တရုတ္နယ္စပ္သို႔ ႏြားတရားဝင္တင္ပို႔သည့္ယာဥ္တစ္စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပစ္ခတ္ခံရ၍ (၂)ဦးေသဆံုး

တရုတ္နယ္စပ္သို႔ ႏြားတရားဝင္တင္ပို႔သည့္ယာဥ္တစ္စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္း ပစ္ခတ္ခံရ၍ (၂)ဦးေသဆံုး
သြဂုတ် 13, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕နယ္၊ ခိုမုန္းေက်းရြာ ေပါက္အင္းေလးလမ္းခြဲတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၁၃ ရက္နံနက္ပိုင္းက ႏြားတင္လာသည့္ယာဥ္အား ပစ္ခတ္ခံရ၍ ယာဥ္ေပၚပါသူ (၃)ဦးအနက္ ႏွစ္ဦးေသဆံုးသြားသည္။

"ျဖစ္စဥ္ အေသးစိတ္ကိုေတာ့ မသိရေသးဘူး။ ကားက လမ္းေဘးမွာ ထိုးက်ထားတယ္။ ျဖစ္စဥ္ျဖစ္တဲ့ေနရာမွာ သက္ဆိုင္ရာက လာေရာက္စစ္ေဆးေနပါတယ္။ တစ္ဦးေသဆံုး၊ တစ္ဦးဒဏ္ရာရတာ ဟုတ္ပါတယ္" ဟု အခင္းျဖစ္ေနရာတြင္ ေရာက္ရွိေနသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးအတုိင္း ေနာင္ခ်ိဳဘက္မွ ေက်ာက္မဲဘက္သို႔ ေမာင္းႏွင္လာသည့္ ႏြားတင္ယာဥ္သည္ ေက်ာက္မဲၿမိဳ႕နယ္၊ ခိုအံုေက်းရြာအုပ္စု၊ ခိုအံုေက်းရြာ၊ ေပါက္အင္းေလးလမ္းခြဲအေရာက္တြင္ လမ္းေဘးၿခံဳအတြင္းမွ ေခ်ာင္းေျမာင္းပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္း ေနရာတြင္ ေသဆံုးၿပီး  ယာဥ္ေနာက္လုိက္(ႏြားထိန္း)လူငယ္ (၂)ဦးအနက္ ဒဏ္ရာရသြားသူ(၁)ဦးမွာ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။
ျပည္ေထာင္စုလမ္းမႀကီးတြင္ ၾသဂုတ္လ (၁၂) ရက္ေန႔ကလည္း သီေပါၿမို႕နယ္ စံေလာင္းႏွင့္ ကုန္းမံုရြာၾကားတြင္ ႏြားတင္ကားတစ္စီး ေသနတ္ပစ္ခံရ၍ အမ်ိဳးသား တစ္ဦးေသဆံုးကာ တစ္ဦး ဒဏ္ရာရခဲ့သည္။

"မေန႔ကတင္ သီေပါၿမိဳ႕နယ္ထဲမွာ ျဖစ္တယ္။ ဒီမနက္မွာ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ ထပ္ျဖစ္တဲ့အတြက္ ဒါဟာ ဘာအေၾကာင္းေၾကာင့္ လုပ္တာပဲျဖစ္ပါေစ။ အၾကမ္းဖက္မႈသေဘာ သက္ေရာက္ေနတယ္။ ျပည္ေထာင္စု လမ္းမႀကီးေပၚက ယာဥ္ေမာင္းေတြအားလံုးကို အၾကမ္းဖက္တဲ့လုပ္ရပ္တစ္ခုလို႔ ခံစားရတယ္။ ျဖစ္လိုက္တိုင္း ဘယ္အဖြဲ႔က လုပ္တယ္ဆိုတာ ဝန္မခံၾကသလို သက္ဆိုင္ရာကလည္း တစ္ခါမွ မိေအာင္မဖမ္းႏိုင္တာက အၾကမ္းဖက္မႈဆိုတာထက္ ပိုသြားၿပီ" ဟု အမည္မေဖၚလိုသည့္ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

တရုတ္ႏုိင္ငံသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ ကြၽြဲႏြားမ်ား တရားမဝင္တင္ပို႔ျခင္းကို အစဥ္အဆက္လုပ္ကိုင္ေနၾကသျဖင့္ ကၽြဲႏြားမ်ားကို တရားဝင္စိစစ္ တင္ပို႔ခြင့္ျပဳလုိက္ၿပီးေနာက္ နယ္စပ္သို႔တရားဝင္ ကၽြဲႏြားတင္ပို႔သည့္ယာဥ္မ်ား ရွမ္းျပည္နယ္အတြင္း လမ္းပိုင္းမ်ားတြင္ မၾကာခဏေခ်ာင္းေျမာင္းပစ္ခတ္ခံေနရၿပီး တရားခံမ်ားကိုလည္း ေဖၚထုတ္ႏုိင္ျခင္းမရိွဘဲျဖစ္ေနျခင္းျဖစ္သည္။

သတင္း ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တရုတ်နယ်စပ်သို့ နွားတရားဝင်တင်ပို့သည့်ယာဉ်တစ်စီး ကျောက်မဲမြို့နယ်အတွင်း ပစ်ခတ်ခံရ၍ (၂)ဦးသေဆုံး
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာ ပေါက်အင်းလေးလမ်းခွဲတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နံနက်ပိုင်းက နွားတင်လာသည့်ယာဉ်အား ပစ်ခတ်ခံရ၍ ယာဉ်ပေါ်ပါသူ (၃)ဦးအနက် နှစ်ဦးသေဆုံးသွားသည်။

"ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးဘူး။ ကားက လမ်းဘေးမှာ ထိုးကျထားတယ်။ ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ သက်ဆိုင်ရာက လာရောက်စစ်ဆေးနေပါတယ်။ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရတာ ဟုတ်ပါတယ်" ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသည့် နွားတင်ယာဉ်သည် ကျောက်မဲမြို့နယ်၊ ခိုအုံကျေးရွာအုပ်စု၊ ခိုအုံကျေးရွာ၊ ပေါက်အင်းလေးလမ်းခွဲအရောက်တွင် လမ်းဘေးခြုံအတွင်းမှ ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်း နေရာတွင် သေဆုံးပြီး  ယာဉ်နောက်လိုက်(နွားထိန်း)လူငယ် (၂)ဦးအနက် ဒဏ်ရာရသွားသူ(၁)ဦးမှာ မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားစဉ် သေဆုံးသွားကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတွင် သြဂုတ်လ (၁၂) ရက်နေ့ကလည်း သီပေါမြို့နယ် စံလောင်းနှင့် ကုန်းမုံရွာကြားတွင် နွားတင်ကားတစ်စီး သေနတ်ပစ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

"မနေ့ကတင် သီပေါမြို့နယ်ထဲမှာ ဖြစ်တယ်။ ဒီမနက်မှာ ကျောက်မဲမြို့နယ်ထဲမှာ ထပ်ဖြစ်တဲ့အတွက် ဒါဟာ ဘာအကြောင်းကြောင့် လုပ်တာပဲဖြစ်ပါစေ။ အကြမ်းဖက်မှုသဘော သက်ရောက်နေတယ်။ ပြည်ထောင်စု လမ်းမကြီးပေါ်က ယာဉ်မောင်းတွေအားလုံးကို အကြမ်းဖက်တဲ့လုပ်ရပ်တစ်ခုလို့ ခံစားရတယ်။ ဖြစ်လိုက်တိုင်း ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဝန်မခံကြသလို သက်ဆိုင်ရာကလည်း တစ်ခါမှ မိအောင်မဖမ်းနိုင်တာက အကြမ်းဖက်မှုဆိုတာထက် ပိုသွားပြီ" ဟု အမည်မဖေါ်လိုသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ကျွွဲနွားများ တရားမဝင်တင်ပို့ခြင်းကို အစဉ်အဆက်လုပ်ကိုင်နေကြသဖြင့် ကျွဲနွားများကို တရားဝင်စိစစ် တင်ပို့ခွင့်ပြုလိုက်ပြီးနောက် နယ်စပ်သို့တရားဝင် ကျွဲနွားတင်ပို့သည့်ယာဉ်များ ရှမ်းပြည်နယ်အတွင်း လမ်းပိုင်းများတွင် မကြာခဏချောင်းမြောင်းပစ်ခတ်ခံနေရပြီး တရားခံများကိုလည်း ဖေါ်ထုတ်နိုင်ခြင်းမရှိဘဲဖြစ်နေခြင်းဖြစ်သည်။

သတင်း နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net