ဂုတ္တြင္းတံတားကို (၄)လမ္းသြား သံကူကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္မည္

ဂုတ္တြင္းတံတားကို (၄)လမ္းသြား သံကူကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္မည္
သြဂုတ် 23, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၲေလး-ေနာင္ခ်ိဳ-လား႐ႈိး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚ ေနာင္ခ်ိဳၿမိဳ႕အနီး မိုင္းခြဲဖ်က္စီးခံလိုက္ရသည့္ ဂုတ္တြင္းတံတားအနီးတြင္ သံကူကြန္ကရစ္တံတားသစ္ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဂုတ္တြင္း ယာယီေဘလီတံတားသစ္ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀) ရက္ေန႔ကတည္းက ကုန္ႏွင့္ ယာဥ္ (၃၆)တန္အထိ ျဖတ္သန္းခြင့္ျပဳထားၿပီး ကုန္ႏွင့္ယာဥ္ (၄၈)တန္အထိ ျဖတ္သန္းႏုိင္ရန္ သံေဘာင္ေဒါက္တိုင္မ်ားကို အားျဖည့္ျခင္းမ်ားကိုလည္း ေဆာင္ရြက္ေနျခင္းျဖစ္သည္။

အဆိုပါယာယီေဘလီတံတားႏွင့္အၿပိဳင္ ႏွစ္လမ္းသြား သံကူကြန္ကရစ္တံတားသစ္ (၁) စင္းကို ေဆာက္လုပ္ေရး၀န္ႀကီးဌာနက တည္ေဆာက္မည္ျဖစ္ၿပီး တံတားသစ္ၿပီးစီးပါက လက္ရိွယာယီေဘလီတံတား တည္ေဆာက္ထားသည့္ တံတားေဟာင္းေနရာတြင္ ႏွစ္လမ္းသြား သံကူကြန္ကရစ္တံတား ထပ္မံ တည္ေဆာက္မည္ျဖစ္ရာ (၄) လမ္းသြားသံကူကြန္ကရစ္တံတားအျဖစ္ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

လက္ရိွတြင္ ကုန္ႏွင့္ယာဥ္ (၄၈)တန္ ျဖတ္သန္းႏုိင္ရန္ ယာယီေဘလီတံတားအား ျဖည့္စြက္ တည္ေဆာက္ျခင္းမွာ တစ္လခန္႔အခ်ိန္ယူရမည္ျဖစ္ေၾကာင္း သိရၿပီး လက္ရိွတြင္ (၃၆)တန္ေက်ာ္သည့္ ကုန္တင္ယာဥ္မ်ားက ပစၥည္းမ်ားကဲ့ၿပီး သယ္ယူေနၾကေၾကာင္း သိရသည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ားအတြင္း ဂုတ္တြင္းတံတားအပါအဝင္ တံတား (၄)စင္း မိုင္းခြဲဖ်က္ဆီးခံရ၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္သြားခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂုတ်တွင်းတံတားကို (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်မည်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-နောင်ချို-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ချိုမြို့အနီး မိုင်းခွဲဖျက်စီးခံလိုက်ရသည့် ဂုတ်တွင်းတံတားအနီးတွင် သံကူကွန်ကရစ်တံတားသစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်း ယာယီဘေလီတံတားသစ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့ကတည်းက ကုန်နှင့် ယာဉ် (၃၆)တန်အထိ ဖြတ်သန်းခွင့်ပြုထားပြီး ကုန်နှင့်ယာဉ် (၄၈)တန်အထိ ဖြတ်သန်းနိုင်ရန် သံဘောင်ဒေါက်တိုင်များကို အားဖြည့်ခြင်းများကိုလည်း ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါယာယီဘေလီတံတားနှင့်အပြိုင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားသစ် (၁) စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည်ဖြစ်ပြီး တံတားသစ်ပြီးစီးပါက လက်ရှိယာယီဘေလီတံတား တည်ဆောက်ထားသည့် တံတားဟောင်းနေရာတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား ထပ်မံ တည်ဆောက်မည်ဖြစ်ရာ (၄) လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကုန်နှင့်ယာဉ် (၄၈)တန် ဖြတ်သန်းနိုင်ရန် ယာယီဘေလီတံတားအား ဖြည့်စွက် တည်ဆောက်ခြင်းမှာ တစ်လခန့်အချိန်ယူရမည်ဖြစ်ကြောင်း သိရပြီး လက်ရှိတွင် (၃၆)တန်ကျော်သည့် ကုန်တင်ယာဉ်များက ပစ္စည်းများကဲ့ပြီး သယ်ယူနေကြကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဂုတ်တွင်းတံတားအပါအဝင် တံတား (၄)စင်း မိုင်းခွဲဖျက်ဆီးခံရ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net