ထုိင္းႏိုင္ငံသို႔ ေလယာဥ္တစ္ဆင့္ေျပာင္းလဲစီးနင္းမည့္ ထုိင္းလုပ္သားတစ္ဦး ေမာ္စကိုေလဆိပ္တြင္ ႏွစ္ပတ္ၾကာေပ်ာက္ဆံုး

ထုိင္းႏိုင္ငံသို႔ ေလယာဥ္တစ္ဆင့္ေျပာင္းလဲစီးနင္းမည့္ ထုိင္းလုပ္သားတစ္ဦး ေမာ္စကိုေလဆိပ္တြင္ ႏွစ္ပတ္ၾကာေပ်ာက္ဆံုး
သြဂုတ် 1, 2019
By 🌸
ဟန္ေဂရီတြင္ အလုပ္လုပ္ေနရာမွ ေနရပ္ျပန္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦး ေလယာဥ္ခရီးစဥ္ တစ္ဆင့္ေျပာင္းလဲစီးနင္းရန္ ရုရွားႏုိင္ငံ ၿမိဳ႕ေတာ္ ေမာ္စကိုႏုိင္ငံတကာေလဆိပ္သို႔ေရာက္ရိွစဥ္ ေပ်ာက္ဆံုးေနရာမွ ႏွစ္ပတ္အၾကာတြင္ ေလဆိပ္အနီးဝန္းက်င္မွ ျပန္ေတြ႔ရေၾကာင္း သိရသည္။

အသက္(၃၆)ႏွစ္အရြယ္ ႏြမ္ခိုင္၏ ခရီးေဆာင္အိတ္မ်ားမွာ ဟန္ေဂရီမွ ထုိင္းႏုိင္ငံသို႔ ေလယာဥ္ခရီးစဥ္ ႏွစ္ဆင့္စီးနင္းရမည္ျဖစ္ရာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၅)ရက္ေန႔က ေမာ္စကိုေလဆိပ္အေရာက္တြင္ ပတ္စပို႔ေပ်ာက္ဆံုးသြားၿပီး အျခားဘာသာစကားလည္း မေျပာတတ္သျဖင့္ အကူအညီေတာင္းရန္ အခက္အခဲျဖစ္ခဲ့ရေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ မိသားစုမွာ ႏြမ္ခိုင္ပါမလာဘဲ ခရီးေဆာင္အိတ္မ်ားသာေရာက္လာၿပီး အဆက္အသြယ္ျပတ္ေတာက္သြားသျဖင့္ တာဝန္ရိွသူမ်ားႏွင့္ အမ်ားျပည္သူမ်ားထံ လူေပ်ာက္အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ဇြန္လ (၃၀)ရက္ေန႔ညပိုင္းက ေမာ္စကိုရိွ ထုိင္းသံရံုးက ႏြမ္ခုိင္၏မိသားစုထံ ဖုန္းဆက္သြယ္လာၿပီး ေပ်ာက္ဆံုးေနသူအား ေတြ႔ထားၿပီျဖစ္ေၾကာင္း အေၾကာင္းၾကားလာသည္ဟု သိရသည္။

ႏြမ္ခုိင္သည္ ဘာသာစကားအခက္အခဲရိွသျဖင့္ ၎၏ျပႆနာကို အကူအညီမေတာင္းႏိုင္ေသာ္လည္း ေလဆိပ္အနီးဝန္းက်င္တြင္ ေနထုိင္သူမ်ားကို ကူညီလုပ္ကိုင္ေပးၿပီး အစားအေသာက္၊ ေနစရာႏွင့္ အဝတ္အစားမ်ားရရန္ ႀကိဳးစားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ေလဆိပ္အနီးမွရင္းႏွီးသြားသည့္လူမ်ားအား ၎သည္ထုိင္းလူမ်ိဳးျဖစ္ၿပီး သံရံုးသို႔ဆက္သြယ္ႏုိင္ရန္ အကူအညီေပးၾကရန္ ႀကိဳးစားရွင္းလင္းခဲ့ရာမွ ထုိင္းသံရံုးႏွင့္ အဆက္အသြယ္ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေမာ္စကိုရိွ ထုိင္းသံရံုးက အဆိုပါထိုင္းလုပ္သားအား ေခၚေဆာင္ျပီး လုိအပ္သည္မ်ားလုပ္ေဆာင္ေပးေနေသာ္လည္း ရုရွားႏုိင္ငံတြင္ ေနထုိင္ခြင့္မရိွဘဲ (၁၅)ရက္ၾကာေနထိုင္မႈျဖင့္ အေရးယူခံရၿပီးမွ ေနရပ္ျပန္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ရုရွားႏုိင္ငံတြင္ အမႈရင္ဆုိင္စဥ္အတြင္း ကုန္က်စရိတ္မ်ားကို အလုပ္သမားဝန္ႀကီးဌာနက လႊဲေျပာင္းမယူမီ သံရံုးက တာဝန္ယူေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံသို့ လေယာဉ်တစ်ဆင့်ပြောင်းလဲစီးနင်းမည့် ထိုင်းလုပ်သားတစ်ဦး မော်စကိုလေဆိပ်တွင် နှစ်ပတ်ကြာပျောက်ဆုံး
**************
ဟန်ဂေရီတွင် အလုပ်လုပ်နေရာမှ နေရပ်ပြန်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး လေယာဉ်ခရီးစဉ် တစ်ဆင့်ပြောင်းလဲစီးနင်းရန် ရုရှားနိုင်ငံ မြို့တော် မော်စကိုနိုင်ငံတကာလေဆိပ်သို့ရောက်ရှိစဉ် ပျောက်ဆုံးနေရာမှ နှစ်ပတ်အကြာတွင် လေဆိပ်အနီးဝန်းကျင်မှ ပြန်တွေ့ရကြောင်း သိရသည်။

အသက်(၃၆)နှစ်အရွယ် နွမ်ခိုင်၏ ခရီးဆောင်အိတ်များမှာ ဟန်ဂေရီမှ ထိုင်းနိုင်ငံသို့ လေယာဉ်ခရီးစဉ် နှစ်ဆင့်စီးနင်းရမည်ဖြစ်ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့က မော်စကိုလေဆိပ်အရောက်တွင် ပတ်စပို့ပျောက်ဆုံးသွားပြီး အခြားဘာသာစကားလည်း မပြောတတ်သဖြင့် အကူအညီတောင်းရန် အခက်အခဲဖြစ်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မိသားစုမှာ နွမ်ခိုင်ပါမလာဘဲ ခရီးဆောင်အိတ်များသာရောက်လာပြီး အဆက်အသွယ်ပြတ်တောက်သွားသဖြင့် တာဝန်ရှိသူများနှင့် အများပြည်သူများထံ လူပျောက်အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဇွန်လ (၃၀)ရက်နေ့ညပိုင်းက မော်စကိုရှိ ထိုင်းသံရုံးက နွမ်ခိုင်၏မိသားစုထံ ဖုန်းဆက်သွယ်လာပြီး ပျောက်ဆုံးနေသူအား တွေ့ထားပြီဖြစ်ကြောင်း အကြောင်းကြားလာသည်ဟု သိရသည်။

နွမ်ခိုင်သည် ဘာသာစကားအခက်အခဲရှိသဖြင့် ၎င်း၏ပြဿနာကို အကူအညီမတောင်းနိုင်သော်လည်း လေဆိပ်အနီးဝန်းကျင်တွင် နေထိုင်သူများကို ကူညီလုပ်ကိုင်ပေးပြီး အစားအသောက်၊ နေစရာနှင့် အဝတ်အစားများရရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ယင်းနောက် လေဆိပ်အနီးမှရင်းနှီးသွားသည့်လူများအား ၎င်းသည်ထိုင်းလူမျိုးဖြစ်ပြီး သံရုံးသို့ဆက်သွယ်နိုင်ရန် အကူအညီပေးကြရန် ကြိုးစားရှင်းလင်းခဲ့ရာမှ ထိုင်းသံရုံးနှင့် အဆက်အသွယ်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မော်စကိုရှိ ထိုင်းသံရုံးက အဆိုပါထိုင်းလုပ်သားအား ခေါ်ဆောင်ပြီး လိုအပ်သည်များလုပ်ဆောင်ပေးနေသော်လည်း ရုရှားနိုင်ငံတွင် နေထိုင်ခွင့်မရှိဘဲ (၁၅)ရက်ကြာနေထိုင်မှုဖြင့် အရေးယူခံရပြီးမှ နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် အမှုရင်ဆိုင်စဉ်အတွင်း ကုန်ကျစရိတ်များကို အလုပ်သမားဝန်ကြီးဌာနက လွှဲပြောင်းမယူမီ သံရုံးက တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net