ဂုတ္တြင္းတံတားမွ ယာဥ္ငယ္မ်ားျဖတ္သန္းခြင့္ျပဳထားၿပီး ကုန္တင္ယာဥ္ႀကီးမ်ား ျဖတ္သန္းနိုင္ရန္ ျပင္ဆင္မႈ တစ္လခန္႔ၾကာမည္

ဂုတ္တြင္းတံတားမွ ယာဥ္ငယ္မ်ားျဖတ္သန္းခြင့္ျပဳထားၿပီး ကုန္တင္ယာဥ္ႀကီးမ်ား ျဖတ္သန္းနိုင္ရန္ ျပင္ဆင္မႈ တစ္လခန္႔ၾကာမည္
သြဂုတ် 20, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕အနီး ဂုတ္တြင္းတံတားေနရာမွ ယာယီေဘလီတံတားတြင္ ယာဥ္ငယ္မ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ေန႔လယ္(၁)နာရီမွစ၍ ျဖတ္သန္းခြင့္ျပဳလုိက္ၿပီး ကုန္တင္ယာဥ္ႀကီးမ်ား ျဖတ္သန္းႏို္င္ရန္ျပင္ဆင္မႈမွာ အခ်ိန္တစ္လခန္႔ၾကာမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

မုိင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားေနရာမွ ယာယီေဘလီတံတားေပၚမွ လက္ရိွတြင္ အိမ္စီးယာဥ္ငယ္မ်ား၊ ခရီးသည္တင္ယာဥ္မ်ား၊ ယာဥ္ႏွင့္ကုန္အေလးခ်ိန္ (၃၆)တန္အထိ ကုန္ကားမ်ားကို စနစ္တက် ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ႏွင့္ကုန္တန္ခ်ိန္ (၄၈)တန္အထိ ကုန္ကားႀကီးမ်ား ျဖတ္သန္းခြင့္ျပဳႏိုင္ရန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တံတားအင္ဂ်င္နီယာမ်ားက ေဘလီတံတားသံေဘာင္မ်ား အားျဖည့္ေဆာင္ရြက္ျခင္းကို လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂုတ်တွင်းတံတားမှ ယာဉ်ငယ်များဖြတ်သန်းခွင့်ပြုထားပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းနိုင်ရန် ပြင်ဆင်မှု တစ်လခန့်ကြာမည်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အနီး ဂုတ်တွင်းတံတားနေရာမှ ယာယီဘေလီတံတားတွင် ယာဉ်ငယ်များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်(၁)နာရီမှစ၍ ဖြတ်သန်းခွင့်ပြုလိုက်ပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းနိုင်ရန်ပြင်ဆင်မှုမှာ အချိန်တစ်လခန့်ကြာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားနေရာမှ ယာယီဘေလီတံတားပေါ်မှ လက်ရှိတွင် အိမ်စီးယာဉ်ငယ်များ၊ ခရီးသည်တင်ယာဉ်များ၊ ယာဉ်နှင့်ကုန်အလေးချိန် (၃၆)တန်အထိ ကုန်ကားများကို စနစ်တကျ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်နှင့်ကုန်တန်ချိန် (၄၈)တန်အထိ ကုန်ကားကြီးများ ဖြတ်သန်းခွင့်ပြုနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားအင်ဂျင်နီယာများက ဘေလီတံတားသံဘောင်များ အားဖြည့်ဆောင်ရွက်ခြင်းကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net