မြန္ျပည္နယ္မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ က်ိဳင္းတံုမွ ေက်ာင္းသားသမဂၢ(၂)ခုပူးေပါင္း ရန္ပံုေငြရွာေဖြ

မြန္ျပည္နယ္မွ ေရေဘးသင့္ျပည္သူမ်ားအတြက္ က်ိဳင္းတံုမွ ေက်ာင္းသားသမဂၢ(၂)ခုပူးေပါင္း ရန္ပံုေငြရွာေဖြ
သြဂုတ် 16, 2019
By 🌸
မြန္ျပည္နယ္မွ ေရေဘးသင့္ျပည္သူမ်ားအား လူသားခ်င္းစာနာမႈအကူအညီမ်ား ေပးႏုိင္ရန္အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ တကၠသိုလ္သမဂၢႏွစ္ခုက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔ ညေန (၄)နာရီအထိ ေနာင္ႏြန္းဂိတ္တြင္ ရန္ပံုေငြရွာေဖြေနၾကသည္။

“ကၽြန္ေတာ္တုိ႔ ကြန္ပ်ဴတာတကၠသိုလ္နဲ႔ နည္းပညာတကၠသိုလ္ သမဂၢေတြေပါင္းၿပီး အလွဴခံတာပါ။ မနက္ကေတာ့ ၿမိဳ႕မေစ်း၊ ဌာနဆုိင္ရာရံုးနဲ႔ ယမ္းခမ္းကားေလးကြင္းဘက္ လွည့္အလွဴခံပါတယ္။ ေနာင္ႏြန္းဂိတ္မွာေတာ့ ညေန (၄)နာရီအထိ ရိွပါမယ္။ မႏွစ္ကလည္း ေရေဘးသင့္ေတြအတြက္ ကၽြန္ေတာ္တို႔ စုေပါင္းၿပီး ရန္ပံုေငြရွာေပးတာ လုပ္ခဲ့ပါတယ္”ဟု က်ိဳင္းတံုကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုေကာင္းျမတ္စံက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြန္ပ်ဴတာတကၠသိုလ္ (က်ိဳင္းတံု) ေက်ာင္းသားမ်ားသမဂၢႏွင့္ နည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢတို႔မွ ေက်ာင္းသား၊ေက်ာင္းသူ (၁၀၀)ဝန္းက်င္ျဖင့္ ၾသဂုတ္လ (၁၆)ရက္ေန႔ တစ္ေန႔တာရွာေဖြရရိွသည့္ ရန္ပံုေငြမ်ားကို ျပည္နယ္အစိုးရမွတစ္ဆင့္ ေရေဘးသင့္ျပည္သူမ်ားထံ ေပးပို႔လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ကျိုင်းတုံမှ ကျောင်းသားသမဂ္ဂ(၂)ခုပူးပေါင်း ရန်ပုံငွေရှာဖွေ
*************
မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တက္ကသိုလ်သမဂ္ဂနှစ်ခုက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ ညနေ (၄)နာရီအထိ နောင်နွန်းဂိတ်တွင် ရန်ပုံငွေရှာဖွေနေကြသည်။

“ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် သမဂ္ဂတွေပေါင်းပြီး အလှူခံတာပါ။ မနက်ကတော့ မြို့မစျေး၊ ဌာနဆိုင်ရာရုံးနဲ့ ယမ်းခမ်းကားလေးကွင်းဘက် လှည့်အလှူခံပါတယ်။ နောင်နွန်းဂိတ်မှာတော့ ညနေ (၄)နာရီအထိ ရှိပါမယ်။ မနှစ်ကလည်း ရေဘေးသင့်တွေအတွက် ကျွန်တော်တို့ စုပေါင်းပြီး ရန်ပုံငွေရှာပေးတာ လုပ်ခဲ့ပါတယ်”ဟု ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုကောင်းမြတ်စံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) ကျောင်းသားများသမဂ္ဂနှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့မှ ကျောင်းသား၊ကျောင်းသူ (၁၀၀)ဝန်းကျင်ဖြင့် သြဂုတ်လ (၁၆)ရက်နေ့ တစ်နေ့တာရှာဖွေရရှိသည့် ရန်ပုံငွေများကို ပြည်နယ်အစိုးရမှတစ်ဆင့် ရေဘေးသင့်ပြည်သူများထံ ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net