မြန္ျပည္နယ္ သဲျဖဴကုန္းရြာတြင္ ေတာင္ၿပိဳ၍ ေျမေအာက္ျမဳပ္သြားသူမ်ားအား တတိယေန႔ ရွာေဖြမႈကို ကယ္ဆယ္ေရးအထူးတပ္ဖြဲ႕ႏွင့္ နည္းပညာမ်ား ထပ္ျဖည့္ေဆာင္ရြက္ေန

မြန္ျပည္နယ္ သဲျဖဴကုန္းရြာတြင္ ေတာင္ၿပိဳ၍ ေျမေအာက္ျမဳပ္သြားသူမ်ားအား တတိယေန႔ ရွာေဖြမႈကို ကယ္ဆယ္ေရးအထူးတပ္ဖြဲ႕ႏွင့္ နည္းပညာမ်ား ထပ္ျဖည့္ေဆာင္ရြက္ေန
သြဂုတ် 11, 2019
By 🌸
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာတြင္ ေတာင္ၿပိဳက်၍ ေျမေအာက္နစ္ျမဳပ္သြားသည့္ေနရာတြင္ ရွာေဖြကယ္ဆယ္ေရးတတိယေျမာက္ေန႔အျဖစ္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၁)ရက္ေန႔က ရွာေဖြကယ္ဆယ္ေရး အထူးတပ္ဖြဲ႕ႏွင့္ နည္းပညာအားျဖည့္ၿပီး ေဆာင္ရြက္ေနရာ ညေန (၆)နာရီ (၁၃)မိနစ္အထိ ရုပ္အေလာင္း (၄)ခုထပ္ေတြ႔၍ ေသဆံုးသူ (၅၂)ဦးအထိ တိုးလာၿပီျဖစ္သည္။

ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ုပ္နွင့္ ရန္ကုန္တိုင္းေဒသႀကီးမီးသတ္ဦးစီးမွဴးရံုးမွ ရွာေဖြကယ္ဆယ္ေရး အထူးတပ္ဖြဲ့ဝင္မ်ားသည္ Thermal Imaging Camera (TIC) ႏွင့္ LEADER Hasty နည္းပညာပစၥည္းမ်ားအသံုးျပဳ၍ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ လူမွုကူညီေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံျပည္သူမ်ားနွင့္ ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို တတိယေျမာက္ေန႔အျဖစ္ ေဆာင္ရြက္ျခင္းျဖစ္သည္။

အဆိုပါေျမၿပိဳမႈအတြင္းမွ အသက္ရွင္လွ်က္ (၂၉)ဦးကို ကယ္တင္ထားႏုိင္ခဲ့ၿပီး ေျမေအာက္ျမဳပ္ေနသည္မ်ားကို ဆက္လက္ရွာေဖြေနျခင္းျဖစ္သည္။

သဲျဖဴကုန္းေက်းရြာတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၉)ရက္ေန႔ နံနက္(၇)နာရီဝန္းက်င္က ေျမၿပိဳၿပီး လူေနရပ္ကြက္အား ဖံုးလႊမ္းသြားသျဖင့္ ေျမဖံုးေနသည့္ေအာက္မွ အသက္ရွင္က်န္ရစ္သူမ်ားႏွင့္ ရုပ္အေလာင္းမ်ားကို ရွာေဖြကယ္ဆယ္ေနရာသို႔ အမ်ိဳးသားသဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီအဖြဲ႕ ဥကၠဌ ၊ ဒုတိယသမၼတ(၂) ဦးဟင္နရီဗန္ထီးယူ၊ လူကယ္ျပန္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ား ပါဝင္ေသာအဖြဲ႕က ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ သြားေရာက္ၿပီး ကယ္ဆယ္ေရးအတြက္ လိုအပ္သည္မ်ား ထပ္ျဖည့္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo MFSD

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ် သဲဖြူကုန်းရွာတွင် တောင်ပြို၍ မြေအောက်မြုပ်သွားသူများအား တတိယနေ့ ရှာဖွေမှုကို ကယ်ဆယ်ရေးအထူးတပ်ဖွဲ့နှင့် နည်းပညာများ ထပ်ဖြည့်ဆောင်ရွက်နေ
********
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုကျ၍ မြေအောက်နစ်မြုပ်သွားသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးတတိယမြောက်နေ့အဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့က ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့နှင့် နည်းပညာအားဖြည့်ပြီး ဆောင်ရွက်နေရာ ညနေ (၆)နာရီ (၁၃)မိနစ်အထိ ရုပ်အလောင်း (၄)ခုထပ်တွေ့၍ သေဆုံးသူ (၅၂)ဦးအထိ တိုးလာပြီဖြစ်သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များသည် Thermal Imaging Camera (TIC) နှင့် LEADER Hasty နည်းပညာပစ္စည်းများအသုံးပြု၍ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တတိယမြောက်နေ့အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါမြေပြိုမှုအတွင်းမှ အသက်ရှင်လျှက် (၂၉)ဦးကို ကယ်တင်ထားနိုင်ခဲ့ပြီး မြေအောက်မြုပ်နေသည်များကို ဆက်လက်ရှာဖွေနေခြင်းဖြစ်သည်။

သဲဖြူကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်က မြေပြိုပြီး လူနေရပ်ကွက်အား ဖုံးလွှမ်းသွားသဖြင့် မြေဖုံးနေသည့်အောက်မှ အသက်ရှင်ကျန်ရစ်သူများနှင့် ရုပ်အလောင်းများကို ရှာဖွေကယ်ဆယ်နေရာသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ ဥက္ကဌ ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့က သြဂုတ်လ (၁၀)ရက်နေ့တွင် သွားရောက်ပြီး ကယ်ဆယ်ရေးအတွက် လိုအပ်သည်များ ထပ်ဖြည့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo MFSD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net