တည္ေဆာက္ေပးႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္း အဆိုပါ လမ္းပိုင္းအား တာဝန္ယူထားသည့္ Oreintal Highway Co.ltd တာဝန္ရွိသူထံက သိရသည္။

"ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းက တံတားဦးစီးအဖြဲ႔ေတြ အခု အဲဒီေနရာကို လာေနၾကပါၿပီ။ တံတားက ျဖတ္သန္းသြားလာလို႔မရေတာ့တဲ့အတြက္ ေဒသအေျခအေနတည္ၿငိမ္သြားတာနဲ႔ အစားထိုးတံတားတစ္ခု အျမန္ဆံုးေဆာက္လုပ္ေပးသြားမွာပါ။  ေလာေလာဆယ္ အဲဒီအနီးတစ္ဝိုက္ပိတ္မိေနတဲ့ ယာဥ္ေတြအားလံုး သြားႏိုင္ေအာင္ တံတားတစ္ခုအျမန္ဆံုးေဆာင္ရြက္ေပးမွာပါ။ အခုေတာ့ အေျခအေန ေကာင္းေနပါတယ္။ ပစ္ခတ္တာမရွိေတာ့့ဘူးဆိုရင္ ယာဥ္ေတြျဖတ္သြားလို႔ ရေအာင္ ခ်က္ခ်င္းစီစဥ္ေပးသြားမွာပါ" ဟု ဂုတ္တြင္းလမ္းပိုင္းအား တာဝန္ယူထားသည့္ Oreintal Highway Co.ltd မွ တာဝန္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ဂုတ္တြင္းလမ္းပိုင္းမွ ျဖတ္သန္းခြင့္တားျမစ္ထားၿပီး ေနာင္ခ်ိဳ ၿမိဳ႕ဘက္တြင္  ေက်ာက္ၾကမ္းေက်းရြာအနီး၊ ေက်ာက္မဲၿမိဳ႕ဘက္တြင္ သီေပါႏွင့္ ေက်ာက္မဲတိုးဂိတ္မ်ား၌ ကုန္တင္ယာဥ္မ်ား၊ ခရီးသည္တင္ယာဥ္မ်ားကို ရပ္နားထားေစခဲ့ျခင္းျဖစ္သည္။

ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာမ်ားတြင္ မြန္းလြဲ (၁ )နာရီဝန္းက်င္၌ ပစ္ခတ္မႈမ်ား ရပ္သြားသည့္အတြက္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ဘက္မွ လူမႈကူညီေရးယာဥ္မ်ား အစုအဖြဲ႔ျဖင့္သြားေရာက္ကာ တိုက္ပြဲအတြင္း ေသဆံုးသူမ်ားကို သယ္ယူေပးရန္ သြားေရာက္ေနၾကသည္။

"တစ္နာရီခြဲေလာက္မွာ ေက်ာက္မဲဘက္အျခမ္းက လူမႈကူညီေရးအသင္းအခ်ိဳ႕စုၿပီးေတာ့ ဂုတ္တြင္းကို ဆင္းလာ ၾကတာ။ A မိုင္းကြင္းနားမေရာက္ခင္ အသံေတြမရပ္ေသးလုိ႔ နားေနရေသးတယ္။ အခုေတာ့ Dead Body ေတြ ဆင္းေကာက္ေနတယ္။ အားလံုးဘယ္ေလာက္ဆိုတာ အတိအက်မသိရေသးဘူး" ဟု ေက်ာက္မဲဘက္ရွိ ေနာင္ပိန္ေက်းရြာမွ ကမ္းလင့္လက္မ်ားလူမႈကူညီေရး အသင္းက အသင္းသားတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

တအာင္းအဖြဲ႕(TNLA)၊ ရခုိင္အဖြဲ႕(AA)ႏွင့္ ကုိးကန္႔အဖြဲ႕(MNDAA) တုိ႔ပူးေပါင္းအဖြဲ႕က ၾသဂုတ္လ (၁၅) ရက္ေန႔ နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ေက်ာင္းအား လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္း၊ ေနာင္ခ်ိဳၿမိဳ႕ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ ဂုတ္တြင္းလမ္းပိုင္းရွိ ရဲကင္းတို႔အား တုိက္ခုိက္ခဲ့သျဖင့္ တပ္မေတာ္ႏွင့္ တုိက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - မ်ိဳးသန္​႔​ေအာင္​

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဂုတ်တွင်းတံတားမိုင်းခွဲခံရ၍ ပိတ်မိနေသည့် အရပ်ဖက်မော်တော်ယာဉ်များ ထွက်လာနိုင်ရန် အစားထိုးတံတား အမြန်တည်ဆောက်ပေးမည်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းက TNLA  လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့ ထိတွေ့တိုက်ခိုက်မှုအတွင်း မိုင်းခွဲတိုက်ခိုက်ခံရသည့် ဂုတ်တွင်းလမ်းရှိတံတားမှာ ဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့သည့်အတွက် အစားထိုးတံတား အလျင်အမြန်တည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ လမ်းပိုင်းအား တာဝန်ယူထားသည့် Oreintal Highway Co.ltd တာဝန်ရှိသူထံက သိရသည်။

"ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တံတားဦးစီးအဖွဲ့တွေ အခု အဲဒီနေရာကို လာနေကြပါပြီ။ တံတားက ဖြတ်သန်းသွားလာလို့မရတော့တဲ့အတွက် ဒေသအခြေအနေတည်ငြိမ်သွားတာနဲ့ အစားထိုးတံတားတစ်ခု အမြန်ဆုံးဆောက်လုပ်ပေးသွားမှာပါ။  လောလောဆယ် အဲဒီအနီးတစ်ဝိုက်ပိတ်မိနေတဲ့ ယာဉ်တွေအားလုံး သွားနိုင်အောင် တံတားတစ်ခုအမြန်ဆုံးဆောင်ရွက်ပေးမှာပါ။ အခုတော့ အခြေအနေ ကောင်းနေပါတယ်။ ပစ်ခတ်တာမရှိတော့့ဘူးဆိုရင် ယာဉ်တွေဖြတ်သွားလို့ ရအောင် ချက်ချင်းစီစဉ်ပေးသွားမှာပါ" ဟု ဂုတ်တွင်းလမ်းပိုင်းအား တာဝန်ယူထားသည့် Oreintal Highway Co.ltd မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဂုတ်တွင်းလမ်းပိုင်းမှ ဖြတ်သန်းခွင့်တားမြစ်ထားပြီး နောင်ချို မြို့ဘက်တွင်  ကျောက်ကြမ်းကျေးရွာအနီး၊ ကျောက်မဲမြို့ဘက်တွင် သီပေါနှင့် ကျောက်မဲတိုးဂိတ်များ၌ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များကို ရပ်နားထားစေခဲ့ခြင်းဖြစ်သည်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာများတွင် မွန်းလွဲ (၁ )နာရီဝန်းကျင်၌ ပစ်ခတ်မှုများ ရပ်သွားသည့်အတွက် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်မှ လူမှုကူညီရေးယာဉ်များ အစုအဖွဲ့ဖြင့်သွားရောက်ကာ တိုက်ပွဲအတွင်း သေဆုံးသူများကို သယ်ယူပေးရန် သွားရောက်နေကြသည်။

"တစ်နာရီခွဲလောက်မှာ ကျောက်မဲဘက်အခြမ်းက လူမှုကူညီရေးအသင်းအချို့စုပြီးတော့ ဂုတ်တွင်းကို ဆင်းလာ ကြတာ။ A မိုင်းကွင်းနားမရောက်ခင် အသံတွေမရပ်သေးလို့ နားနေရသေးတယ်။ အခုတော့ Dead Body တွေ ဆင်းကောက်နေတယ်။ အားလုံးဘယ်လောက်ဆိုတာ အတိအကျမသိရသေးဘူး" ဟု ကျောက်မဲဘက်ရှိ နောင်ပိန်ကျေးရွာမှ ကမ်းလင့်လက်များလူမှုကူညီရေး အသင်းက အသင်းသားတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ပူးပေါင်းအဖွဲ့က သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နောင်ချိုမြို့ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းလမ်းပိုင်းရှိ ရဲကင်းတို့အား တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - မျိုးသန်​့​အောင်​

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net