လားရိႈးတြင္ အရွိန္လြန္ေမာ္ေတာ္ယာဥ္တစ္စီး လမ္းေဘးမီးတုိင္ဝင္တုိက္မိၿပီး မီးေလာင္

လားရိႈးတြင္ အရွိန္လြန္ေမာ္ေတာ္ယာဥ္တစ္စီး လမ္းေဘးမီးတုိင္ဝင္တုိက္မိၿပီး မီးေလာင္
သြဂုတ် 13, 2019
By 🌸
ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၃) ရက္ေန႔ နံနက္အေစာပိုင္းက လူငယ္တစ္ဦးေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးမီးတိုင္အား ဝင္တိုက္မိၿပီး ေမာ္ေတာ္ယာဥ္ မီးေလာင္သြားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ၊ လားရိႈး - သိန္းနီလမ္းမႀကီးေပၚ၌ မန္ဆူေစ်းဘက္မွ ေရပန္းလမ္းဆံုဘက္သို႔  ေမာင္းႏွင္လာသည့္ Toyota Crown အျဖဴေရာင္ယာဥ္သည္ နံနက္(၄)နာရီဝန္းက်င္အခ်ိန္က  အရွိန္မထိန္းႏိုင္ဘဲ ဝင္တုိက္မိၿပီး မီးေလာင္သြားသျဖင့္ မီးသတ္တပ္ဖြဲ႕ႏွင့္ လားရိႈးလူငယ္မ်ား လူမႈကူညီေရးအဖြဲ႔တို႔က ကူညီေပးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ေမာင္းလာသည့္ လူငယ္မွာ သတိလစ္ေမ့ေျမာေန၍ လားရိႈးျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ယာဥ္အားမဆင္မျခင္ ေမာင္းႏွင္သည့္ ယာဥ္ေမာင္းျဖစ္သူအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃၀/ ၂၀၁၉၊ ပုဒ္မ ၂၇၉၊ ၃၃၈ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - မီးသတ္တပ္ဖြဲ႔

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးတွင် အရှိန်လွန်မော်တော်ယာဉ်တစ်စီး လမ်းဘေးမီးတိုင်ဝင်တိုက်မိပြီး မီးလောင်
*************
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ နံနက်အစောပိုင်းက လူငယ်တစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမီးတိုင်အား ဝင်တိုက်မိပြီး မော်တော်ယာဉ် မီးလောင်သွားကြောင်း သိရသည်။

လားရှိုးမြို့ ၊ လားရှိုး - သိန်းနီလမ်းမကြီးပေါ်၌ မန်ဆူစျေးဘက်မှ ရေပန်းလမ်းဆုံဘက်သို့  မောင်းနှင်လာသည့် Toyota Crown အဖြူရောင်ယာဉ်သည် နံနက်(၄)နာရီဝန်းကျင်အချိန်က  အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိပြီး မီးလောင်သွားသဖြင့် မီးသတ်တပ်ဖွဲ့နှင့် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့တို့က ကူညီပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလာသည့် လူငယ်မှာ သတိလစ်မေ့မြောနေ၍ လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ယာဉ်အားမဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းဖြစ်သူအား လားရှိုးမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၀/ ၂၀၁၉၊ ပုဒ်မ ၂၇၉၊ ၃၃၈ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net