ခ်င္းမုိင္တြင္ လားဟူအမ်ိဳးသားတစ္ဦးေသဆံုးရသည့္ ပစ္ခတ္မႈမွ ရဲတပ္ဖြဲ႕ဝင္ (၆)ဦးအား အေရးယူေပးရန္ ေဒသခံမ်ားေတာင္းဆို

ခ်င္းမုိင္တြင္ လားဟူအမ်ိဳးသားတစ္ဦးေသဆံုးရသည့္ ပစ္ခတ္မႈမွ ရဲတပ္ဖြဲ႕ဝင္ (၆)ဦးအား အေရးယူေပးရန္ ေဒသခံမ်ားေတာင္းဆို
သြဂုတ် 1, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ခ်င္းမုိင္ခရိုင္အတြင္း လားဟူလူမ်ိဳးစုမ်ားေနထုိင္ရာရြာတြင္ လားဟူအမ်ိဳးသားတစ္ဦးအား ထုိင္းရဲတပ္ဖြဲ႕က ပစ္သတ္သည္ဟုဆိုကာ ေသဆံုးသြားသူ၏ဇနီးအပါအဝင္ လားဟူတုိင္းရင္းသား (၅၀)ဝန္းက်င္က တရားမွ်တေရးအတြက္ ဆႏၵထုတ္ေဖၚခဲ့ၾကသည္။

ဇူလုိင္လ (၂၃)ရက္ေန႔က လားဟူအမ်ိဳးသားတစ္ဦးေသဆံုးခဲ့ရသည့့္ ပစ္ခတ္မႈက်ဴးလြန္သည့္ ရဲတပ္ဖြဲ႕ဝင္ (၆)ဦးအား (၂၄)နာရီအတြင္းလႊဲေျပာင္း အေရးယူေပးရန္ ဇူလုိင္လ (၃၀)ရက္ေန႔က ဆႏၵထုတ္ေဖၚ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕ဘက္ကမူ အဆိုပါ ပစ္ခတ္မႈမွာ လားဟူအမ်ိဳးသားက ရဲတပ္ဖြဲ႕အား စတင္ပစ္ခတ္မႈမွ စတင္ျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ား အမွားလုပ္ထားျခင္းမရိွဟု ျငင္းဆိုထားသည္။

ေသဆံုးသြားသည့္ အမ်ိဳးသားမွာ ရဲတပ္ဖြဲ႕ စြပ္စြဲသကဲ့သို႔ လက္နက္မရိွေၾကာင္းႏွင့္ ျပစ္မႈက်ဴးလြန္ျခင္းမရိွေၾကာင္း ေဒသခံမ်ားက သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။
ေသဆံုးသြားသူ၏ဇနီးမွာ ကေလး (၆)ဦးႏွင့္အတူ က်န္ခဲ့ၿပီး လက္ရိွတြင္ ေက်းရြာေဒသခံမ်ားမွာလည္း အလားတူျဖစ္ရပ္မ်ား ထပ္မံျဖစ္ပြားမည္ကို စိုးရိမ္စိတ္ျဖင့္ ေနထုိင္ေနရေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

ေက်းရြာေဒသခံမ်ားက စြပ္စြဲထားသည့္ ထုိင္းရဲတပ္ဖြဲ႕ဝင္ (၆)ဦးမွာ အားလပ္ရက္ခြင့္ယူထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ချင်းမိုင်တွင် လားဟူအမျိုးသားတစ်ဦးသေဆုံးရသည့် ပစ်ခတ်မှုမှ ရဲတပ်ဖွဲ့ဝင် (၆)ဦးအား အရေးယူပေးရန် ဒေသခံများတောင်းဆို
************
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်း လားဟူလူမျိုးစုများနေထိုင်ရာရွာတွင် လားဟူအမျိုးသားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ပစ်သတ်သည်ဟုဆိုကာ သေဆုံးသွားသူ၏ဇနီးအပါအဝင် လားဟူတိုင်းရင်းသား (၅၀)ဝန်းကျင်က တရားမျှတရေးအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဇူလိုင်လ (၂၃)ရက်နေ့က လားဟူအမျိုးသားတစ်ဦးသေဆုံးခဲ့ရသည့့် ပစ်ခတ်မှုကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင် (၆)ဦးအား (၂၄)နာရီအတွင်းလွှဲပြောင်း အရေးယူပေးရန် ဇူလိုင်လ (၃၀)ရက်နေ့က ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်ကမူ အဆိုပါ ပစ်ခတ်မှုမှာ လားဟူအမျိုးသားက ရဲတပ်ဖွဲ့အား စတင်ပစ်ခတ်မှုမှ စတင်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အမှားလုပ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ရဲတပ်ဖွဲ့ စွပ်စွဲသကဲ့သို့ လက်နက်မရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ဒေသခံများက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
သေဆုံးသွားသူ၏ဇနီးမှာ ကလေး (၆)ဦးနှင့်အတူ ကျန်ခဲ့ပြီး လက်ရှိတွင် ကျေးရွာဒေသခံများမှာလည်း အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျေးရွာဒေသခံများက စွပ်စွဲထားသည့် ထိုင်းရဲတပ်ဖွဲ့ဝင် (၆)ဦးမှာ အားလပ်ရက်ခွင့်ယူထားကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net