ထုိင္းႏိုင္ငံတြင္ ပုဂၢလိကေဆးရံုမ်ား၏ ေဆး၊ေဆးပစၥည္းႏွင့္ကုသစရိတ္မ်ားကို အမ်ားျပည္သူအေနျဖင့္ စစ္ေဆးၾကည့္ရႈႏုိင္ရန္ စီစဥ္ေန

ထုိင္းႏိုင္ငံတြင္ ပုဂၢလိကေဆးရံုမ်ား၏ ေဆး၊ေဆးပစၥည္းႏွင့္ကုသစရိတ္မ်ားကို အမ်ားျပည္သူအေနျဖင့္ စစ္ေဆးၾကည့္ရႈႏုိင္ရန္ စီစဥ္ေန
သြဂုတ် 2, 2019
By 🌸
ေဆးႏွင့္ေဆးကုသစရိတ္မ်ား မတန္တဆရယူေနမႈကို ဟန္႔တားသည့္အေနျဖင့္ ထုိင္းႏုိင္ငံမွ ပုဂၢလိကေဆးရံုမ်ား၏ ေဆး၊ေဆးပစၥည္းႏွင့္ ေဆးကုသစရိတ္မ်ားအား ျပည္တြင္းကုန္သြယ္ေရးဌာနသို႔ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၃၁)ရက္ေန႔ ေနာက္ဆံုးထားတင္ျပရန္ ညႊန္ၾကားထားေသာ္လည္း ေဆးရံု (၄၈)ခုက တင္ျပလာျခင္းမရိွေသးေၾကာင္း သိရသည္။

ေဆးရံုေပါင္း (၃၀၅)ခုက တင္ျပထားၿပီးျဖစ္ေသာ္လည္း ေဆးရံု (၄၈)ခုက တင္ျပရန္က်န္ေနရာ အဆိုပါက်န္ရိွေဆးရံုမ်ားအေနျဖင့္ သတ္မွတ္ခ်ိန္အတြင္း မတင္ျပႏုိင္သည့္အေၾကာင္းရင္းကိုပါ တင္ျပသြားၾကရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပုဂၢလိကေဆးရံုမ်ား၏ ေဆးႏွင့္ေဆးပစၥည္းမ်ား၊ ေဆးကုသစရိတ္မ်ားကို အမ်ားျပည္သူအေနျဖင့္ QR ကုဒ္ျဖင့္ စစ္ေဆးႏုိင္ရန္ ဝန္ႀကီးဌာနက ေဆာင္ရြက္ေပးရန္ ရည္ရြယ္ထားသည့္ ဇူလုိင္လ (၂၉)ရက္အစား ၾသဂုတ္လ (၁၅)ရက္ေန႔သို႔ ေရႊ႕ဆုိင္းလိုက္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံရိွ ပုဂၢလိကေဆးရံုအမ်ားစုမွာ ေဆးကုသစရိတ္မ်ား အဆမတန္ရယူေနသည္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက စစ္ေဆးေတြ႔ရိွရသည့္အတြက္ ေဆးရံုမ်ား၏ ေဆးႏွင့္ေဆးပစၥည္းေစ်းႏႈန္း၊ ကုသစရိတ္ေစ်းႏႈန္းမ်ား တင္ျပေစရန္ ညႊန္ၾကားထားျခင္းျဖစ္သည္။

ပုဂၢလိကေဆးရံုမ်ားအား ညႊန္ၾကားခ်က္ထုတ္ၿပီးေနာက္ သြားေဆးကုသခန္းမ်ားမွာလည္း သြားေဆးခန္းသံုး ေဆးႏွင့္ ေဆးပစၥည္းမ်ား၊ ပစၥည္းကိရိယာမ်ားႏွင့္ ကုသမႈဝန္ေဆာင္ခႏႈန္းထားမ်ားကို တင္ျပၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ဇူလုိင္လ (၂)ရက္ေန႔ကက်င္းပသည့္ ဝန္ႀကီးမ်ားအစည္းအေဝးတြင္ ေဆး၊ေဆးပစၥည္းထုတ္ကုန္ (၅၄)မ်ိဳးကို ေစ်းႏႈန္းထိန္းခ်ဳပ္မည့္စာရင္းတြင္ ထပ္မံထည့္သြင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံများ၏ ဆေး၊ဆေးပစ္စည်းနှင့်ကုသစရိတ်များကို အများပြည်သူအနေဖြင့် စစ်ဆေးကြည့်ရှုနိုင်ရန် စီစဉ်နေ
**********
ဆေးနှင့်ဆေးကုသစရိတ်များ မတန်တဆရယူနေမှုကို ဟန့်တားသည့်အနေဖြင့် ထိုင်းနိုင်ငံမှ ပုဂ္ဂလိကဆေးရုံများ၏ ဆေး၊ဆေးပစ္စည်းနှင့် ဆေးကုသစရိတ်များအား ပြည်တွင်းကုန်သွယ်ရေးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထားတင်ပြရန် ညွှန်ကြားထားသော်လည်း ဆေးရုံ (၄၈)ခုက တင်ပြလာခြင်းမရှိသေးကြောင်း သိရသည်။

ဆေးရုံပေါင်း (၃၀၅)ခုက တင်ပြထားပြီးဖြစ်သော်လည်း ဆေးရုံ (၄၈)ခုက တင်ပြရန်ကျန်နေရာ အဆိုပါကျန်ရှိဆေးရုံများအနေဖြင့် သတ်မှတ်ချိန်အတွင်း မတင်ပြနိုင်သည့်အကြောင်းရင်းကိုပါ တင်ပြသွားကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိကဆေးရုံများ၏ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးကုသစရိတ်များကို အများပြည်သူအနေဖြင့် QR ကုဒ်ဖြင့် စစ်ဆေးနိုင်ရန် ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် ရည်ရွယ်ထားသည့် ဇူလိုင်လ (၂၉)ရက်အစား သြဂုတ်လ (၁၅)ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံအများစုမှာ ဆေးကုသစရိတ်များ အဆမတန်ရယူနေသည်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရသည့်အတွက် ဆေးရုံများ၏ ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်း၊ ကုသစရိတ်စျေးနှုန်းများ တင်ပြစေရန် ညွှန်ကြားထားခြင်းဖြစ်သည်။

ပုဂ္ဂလိကဆေးရုံများအား ညွှန်ကြားချက်ထုတ်ပြီးနောက် သွားဆေးကုသခန်းများမှာလည်း သွားဆေးခန်းသုံး ဆေးနှင့် ဆေးပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် ကုသမှုဝန်ဆောင်ခနှုန်းထားများကို တင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂)ရက်နေ့ကကျင်းပသည့် ဝန်ကြီးများအစည်းအဝေးတွင် ဆေး၊ဆေးပစ္စည်းထုတ်ကုန် (၅၄)မျိုးကို စျေးနှုန်းထိန်းချုပ်မည့်စာရင်းတွင် ထပ်မံထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net