ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတေလွ်ာက္ ၾသဂုတ္လအတြင္း လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၁၆)စီးဖမ္းမိ

ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတေလွ်ာက္ ၾသဂုတ္လအတြင္း လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၁၆)စီးဖမ္းမိ
သြဂုတ် 14, 2019
By 🌸
ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတေလွ်ာက္တြင္ တရားမဝင္ေမာ္ေတာ္ယာဥ္မ်ားအား ေရွာင္တခင္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ ဖမ္းဆီးေနရာ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္တစ္စီးကို ဖမ္းဆီးရမိၿပီး တစ္စီးမွာ ထြက္ေျပးေမာင္းႏွင္သြားေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မွ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးကို  စစ္ေဆးေနၿပီး ထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္အား ဖမ္းဆီးရမိေရးကိုလည္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အျမန္လမ္းမႀကီးတစ္ေလွ်ာက္ တရားမဝင္ယာဥ္မ်ား သြားလာမွဳကို ေရွာင္တခင္စစ္ေဆးေရးအဖြဲ ့မ်ားျဖင့္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ ့ဝင္အင္အားမ်ားျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ရာ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၁၃)ရက္ေန႔က လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၁)စီး၊ ၾသဂုတ္လ (၁၂)ရက္ေန႔က ယာဥ္တုိက္မႈျဖစ္ပြားၿပီး လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၅)စီး၊ ၾသဂုတ္လ (၁၀)ရက္ေန႔က သစ္ခိုးတင္လာသည့္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၁)စီးအပါအဝင္ (၂)စီး၊ ၾသဂုတ္လ (၉)ရက္ေန႔က (၁)စီး၊ ၾသဂုတ္လ (၈)ရက္ေန႔က သာသနာပိုင္ယာဥ္နံပါတ္ ျဖစ္သည့္ RLG နံပါတ္တပ္ယာဥ္အပါအဝင္ (၅)စီး၊ ၾသဂုတ္လ (၂)ရက္ေန႔က RLG နံပါတ္တပ္ထားသည့္ (၁)စီးတုိ႔ကို ဖမ္းဆီးရမိထားေၾကာင္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွဴးရံုးက သတင္းထုတ္ျပန္သည့္စာရင္းအရ သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတလျှောက် သြဂုတ်လအတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၁၆)စီးဖမ်းမိ
***********
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတလျှောက်တွင် တရားမဝင်မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် ဖမ်းဆီးနေရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိပြီး တစ်စီးမှာ ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့မော်တော်ယာဉ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦးကို  စစ်ဆေးနေပြီး ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

အမြန်လမ်းမကြီးတစ်လျှောက် တရားမဝင်ယာဉ်များ သွားလာမှုကို ရှောင်တခင်စစ်ဆေးရေးအဖွဲ ့များဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ ့ဝင်အင်အားများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီး၊ သြဂုတ်လ (၁၂)ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားပြီး လိုင်စင်မဲ့မော်တော်ယာဉ် (၅)စီး၊ သြဂုတ်လ (၁၀)ရက်နေ့က သစ်ခိုးတင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးအပါအဝင် (၂)စီး၊ သြဂုတ်လ (၉)ရက်နေ့က (၁)စီး၊ သြဂုတ်လ (၈)ရက်နေ့က သာသနာပိုင်ယာဉ်နံပါတ် ဖြစ်သည့် RLG နံပါတ်တပ်ယာဉ်အပါအဝင် (၅)စီး၊ သြဂုတ်လ (၂)ရက်နေ့က RLG နံပါတ်တပ်ထားသည့် (၁)စီးတို့ကို ဖမ်းဆီးရမိထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည့်စာရင်းအရ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net