မုိင္းခြဲခံရသည့္ဂုတ္တြင္းတံတားျပဳျပင္ေနစဥ္ သီေပါႏွင့္ လားရိႈးေရာက္ေနသည့္ ႏုိင္ငံျခားသားမ်ားအတြက္ ေလေၾကာင္းခရီးစဥ္(၂)ခု ေျပးဆြဲေပးမည္

မုိင္းခြဲခံရသည့္ဂုတ္တြင္းတံတားျပဳျပင္ေနစဥ္ သီေပါႏွင့္ လားရိႈးေရာက္ေနသည့္ ႏုိင္ငံျခားသားမ်ားအတြက္ ေလေၾကာင္းခရီးစဥ္(၂)ခု ေျပးဆြဲေပးမည္
သြဂုတ် 15, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရိွ ဂုတ္တြင္းတံတားမိုင္းခြဲခံရ၍ မႏၱေလး - လားရိႈး လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္သြားရာ သီေပါႏွင့္ လားရိႈးတြင္ ပိတ္မိေနသည့္ ႏုိင္ငံျခားသား ခရီးသြားမ်ားအတြက္ စီစဥ္လုိက္သည့္ ေလေၾကာင္းခရီးစဥ္(၂)ခုကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ ပ်ံသန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သီေပါႏွင့္ လားရိႈးၿမိဳ႕တို႔တြင္ ေရာက္ရိွေနသည့္ ႏုိင္ငံျခားသားခရီးသြားမ်ားအတြက္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ၊ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းႏွင့္ Air KBZ တို႔ ညိႇႏိႈင္းၿပီး ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ လားရိႈး - မႏၱေလးႏွင့္ လားရိႈး - ရန္ကုန္ ခရီးစဥ္(၂)ေၾကာင္းကို ပ်ံသန္းေပးသြားမည္ျဖစ္ေၾကာင္း ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းက ထုတ္ျပန္ထားသည္။

ဂုတ္တြင္းတံတားမွျဖတ္သန္း၍မရေတာ့သျဖင့္ မႏၱေလး - လားရိႈးလမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္သြားရာ ေလေၾကာင္းခရီးသြားသူမ်ားလာေၾကာင္း သိရသည္။

တအာင္းအဖြဲ႕(TNLA)၊ ရခုိင္အဖြဲ႕(AA)ႏွင့္ ကုိးကန္႔အဖြဲ႕(MNDAA) တုိ႔ပူးေပါင္းအဖြဲ႕က ၾသဂုတ္လ (၁၅) ရက္ေန႔ နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ေက်ာင္းအား လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္း၊ ေနာင္ခ်ိဳၿမိဳ႕ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ ဂုတ္တြင္းလမ္းပိုင္းရွိ ရဲကင္းတို႔အား တုိက္ခုိက္ခဲ့သျဖင့္ တပ္မေတာ္ႏွင့္ တုိက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ဂုတ္တြင္းလမ္းပိုင္းကို မိုင္းခြဲခံခဲ့ရျခင္းျဖစ္သည္။

လက္ရိွတြင္ မုိင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ တံတားတည္ေဆာက္ေရး အထူးအဖြဲ႔က ႏွစ္လမ္းသြားေဘလီတံတားကို (၅)ရက္အတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းခွဲခံရသည့်ဂုတ်တွင်းတံတားပြုပြင်နေစဉ် သီပေါနှင့် လားရှိုးရောက်နေသည့် နိုင်ငံခြားသားများအတွက် လေကြောင်းခရီးစဉ်(၂)ခု ပြေးဆွဲပေးမည်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတားမိုင်းခွဲခံရ၍ မန္တလေး - လားရှိုး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားရာ သီပေါနှင့် လားရှိုးတွင် ပိတ်မိနေသည့် နိုင်ငံခြားသား ခရီးသွားများအတွက် စီစဉ်လိုက်သည့် လေကြောင်းခရီးစဉ်(၂)ခုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါနှင့် လားရှိုးမြို့တို့တွင် ရောက်ရှိနေသည့် နိုင်ငံခြားသားခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် Air KBZ တို့ ညှိနှိုင်းပြီး သြဂုတ်လ (၁၇)ရက်နေ့တွင် လားရှိုး - မန္တလေးနှင့် လားရှိုး - ရန်ကုန် ခရီးစဉ်(၂)ကြောင်းကို ပျံသန်းပေးသွားမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။

ဂုတ်တွင်းတံတားမှဖြတ်သန်း၍မရတော့သဖြင့် မန္တလေး - လားရှိုးလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားရာ လေကြောင်းခရီးသွားသူများလာကြောင်း သိရသည်။

တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ပူးပေါင်းအဖွဲ့က သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နောင်ချိုမြို့ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းလမ်းပိုင်းရှိ ရဲကင်းတို့အား တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဂုတ်တွင်းလမ်းပိုင်းကို မိုင်းခွဲခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တံတားတည်ဆောက်ရေး အထူးအဖွဲ့က နှစ်လမ်းသွားဘေလီတံတားကို (၅)ရက်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net