မေကြးၿမိဳ႕တြင္ ညပိုင္း၌ ဓားထိုးမႈမ်ားျဖစ္ေနသည္ဟု လူမႈကြန္ယက္တြင္ ေကာလဟာလျဖန္႔ေန၍ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲက်င္းပရ

မေကြးၿမိဳ႕တြင္ ညပိုင္း၌ ဓားထိုးမႈမ်ားျဖစ္ေနသည္ဟု လူမႈကြန္ယက္တြင္ ေကာလဟာလျဖန္႔ေန၍ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲက်င္းပရ
သြဂုတ် 2, 2019
By 🌸
မေကြးၿမိဳ႕ ကန္သာရပ္ကြက္၊ အ.ထ.က(၁)လမ္းရိွ ကန္သာကန္ေဘာင္အနီးတြင္ ညဥ္႔နက္အခ်ိန္ ဓားထိုးမႈ၊ လူသတ္မႈမ်ား ျဖစ္ပြားေနသည္ဟု Facebook လူမႈကြန္ယက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ေနၿပီး ေဒသခံမ်ား စိုးရိမ္မႈမ်ားျဖစ္ေန၍ ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂)ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲ က်င္းပသည္။

 “ဇူလိုင္လ (၂၈) ရက္ည သန္းေခါင္ေက်ာ္အခ်ိန္ ကန္သာကန္ေဘာင္အနီးမွာ ျဖစ္ပြားခဲ့တာက လူေသမႈပါ။ Facebook လူမႈကြန္ယက္မွာ တင္ေနၾကသလို လူသတ္ၿပီး ခ်ထားခဲ့တယ္ဆိုတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ကိုယ္တိုင္ ဦးေဆာင္ၿပီး စခန္းမွဴးနဲ႔ အမႈစစ္တို႔က ေသဆံုးသူရဲ႕ လုပ္ငန္းလုပ္ဖက္ေတြ၊ သူငယ္ခ်င္းအေပါင္း အသင္းေတြ၊ အရက္ေသာက္ေဖာ္ေသာက္ဖက္ေတြ၊ စုစုေပါင္း (၁၆) ေယာက္နဲ႔ သူတို႔ သြားလာခဲ့ရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာရိွတဲ့ CCTV မွတ္တမ္းေတြ ကို စစ္ေဆးေထာက္လွမ္းခ်က္ေတြအရရယ္၊ ေတြ႔ရိွရတဲ့ ဒဏ္ရာအေျခအေနေတြအရ စက္တပ္ယာဥ္တစ္ခုခုေပၚကေန ျပဳတ္က်ေသဆံုးရတာျဖစ္တယ္လို႔ သံုးသပ္ခဲ့ၿပီး ေဖာ္ထုတ္ရရိွခဲ့တဲ့ ဆိုင္ကယ္ယာဥ္ေမာင္းကလည္း ဝန္ခံထြက္ဆိုခဲ့တာေၾကာင့္ လူသတ္မႈမဟုတ္ဘဲ လူေသမႈသာျဖစ္တယ္ဆိုတာ ေပၚေပါက္ပါတယ္” ဟု မေကြးၿမိဳ႕ နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေငြတင္က CCTV မွတ္တမ္းမ်ားကို ျပသ၍ရွင္းလင္း ေျပာၾကားသည္။

အဆိုပါကန္သာကန္ေဘာင္တြင္ ဇူလိုင္လ(၂၈)ရက္ ညပိုင္းက ဓားထိုးမႈျဖစ္ပြားခဲ့သည္ဟု Facebook လူမႈကြန္ယက္တြင္ ေရးသားေနၾကေသာ္လည္း ဓါးထိုးမႈျဖစ္သည္ဟု ရဲစခန္းသို႔ တုိင္ၾကားလာျခင္းမရိွေၾကာင္း ၿမိဳ႕မရဲစခန္းမွဴး က ေျပာသည္။

“ၿမိဳ႕မရဲစခန္းက တစ္ဖဲြ႔၊ နယ္ေျမရဲစခန္းက တစ္ဖဲြ႔၊ တိုင္းရဲအကူတပ္ဖဲြ႔ခဲြက တစ္ဖဲြ႔၊ တိုင္းရဲတပ္ဖဲြ႔မွဴးရံုးက တစ္ဖဲြ႔၊ အားလံုး(၄)ဖဲြ႔နဲ႔ ၿမိဳ႕ေပၚကို ညပိုင္းမွာ လွည့္ကင္းေတြနဲ႔ စိုးမိုးေဆာင္ရြက္ေနတာပါ။ ကန္သာကန္ေဘာင္အနီးမွာ မသြားရဲမလာရဲျဖစ္ေလာက္ေအာင္ Facebook လူမႈကြန္ယက္ေတြမွာ တင္ထားၾကသလို ဓားထိုးမႈျဖစ္စဥ္ေတြ လူသတ္မႈျဖစ္စဥ္ေတြ မရိွပါဘူး။ ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႔ ေၾကာက္လန္႔ေနၾကမယ့္အေျခအေနမ်ိဳး မေရာက္ရိွရေအာင္ ရွင္းလင္းရတာျဖစ္ပါတယ္”ဟု ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး မိုးေဇာ္ႏိုင္က ေျပာသည္။

ကန္သာကန္ေဘာင္တြင္ ဇူလုိင္လ (၂၉)ရက္ေန႔ နံနက္(၁)နာရီေက်ာ္ဝန္းက်င္က မေကြးၿမိဳ႕ ရန္ေက်ာ္(၁၂)လမ္းမွ ေဇာ္မင္းသိန္း ေသဆံုးရျခင္းမွာ တစ္ရပ္ကြက္တည္းေန ေက်ာ္မိုးထြန္း၏ဆုိင္ကယ္ေနာက္တြင္ လုိက္ပါစီးနင္းရင္း ျပဳတ္က်ေသဆံုးျခင္းျဖစ္သည္ကို ေဖၚထုတ္ေတြ႕ရိွရေၾကာင္း သိရသည္။

ေဇာ္မင္းသိန္း၏အေလာင္းအား မေကြးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ပို႔စစ္ထားရာ ဆရာဝန္ေဆးစာျပန္ၾကားလာျခင္း မရိွေသးသျဖင့္ မေကြးၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၁၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့တွင် ညပိုင်း၌ ဓားထိုးမှုများဖြစ်နေသည်ဟု လူမှုကွန်ယက်တွင် ကောလဟာလဖြန့်နေ၍ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲကျင်းပရ
**************
မကွေးမြို့ ကန်သာရပ်ကွက်၊ အ.ထ.က(၁)လမ်းရှိ ကန်သာကန်ဘောင်အနီးတွင် ညဉ့်နက်အချိန် ဓားထိုးမှု၊ လူသတ်မှုများ ဖြစ်ပွားနေသည်ဟု Facebook လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ဒေသခံများ စိုးရိမ်မှုများဖြစ်နေ၍ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။

 “ဇူလိုင်လ (၂၈) ရက်ည သန်းခေါင်ကျော်အချိန် ကန်သာကန်ဘောင်အနီးမှာ ဖြစ်ပွားခဲ့တာက လူသေမှုပါ။ Facebook လူမှုကွန်ယက်မှာ တင်နေကြသလို လူသတ်ပြီး ချထားခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင် ဦးဆောင်ပြီး စခန်းမှူးနဲ့ အမှုစစ်တို့က သေဆုံးသူရဲ့ လုပ်ငန်းလုပ်ဖက်တွေ၊ သူငယ်ချင်းအပေါင်း အသင်းတွေ၊ အရက်သောက်ဖော်သောက်ဖက်တွေ၊ စုစုပေါင်း (၁၆) ယောက်နဲ့ သူတို့ သွားလာခဲ့ရာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ CCTV မှတ်တမ်းတွေ ကို စစ်ဆေးထောက်လှမ်းချက်တွေအရရယ်၊ တွေ့ရှိရတဲ့ ဒဏ်ရာအခြေအနေတွေအရ စက်တပ်ယာဉ်တစ်ခုခုပေါ်ကနေ ပြုတ်ကျသေဆုံးရတာဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး ဖော်ထုတ်ရရှိခဲ့တဲ့ ဆိုင်ကယ်ယာဉ်မောင်းကလည်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် လူသတ်မှုမဟုတ်ဘဲ လူသေမှုသာဖြစ်တယ်ဆိုတာ ပေါ်ပေါက်ပါတယ်” ဟု မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က CCTV မှတ်တမ်းများကို ပြသ၍ရှင်းလင်း ပြောကြားသည်။

အဆိုပါကန်သာကန်ဘောင်တွင် ဇူလိုင်လ(၂၈)ရက် ညပိုင်းက ဓားထိုးမှုဖြစ်ပွားခဲ့သည်ဟု Facebook လူမှုကွန်ယက်တွင် ရေးသားနေကြသော်လည်း ဓါးထိုးမှုဖြစ်သည်ဟု ရဲစခန်းသို့ တိုင်ကြားလာခြင်းမရှိကြောင်း မြို့မရဲစခန်းမှူး က ပြောသည်။

“မြို့မရဲစခန်းက တစ်ဖွဲ့၊ နယ်မြေရဲစခန်းက တစ်ဖွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲက တစ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တစ်ဖွဲ့၊ အားလုံး(၄)ဖွဲ့နဲ့ မြို့ပေါ်ကို ညပိုင်းမှာ လှည့်ကင်းတွေနဲ့ စိုးမိုးဆောင်ရွက်နေတာပါ။ ကန်သာကန်ဘောင်အနီးမှာ မသွားရဲမလာရဲဖြစ်လောက်အောင် Facebook လူမှုကွန်ယက်တွေမှာ တင်ထားကြသလို ဓားထိုးမှုဖြစ်စဉ်တွေ လူသတ်မှုဖြစ်စဉ်တွေ မရှိပါဘူး။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ကြောက်လန့်နေကြမယ့်အခြေအနေမျိုး မရောက်ရှိရအောင် ရှင်းလင်းရတာဖြစ်ပါတယ်”ဟု မြို့မရဲစခန်းမှူး ဒုရဲမှူး မိုးဇော်နိုင်က ပြောသည်။

ကန်သာကန်ဘောင်တွင် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်(၁)နာရီကျော်ဝန်းကျင်က မကွေးမြို့ ရန်ကျော်(၁၂)လမ်းမှ ဇော်မင်းသိန်း သေဆုံးရခြင်းမှာ တစ်ရပ်ကွက်တည်းနေ ကျော်မိုးထွန်း၏ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းရင်း ပြုတ်ကျသေဆုံးခြင်းဖြစ်သည်ကို ဖေါ်ထုတ်တွေ့ရှိရကြောင်း သိရသည်။

ဇော်မင်းသိန်း၏အလောင်းအား မကွေးမြို့ပြည်သူ့ဆေးရုံတွင် ပို့စစ်ထားရာ ဆရာဝန်ဆေးစာပြန်ကြားလာခြင်း မရှိသေးသဖြင့် မကွေးမြို့မရဲစခန်းက ယာဉ်(ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net