လားရိႈးၿမိဳ႕ဝန္းက်င္တြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ား မရိွေတာ့ေသာ္လည္း လံုၿခံဳေရးတိုးျမႇင့္ထား

လားရိႈးၿမိဳ႕ဝန္းက်င္တြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ား မရိွေတာ့ေသာ္လည္း လံုၿခံဳေရးတိုးျမႇင့္ထား
သြဂုတ် 20, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕အနီးဝန္းက်င္တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀) ရက္ေန႔၌ ပစ္ခတ္တုိက္ခုိက္မႈမ်ား မရိွေတာ့ေသာ္လည္း ၿမိဳ႕လံုၿခံဳေရးတိုးျမႇင့္ေဆာင္ရြက္ထားသည္။

"ေဒသအေျခအေနအရ ၿမိဳ႕အတြက္ လံုၿခံဳမႈပိုရွိလာေစဖို႔ အႏၱရာယ္ကိုႀကိဳတင္ကာကြယ္မႈ လုပ္ေဆာင္ႏိုင္ဖို႔ အတြက္ (၁၉) ရက္ေန႔ ညပိုင္းကေနစၿပီးေတာ့ လံုၿခံဳေရးတိုးျမွင့္ထားမွာ ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ ညပိုင္းမွာ မိမိတို႔ေနအိမ္ေတြအတြင္းမွာပဲ ေနေစခ်င္ပါတယ္" ဟု လားရိႈးၿမိဳ႕နယ္ စီမံခန္႕ခြဲမႈေကာ္မတီဥကၠဌ၊ လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈမ်ားျဖစ္ေနၿပီး ၿမိဳ႕တြင္းတုိက္ခုိက္မႈမ်ားမရိွေသာ္လည္း လားရိႈးၿမိဳ႕၊ တာပံုေက်းရြာအနီး စစ္မႈထမ္းေဟာင္းအိမ္ရာတစ္ခုျဖစ္သည့္ ေအာင္သစၥာရပ္ကြက္တြင္ ၾသဂုတ္လ (၁၇) ရက္ေန႔က လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေနအိမ္အခ်ိဳ႕ထိခိုက္ပ်က္ဆီးခဲ့သည့္အျပင္ အသက္ (၂) ႏွစ္ခြဲကေလးႏွင့္ ကေလး၏မိခင္တို႔ ထိခိုက္ဒဏ္ရာရသြားခဲ့ၿပီး ၾသဂုတ္လ (၁၈) ရက္ေန႔ညပိုင္းက လားရိႈးၿမိဳ႕နယ္၊ ကုန္းဆာေက်းရြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆံုးခဲ့ျခင္းျဖစ္သည္။

အနီးဝန္းက်င္တြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားေန၍ တာပံု၊ ေအာင္သစၥာ၊ မတ္ခ်ီးႏုေက်းရြာမ်ားမွ တိမ္းေရွာင္လာသူ (၈၀၀)ဦးမွာ လားရိႈးၿမိဳ႕ရိွ မန္ဆူရွမ္းေက်ာင္းတြင္ ခိုလံႈေနၾကျခင္းျဖစ္သည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ လားရိႈး၊ သိန္းနီႏွင့္ ကြတ္ခိုင္ၿမိဳ႕တို႔ အနီးဝန္းက်င္တြင္ TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ား၏ ပစ္ခတ္တုိက္ခုိက္မႈမ်ားေၾကာင့္ မႏၱေလး - လားရိႈးလမ္းမွ တံတား(၁)စင္းနွင့္ သိန္းနီ-ကြမ္းလံုလမ္းပိုင္းမွ တံတား (၃) စင္းတို႔ မိုင္းခြဲတိုက္ခိုက္ခံခဲ့ရသျဖင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~

လားရှိုးမြို့ဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သော်လည်း လုံခြုံရေးတိုးမြှင့်ထား
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးဝန်းကျင်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်မှုများ မရှိတော့သော်လည်း မြို့လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားသည်။

"ဒေသအခြေအနေအရ မြို့အတွက် လုံခြုံမှုပိုရှိလာစေဖို့ အန္တရာယ်ကိုကြိုတင်ကာကွယ်မှု လုပ်ဆောင်နိုင်ဖို့ အတွက် (၁၉) ရက်နေ့ ညပိုင်းကနေစပြီးတော့ လုံခြုံရေးတိုးမြှင့်ထားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ညပိုင်းမှာ မိမိတို့နေအိမ်တွေအတွင်းမှာပဲ နေစေချင်ပါတယ်" ဟု လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီး မြို့တွင်းတိုက်ခိုက်မှုများမရှိသော်လည်း လားရှိုးမြို့၊ တာပုံကျေးရွာအနီး စစ်မှုထမ်းဟောင်းအိမ်ရာတစ်ခုဖြစ်သည့် အောင်သစ္စာရပ်ကွက်တွင် သြဂုတ်လ (၁၇) ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်ဆီးခဲ့သည့်အပြင် အသက် (၂) နှစ်ခွဲကလေးနှင့် ကလေး၏မိခင်တို့ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး သြဂုတ်လ (၁၈) ရက်နေ့ညပိုင်းက လားရှိုးမြို့နယ်၊ ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

အနီးဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်ပွားနေ၍ တာပုံ၊ အောင်သစ္စာ၊ မတ်ချီးနုကျေးရွာများမှ တိမ်းရှောင်လာသူ (၈၀၀)ဦးမှာ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန်းနီနှင့် ကွတ်ခိုင်မြို့တို့ အနီးဝန်းကျင်တွင် TNLA၊ AA နှင့် MNDAA အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မန္တလေး - လားရှိုးလမ်းမှ တံတား(၁)စင်းနှင့် သိန်းနီ-ကွမ်းလုံလမ်းပိုင်းမှ တံတား (၃) စင်းတို့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net