က်ိဳင္းတံုၿမိဳ႕တြင္ ဝက္ေသဆံုးမႈမ်ားျဖစ္ေနသည့္အတြက္ ေဘးကင္းသည့္အသားထုတ္လုပ္ႏုိင္ေရး ယခင္ကထက္ ပို၍စိစစ္မည္

က်ိဳင္းတံုၿမိဳ႕တြင္ ဝက္ေသဆံုးမႈမ်ားျဖစ္ေနသည့္အတြက္ ေဘးကင္းသည့္အသားထုတ္လုပ္ႏုိင္ေရး ယခင္ကထက္ ပို၍စိစစ္မည္
သြဂုတ် 4, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ seasonal flue ေၾကာင့္ ဝက္ေသဆံုးမႈျဖစ္ပြားေနသျဖင့္ ေဘးကင္းသည့္ဝက္သားထုတ္လုပ္ေရးအတြက္ ဝက္သားထုတ္လုပ္ငန္းႏွင့္ဆက္စပ္သူမ်ားႏွင့္ သက္ဆုိင္ရာဌာနမ်ား ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ေတြ႔ဆံုေဆြးေႏြးၾကမည္ျဖစ္သည္။

ဝက္မ်ားေရာဂါေၾကာင့္ ေသဆံုးမႈျဖစ္ပြားေနရာ ေဒသတြင္း ဝက္သားစားသံုးမႈမွာ ေလ်ာ့က်သြားခဲ့သျဖင့္ ေဘးကင္းသည့္ဝက္သားထုတ္လုပ္ေရးအတြက္ စိစစ္မႈမ်ားကို ပိုမိုတင္းၾကပ္စြာေဆာင္ရြက္ရန္ စီစဥ္လာျခင္းျဖစ္သည္။

 “စည္ပင္သာယာေစ်းမွာေရာင္းတဲ့ဝက္သားကို ေမြးကုေရာ၊ စည္ပင္ေရာ၊ သားသတ္ရံုမွဴးေတြကေရာ စနစ္တက်စိစစ္ၿပီးေတာ့မွ ထုတ္လုပ္ဖို႔။ အရင္ကလည္း စစ္ေတာ့စစ္တယ္ ဒါေပမဲ့ အခုက ဒီကိစၥေတြျဖစ္ေနေတာ့ ပိုၿပီးစစ္ေဆးမယ္ေပါ့ေနာ္။ ပိုၿပီးစနစ္တက်စိစစ္မႈေတြလုပ္ၿပီး လုိင္စင္စီေတြကိုလည္း ၾကပ္မတ္မယ္။ ၿပီးေတာ့လည္း ဝက္ေရာင္းတဲ့သူေတြကလည္း ေရာင္းအားေတြက်တယ္ဆိုေတာ့ သူတို႔အေနနဲ႔လည္း က်န္းမာသန္႔ရွင္းတဲ့ ျပည္သူစားသံုးလုိ႔ရတဲ့ဝက္ေတြကိုပဲ ေရာင္းဖို႔အတြက္ကို ပညာေပးစည္းရံုးတာေလးေတြ ေဆာင္ရြက္မယ့္သေဘာပါ” က်ိဳင္းတံုစည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစည္းအေဝးတြင္ ဝက္သားထုတ္လုပ္ငန္းႏွင့္ ဆက္စပ္သူမ်ား၊ က်န္းမာေရးဦးစီးဌာန၊ စည္ပင္သာယာေရးဌာန၊ တိရိစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနတုိ႔ ေဆြးေႏြးၾကမည္ျဖစ္သည္။
က်ိဳင္းတံုၿမိဳ႕ က်ိဳင္းေဖာင္းေခ်ာင္းအတြင္း ၾသဂုတ္လ (၁)ရက္ေန႔က ဝက္ေသမ်ား ေမ်ာပါလာသည္ကို ေတြ႔ရသျဖင့္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္အဖြဲ႕က ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္သည္။

“ က်ိဳင္းေဖာင္းေခ်ာင္းဘက္မွာ စြမ္းေတာင္းဆည္အတြက္သြားၾကည့္ရင္း ေခ်ာင္းထဲမွာ ဝက္ေသေတြ ပစ္ထားတာေတြ႕လို႔ သက္ဆုိင္ရာေတြနဲ႔ စစ္ၾကတာေပါ့ေနာ္။ ေမြးကုကေတာ့ သူတုိ႔စစ္ေဆး အတည္ျပဳထားတာက အာဖရိက ဝက္တုပ္ေကြးမဟုတ္ဘူး seasonal flue လို႔ေျပာတယ္။ ဒါေပမဲ့လည္း ေဒသခံေတြက ဝက္ေသတယ္ၾကားေတာ့ စားတာေတာ့ေလ်ာ့သြားၾကတယ္”ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းေဖာင္းေခ်ာင္းအတြင္း ေမွ်ာလုိက္သည့္ ဝက္ေသမ်ားမွာ က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းခြန္ေက်းရြာအုပ္စုမွျဖစ္ေၾကာင္း သိရသျဖင့္ ၾသဂုတ္လ (၁)ရက္ေန႔က က်ိဳင္းတံုျမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမ၌ ျမိဳ႕နယ္စီမံခန္႕ခြဲေရးအစည္းအေဝးက်င္းပကာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားအား မိမိတို႔ ေက်းရြာတြင္ ဝက္ေသဆံုးမႈမ်ားျဖစ္ပြားပါက ခ်က္ခ်င္းအေၾကာင္းၾကားေပးရန္၊ ဝက္မ်ားေသဆံုးပါက မီးရိႈ႕ဖ်က္ဆီးရန္၊ ဝက္မ်ားကို လႊတ္မေမြးဘဲ ဝက္ၿခံမ်ားအား ေဆးျဖန္းရန္တုိ႔ကို ၿမိဳ႕နယ္ တိရိစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန တာဝန္ရိွသူက ရွင္းလင္းေဆြးေႏြးထားျခင္းျဖစ္သည္။

ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ တရုတ္ႏွင့္ လာအိုႏိုင္ငံမ်ားတြင္ အာဖရိက ဝက္တုပ္ေကြးေရာဂါမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် ဝက်သေဆုံးမှုများဖြစ်နေသည့်အတွက် ဘေးကင်းသည့်အသားထုတ်လုပ်နိုင်ရေး ယခင်ကထက် ပို၍စိစစ်မည်
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် seasonal flue ကြောင့် ဝက်သေဆုံးမှုဖြစ်ပွားနေသဖြင့် ဘေးကင်းသည့်ဝက်သားထုတ်လုပ်ရေးအတွက် ဝက်သားထုတ်လုပ်ငန်းနှင့်ဆက်စပ်သူများနှင့် သက်ဆိုင်ရာဌာနများ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

ဝက်များရောဂါကြောင့် သေဆုံးမှုဖြစ်ပွားနေရာ ဒေသတွင်း ဝက်သားစားသုံးမှုမှာ လျော့ကျသွားခဲ့သဖြင့် ဘေးကင်းသည့်ဝက်သားထုတ်လုပ်ရေးအတွက် စိစစ်မှုများကို ပိုမိုတင်းကြပ်စွာဆောင်ရွက်ရန် စီစဉ်လာခြင်းဖြစ်သည်။

 “စည်ပင်သာယာစျေးမှာရောင်းတဲ့ဝက်သားကို မွေးကုရော၊ စည်ပင်ရော၊ သားသတ်ရုံမှူးတွေကရော စနစ်တကျစိစစ်ပြီးတော့မှ ထုတ်လုပ်ဖို့။ အရင်ကလည်း စစ်တော့စစ်တယ် ဒါပေမဲ့ အခုက ဒီကိစ္စတွေဖြစ်နေတော့ ပိုပြီးစစ်ဆေးမယ်ပေါ့နော်။ ပိုပြီးစနစ်တကျစိစစ်မှုတွေလုပ်ပြီး လိုင်စင်စီတွေကိုလည်း ကြပ်မတ်မယ်။ ပြီးတော့လည်း ဝက်ရောင်းတဲ့သူတွေကလည်း ရောင်းအားတွေကျတယ်ဆိုတော့ သူတို့အနေနဲ့လည်း ကျန်းမာသန့်ရှင်းတဲ့ ပြည်သူစားသုံးလို့ရတဲ့ဝက်တွေကိုပဲ ရောင်းဖို့အတွက်ကို ပညာပေးစည်းရုံးတာလေးတွေ ဆောင်ရွက်မယ့်သဘောပါ” ကျိုင်းတုံစည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ဝက်သားထုတ်လုပ်ငန်းနှင့် ဆက်စပ်သူများ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ဆွေးနွေးကြမည်ဖြစ်သည်။
ကျိုင်းတုံမြို့ ကျိုင်းဖောင်းချောင်းအတွင်း သြဂုတ်လ (၁)ရက်နေ့က ဝက်သေများ မျောပါလာသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ ကျိုင်းဖောင်းချောင်းဘက်မှာ စွမ်းတောင်းဆည်အတွက်သွားကြည့်ရင်း ချောင်းထဲမှာ ဝက်သေတွေ ပစ်ထားတာတွေ့လို့ သက်ဆိုင်ရာတွေနဲ့ စစ်ကြတာပေါ့နော်။ မွေးကုကတော့ သူတို့စစ်ဆေး အတည်ပြုထားတာက အာဖရိက ဝက်တုပ်ကွေးမဟုတ်ဘူး seasonal flue လို့ပြောတယ်။ ဒါပေမဲ့လည်း ဒေသခံတွေက ဝက်သေတယ်ကြားတော့ စားတာတော့လျော့သွားကြတယ်”ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းဖောင်းချောင်းအတွင်း မျှောလိုက်သည့် ဝက်သေများမှာ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုမှဖြစ်ကြောင်း သိရသဖြင့် သြဂုတ်လ (၁)ရက်နေ့က ကျိုင်းတုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးအစည်းအဝေးကျင်းပကာ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မိမိတို့ ကျေးရွာတွင် ဝက်သေဆုံးမှုများဖြစ်ပွားပါက ချက်ချင်းအကြောင်းကြားပေးရန်၊ ဝက်များသေဆုံးပါက မီးရှို့ဖျက်ဆီးရန်၊ ဝက်များကို လွှတ်မမွေးဘဲ ဝက်ခြံများအား ဆေးဖြန်းရန်တို့ကို မြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက ရှင်းလင်းဆွေးနွေးထားခြင်းဖြစ်သည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် လာအိုနိုင်ငံများတွင် အာဖရိက ဝက်တုပ်ကွေးရောဂါများ ဖြစ်ပွားနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net