
သွဂုတျ 2, 2019
By 🌸
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပေါက်ကွဲမှုများကြောင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေရာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် စာရွက်စာတမ်းအထောက်အထားများ ကိုယ်နှင့်တပါတည်း ယူဆောင် ထားကြရန်နှင့် လုံခြုံရေးအရစစ်ဆေးချက်များကို ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအလုပ်သမား သံအရာရှိရုံးက တိုက်တွန်းထားသည်။

ဘန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းက နေရာ (၃)ခုတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများနှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်နေစဉ်ကာလအတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့နှင့် သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများအား ကိုယ်နှင့်တပါတည်း ယူဆောင်သွားကြရန်နှင့် တာဝန်ရှိသူများ၏ လုံခြုံရေးအရ စစ်ဆေးခြင်းများကို ပူပေါင်း ဆောင်ရွက်ပေးကြရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားခြင်းဖြစ်သည်။

Tachileik News Agency
Photo: Coconut

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဘန်ကောက် ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတိုးမြှင့်ထားသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အထောက်အထားမဲ့ သွားလာခြင်းမပြုရန် အလုပ်သမားသံအရာရှိရုံး သတိပေး
*****************
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပေါက်ကွဲမှုများကြောင့် လုံခြံုရေးတိုးမြှင့်ဆောင်ရွက်နေရာ ထိုင်းနို်င်ငံရောက် မြန်မာလုပ်သားများအနေဖြင့် စာရွက်စာတမ်းအထောက်အထားများ ကိုယ်နှင့်တပါတည်း ယူဆောင် ထားကြရန်နှင့် လုံခြံုရေးအရစစ်ဆေးချက်များကို ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအလုပ်သမား သံအရာရှိရုံးက တိုက်တွန်းထားသည်။

ဘန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းက နေရာ (၃)ခုတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် လုံခြံုရေးတိုးမြှင့်ဆောင်ရွက်ရန် ဝန်ကြီးချုပ်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများနှင့်ပတ်သက်၍ စစ်ဆေးမှုများဆောင်ရွက်နေစဉ်ကာလအတွင်း လုံခြံုရေးတိုးမြှင့် ဆောင်ရွက်ထားမည်ဖြစ်ရာ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့နှင့် သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများအား ကိုယ်နှင့်တပါတည်း ယူဆောင်သွားကြရန်နှင့် တာဝန်ရှိသူများ၏ လုံခြံုရေးအရ စစ်ဆေးခြင်းများကို ပူပေါင်း ဆောင်ရွက်ပေးကြရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားခြင်းဖြစ်သည်။

Tachileik News Agency
Photo: Coconut

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net