လားရိႈးၿမိဳ႕ျပင္တြင္ မီးရိႈ႕ခံရသည့္ စက္သံုးဆီဆိုင္အား ကူညီရန္သြားသည့္ လူမႈကူညီေရးအသင္းကား ပစ္ခတ္ခံရ၍ အသင္းဥကၠဌေသဆံုး

လားရိႈးၿမိဳ႕ျပင္တြင္ မီးရိႈ႕ခံရသည့္ စက္သံုးဆီဆိုင္အား ကူညီရန္သြားသည့္ လူမႈကူညီေရးအသင္းကား ပစ္ခတ္ခံရ၍ အသင္းဥကၠဌေသဆံုး
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ လားရိႈး - သိန္းနီ ျပည္ေထာင္စုလမ္း ဟိုပိတ္ေက်းရြာအနီး မီးေလာင္ေနသည့္ စက္သံုးဆီဆုိင္မွလူမ်ားအား ကူညီရန္သြားသည့္ လားရိႈးလူငယ္မ်ား လူမႈကူညီေရး အသင္းကား ပစ္ခတ္ခံရၿပီး အသင္းဥကၠဌေသဆံုးသြားကာ (၂)ဦး ဒဏ္ရာရသြားသည္။

အသင္းေမာ္ေတာ္ယာဥ္တြင္ လုိက္ပါသြားသူ (၄)ဦးအနက္ အသင္းဥကၠဌေသဆံုးကာ (၂)ဦးဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း အသင္းဥကၠဌ၏ သားျဖစ္သူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။

လားရိႈးၿမိဳ႕ျပင္မွဆီဆုိင္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ နံနက္ပိုင္းက မီးရိႈ႕ခံရသျဖင့္ မီးၿငိႇမ္းသတ္ရန္သြားသည့္ မီးသတ္ယာဥ္ႏွင့္ လူမႈကူညီေရးအသင္းယာဥ္မ်ား မီးေလာင္မႈျဖစ္ပြားရာသို႔ သြားေရာက္ကူညီရန္ႀကိဳးစားစဥ္ ပစ္ခတ္မႈမ်ားေၾကာင့္ အဆိုပါ လားရိႈးလူငယ္မ်ား    လူမႈကူညီေရ းအသင္းကားမွာ မီးေလာင္ေနသည့္ ဆီဆိုင္ေရွ႕တြင္ တိမ္းေမွာက္ၿပီး ပိတ္မိေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ေမာ္ေတာ္ယာဥ္မ်ားက လားရိႈးနည္းပညာတကၠသိုလ္အနီးမွ ေစာင့္ဆုိင္းေနၾကစဥ္ ပစ္ခတ္မႈမ်ားေၾကာင့္ လားရိႈးၿမိဳ႕ ဘက္ျပန္လာၿပီး ပိတ္မိေနသည့္အသင္းကားမွာ ပစ္ခတ္ခံရၿပီး ဆီဆုိင္ေရွ႕တိမ္းေမွာက္ေနေၾကာင္း သတင္းအရ သြားေရာက္ကယ္ထုတ္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ေန႔လယ္ (၁၂)နာရီဝန္းက်င္တြင္ ေသဆံုးႏွင့္ဒဏ္ရာရသူူမ်ားကို လားရိႈးျပည္သူ႔ေဆးရံုသို႔ သယ္ေဆာင္လာၿပီျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈမ်ားရိွေနသည့္ လားရိႈးမွ ကြတ္ခုိင္ႏွင့္ သိန္းနီဘက္သြားမည့္ကားမ်ားကိုတားၿပီး ေနာက္သို႔ျပန္လႊတ္ေနကာ လမ္းတေလွ်ာက္ရိွ ဆီဆုိင္မ်ားမွ ဝန္ထမ္းမ်ား၊ လားရိႈးမွ သိန္းနီအထြက္ တိုးဂိတ္မွ ဝန္ထမ္းမ်ားကို ေဘးကင္းရာေရႊ႕ထားၿပီး လံုၿခံဳေရးတိုးျမႇင့္ထားသည္ကို ေတြ႔ရသည္။

TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ားက ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ တုိက္ခုိက္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ၾသဂုတ္လ (၁၆)ရက္ေန႔ညပိုင္းက ေက်ာက္မဲၿမိဳ႕အဝင္ႏွင့္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈး - မူဆယ္လမ္းပိုင္းရိွ ကြတ္ခိုင္ၿမိဳ႕အနီးႏွင့္ လားရိႈး - ခ်င္းေရႊေဟာ္လမ္းပိုင္းတစ္ေလွ်ာက္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့ပြင်တွင် မီးရှို့ခံရသည့် စက်သုံးဆီဆိုင်အား ကူညီရန်သွားသည့် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရ၍ အသင်းဥက္ကဌသေဆုံး
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုး - သိန်းနီ ပြည်ထောင်စုလမ်း ဟိုပိတ်ကျေးရွာအနီး မီးလောင်နေသည့် စက်သုံးဆီဆိုင်မှလူများအား ကူညီရန်သွားသည့် လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းကား ပစ်ခတ်ခံရပြီး အသင်းဥက္ကဌသေဆုံးသွားကာ (၂)ဦး ဒဏ်ရာရသွားသည်။

အသင်းမော်တော်ယာဉ်တွင် လိုက်ပါသွားသူ (၄)ဦးအနက် အသင်းဥက္ကဌသေဆုံးကာ (၂)ဦးဒဏ်ရာရသွားခြင်းဖြစ်ကြောင်း အသင်းဥက္ကဌ၏ သားဖြစ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

လားရှိုးမြို့ပြင်မှဆီဆိုင်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းက မီးရှို့ခံရသဖြင့် မီးငြိှမ်းသတ်ရန်သွားသည့် မီးသတ်ယာဉ်နှင့် လူမှုကူညီရေးအသင်းယာဉ်များ မီးလောင်မှု ဖြစ်ပွားရာသို့ သွားရောက်ကူညီရန်ကြိုးစားစဉ် ပစ်ခတ်မှုများကြောင့် အဆိုပါ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းကားမှာ မီးလောင်နေသည့် ဆီဆိုင်ရှေ့တွင် တိမ်းမှောက်ပြီး ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်မော်တော်ယာဉ်များက လားရှိုးနည်းပညာတက္ကသိုလ်အနီးမှ စောင့်ဆိုင်းနေကြစဉ် ပစ်ခတ်မှုများကြောင့် လားရှိုးမြို့ဘက်ပြန်လာပြီး ပိတ်မိနေသည့်အသင်းကားမှာ ပစ်ခတ်ခံရပြီး ဆီဆိုင်ရှေ့တိမ်းမှောက်နေကြောင်း သတင်းအရ သွားရောက်ကယ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေ့လယ် (၁၂)နာရီဝန်းကျင်တွင် သေဆုံးနှင့်ဒဏ်ရာရသူူများကို လားရှိုးပြည်သူ့ဆေးရုံသို့ သယ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုများရှိနေသည့် လားရှိုးမှ ကွတ်ခိုင်နှင့် သိန်းနီဘက်သွားမည့်ကားများကိုတားပြီး နောက်သို့ပြန်လွှတ်နေကာ လမ်းတလျှောက်ရှိ ဆီဆိုင်များမှ ဝန်ထမ်းများ၊ လားရှိုးမှ သိန်းနီအထွက် တိုးဂိတ်မှ ဝန်ထမ်းများကို ဘေးကင်းရာရွှေ့ထားပြီး လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရသည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net