ေပါင္ၿမိဳ႕နယ္ သံျဖဴရပ္ကြက္တြင္ ေတာင္ၿပိဳသည့္ေနရာအား ဒုတိယေျမာက္ေန႔ ရွာေဖြမႈတြင္ ေသဆံုးသူ (၄၁)ဦးအထိ တိုးလာ

ေပါင္ၿမိဳ႕နယ္ သံျဖဴရပ္ကြက္တြင္ ေတာင္ၿပိဳသည့္ေနရာအား ဒုတိယေျမာက္ေန႔ ရွာေဖြမႈတြင္ ေသဆံုးသူ (၄၁)ဦးအထိ တိုးလာ
သြဂုတ် 10, 2019
By 🌸
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်းရြာ၊ သံျဖဴရပ္ကြက္တြင္ မိုးသည္းထန္၍ ေတာင္ၿပိဳက်သည့္ ေနရာတြင္ ဒုတိယေျမာက္ေန႔အျဖစ္ ၾသဂုတ္လ (၁၀)ရက္ေန႔က ရွာေဖြေနရာ ည(၈)နာရီခြဲအခ်ိန္ထိ ေသဆံုးသူ (၄၁)ဦးအထိတိုးလာၿပီး ႏြားတစ္ေကာင္ႏွင့္ လူ (၂၉)ေယာက္ကို အသက္ရွင္လ်က္ ကယ္တင္ထားႏုိင္ေၾကာင္း သိရသည္။

ေျမၿပိဳက်မူျဖစ္ပြားသည့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၉)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္မွစ၍ မြန္ျပည္နယ္မီးသတ္ဦးစီးဌာနမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္(၇၀)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၄၀)ဦးႏွင့္ ကရင္ျပည္နယ္မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ (၃၅)ဦးစုစုေပါင္း(၁၄၅)ဦးတို့က ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

မြန္ျပည္နယ္အတြင္း ေပါင္ၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ၊ မုဒံုၿမိဳ႕နယ္ ၊ က်ဳိက္မေရာၿမိဳ႕နယ္ ၊ သံျဖဴဇရပ္ၿမိဳ႕နယ္ႏွင့္ ေရးၿမိဳ႕နယ္တို႔တြင္ မိုးေရခ်ိန္မ်ားျပားၿပီး ေရႀကီးနစ္ျမဳပ္မႈမ်ားေၾကာင့္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ား ဖြင့္လွစ္ထားရသည့္အျပင္ ေရႀကီး၍လမ္းမ်ားၿပိဳက်ပ်က္စီးကာ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ျခင္း၊ ေပါင္ၿမိဳ႕နယ္အတြင္း အေဝးေျပးလမ္းမႀကီးတေလွ်ာက္ (၂)ေနရာတြင္ ေတာင္ၿပိဳျခင္းေၾကာင့္ ေတာင္ေျခရိွေက်းရြာမ်ားမွ လူေနအိမ္မ်ားႏွင့္ လမ္းမေပၚရိွ ေမာ္ေတာ္ယာဥ္မ်ား နစ္ျမဳပ္သြားခဲ့သျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနရျခင္းျဖစ္သည္။

Tachileik News Agency
Photo: ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပေါင်မြို့နယ် သံဖြူရပ်ကွက်တွင် တောင်ပြိုသည့်နေရာအား ဒုတိယမြောက်နေ့ ရှာဖွေမှုတွင် သေဆုံးသူ (၄၁)ဦးအထိ တိုးလာ
*************
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်တွင် မိုးသည်းထန်၍ တောင်ပြိုကျသည့် နေရာတွင် ဒုတိယမြောက်နေ့အဖြစ် သြဂုတ်လ (၁၀)ရက်နေ့က ရှာဖွေနေရာ ည(၈)နာရီခွဲအချိန်ထိ သေဆုံးသူ (၄၁)ဦးအထိတိုးလာပြီး နွားတစ်ကောင်နှင့် လူ (၂၉)ယောက်ကို အသက်ရှင်လျက် ကယ်တင်ထားနိုင်ကြောင်း သိရသည်။

မြေပြိုကျမူဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်မှစ၍ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦးနှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးစုစုပေါင်း(၁၄၅)ဦးတို့က ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ် ၊ မုဒုံမြို့နယ် ၊ ကျိုက်မရောမြို့နယ် ၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မိုးရေချိန်များပြားပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည့်အပြင် ရေကြီး၍လမ်းများပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ပေါင်မြို့နယ်အတွင်း အဝေးပြေးလမ်းမကြီးတလျှောက် (၂)နေရာတွင် တောင်ပြိုခြင်းကြောင့် တောင်ခြေရှိကျေးရွာများမှ လူနေအိမ်များနှင့် လမ်းမပေါ်ရှိ မော်တော်ယာဉ်များ နစ်မြုပ်သွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်သည်။

Tachileik News Agency
Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net