မႏၱေလး - လားရိႈးလမ္းမွ မုိင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ယာယီေဘလီတံတားကို ေန႔၊ည အဆုိင္းခြဲ၍ တည္ေဆာက္ေန

မႏၱေလး - လားရိႈးလမ္းမွ မုိင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ယာယီေဘလီတံတားကို ေန႔၊ည အဆုိင္းခြဲ၍ တည္ေဆာက္ေန
သြဂုတ် 18, 2019
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရိွ မႏၱေလး - ေနာင္ခ်ိဳ - လားရိႈးလမ္းမွ မိုင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ယာယီေဘလီတံတားတည္ေဆာက္ျခင္းလုပ္ငန္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ေန႔ဆုိင္း၊ ညဆုိင္းျဖင့္ ေဆာင္ရြက္ေနသည္။

ယာယီေဘလီတံတားမွာ အရွည္(၂၁၀)ေပရိွသည့္ ႏွစ္လမ္းသြား သံေဘာင္ေဘလီတံတားျဖစ္ၿပီး မိုင္းခြဲခံထားရသည့္တံတားအစား ႏွစ္လမ္းသြား သံကူကြန္ကရစ္တံတားကို ျပန္လည္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈမ်ားျဖစ္ပြားေနၿပီး ၾသဂုတ္လ (၁၅)ရက္ေန႔က နယ္စပ္ကုန္သြယ္ေရးလမ္းမႀကီး၏ မႏၱေလး - လားရိႈးလမ္းပိုင္းမွ ဂုတ္တြင္းတံတား၊ ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ လားရႈိးခ႐ိုင္၊ သိႏၷီၿမိဳ႕နယ္ရိွ သိႏၷီ - ကြမ္းလံု - ခ်င္းေရႊေဟာ္လမ္း၊ မိုင္တိုင္(၃၀/၇ - ၃၁/၀)ၾကား ၊ နားတီးရြာအထြက္မွ တံတား၊  သိႏၷီႏွင့္ ကြမ္းလံုၿမိဳ႕နယ္အတြင္း သိႏၷီ - ကြမ္းလံု - ခ်င္းေရႊေဟာ္လမ္း မိုင္တိုင္(၁၅/၃-၄) ၊ ေကာင္းေကာ္ရြာ ႏွင့္ နမ့္တုန္ဆံုရြာၾကားရိွ တံတားႏွင့္ မိုင္တိုင္(၄၀/၃-၄) ၾကား ျဗဳန္းေတာင္အတြင္းရွိ တံတားတို႔မွာလည္း မိုင္းခြဲဖ်က္ဆီးခံရသျဖင့္ အဆိုပါတံတားမ်ားေနရာတြင္ ယာယီေဘလီတံတားမ်ားထိုးေပးရန္ စီစဥ္ေနျခင္းျဖစ္သည္။

TNLA၊ AA ႏွင့္ MNDAA တို႔ ပူးေပါင္းအဖြဲ႕က ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္ စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တိုက္ခုိက္မႈမ်ားအတြင္း တံတားမ်ားကို မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ လမ္းပန္းဆက္သြယ္ေရးမ်ား ျပတ္ေတာက္ေနၿပီး တရုတ္နယ္စပ္ကုန္သြယ္ေရးလည္း ရပ္ဆုိင္းေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~
~
မန္တလေး - လားရှိုးလမ်းမှ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားနေရာတွင် ယာယီဘေလီတံတားကို နေ့၊ည အဆိုင်းခွဲ၍ တည်ဆောက်နေ
**********
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ မန္တလေး - နောင်ချို - လားရှိုးလမ်းမှ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားနေရာတွင် ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင် နေ့ဆိုင်း၊ ညဆိုင်းဖြင့် ဆောင်ရွက်နေသည်။

ယာယီဘေလီတံတားမှာ အရှည်(၂၁၀)ပေရှိသည့် နှစ်လမ်းသွား သံဘောင်ဘေလီတံတားဖြစ်ပြီး မိုင်းခွဲခံထားရသည့်တံတားအစား နှစ်လမ်းသွား သံကူကွန်ကရစ်တံတားကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး သြဂုတ်လ (၁၅)ရက်နေ့က နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး၏ မန္တလေး - လားရှိုးလမ်းပိုင်းမှ ဂုတ်တွင်းတံတား၊ သြဂုတ်လ (၁၇)ရက်နေ့တွင် လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်း၊ မိုင်တိုင်(၃၀/၇ - ၃၁/၀)ကြား ၊ နားတီးရွာအထွက်မှ တံတား၊  သိန္နီနှင့် ကွမ်းလုံမြို့နယ်အတွင်း သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်း မိုင်တိုင်(၁၅/၃-၄) ၊ ကောင်းကော်ရွာ နှင့် နမ့်တုန်ဆုံရွာကြားရှိ တံတားနှင့် မိုင်တိုင်(၄၀/၃-၄) ကြား ဗြုန်းတောင်အတွင်းရှိ တံတားတို့မှာလည်း မိုင်းခွဲဖျက်ဆီးခံရသဖြင့် အဆိုပါတံတားများနေရာတွင် ယာယီဘေလီတံတားများထိုးပေးရန် စီစဉ်နေခြင်းဖြစ်သည်။

TNLA၊ AA နှင့် MNDAA တို့ ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တံတားများကို မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးလည်း ရပ်ဆိုင်းနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net