မႏၱေလး - ေနာင္ခ်ိဳ-လားရိႈးလမ္းမွ မိုင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားျပဳျပင္ေနစဥ္ (၉)မုိင္ခြဲ - ေက်ာက္ဂူလမ္း အသံုးျပဳသူမ်ားေန

မႏၱေလး - ေနာင္ခ်ိဳ-လားရိႈးလမ္းမွ မိုင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတားျပဳျပင္ေနစဥ္ (၉)မုိင္ခြဲ - ေက်ာက္ဂူလမ္း အသံုးျပဳသူမ်ားေန
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၱေလး-ေနာင္ခ်ိဳ-လားရိႈးလမ္းမွ မုိင္းခြဲခံထားရသည့္ ဂုတ္တြင္းတံတား ေဘလီထိုးျခင္းလုပ္ငန္းကို တည္ေဆာက္ေနစဥ္ ျဖတ္သန္းမရသျဖင့္ လားရိႈးႏွင့္ ေနာင္ခ်ိဳမွ အျခားၿမိဳ႕မ်ားသို႔ သြားလာႏုိင္မည့္ လမ္းေၾကာင္းကို ခရီးသြားမ်ား အသံုးမ်ားေနေၾကာင္း သိရသည္။

“ဒီေန႔ဆို ကားစီးေရ (၅၀)၊ (၆၀)ေလာက္ရိွတယ္။ ခရီးသည္တင္ယာဥ္ေတြလည္း ေတြ႔တယ္။ ျပင္ဦးလြင္ - မိုးကုတ္ဘက္သြားတဲ့လမ္းရိွေပမဲ့ နယ္ေျမသိပ္စိတ္မခ်ရေတာ့ မသြားၾကဘူး။ ဒီဘက္ (၉)မုိင္လမ္းခြဲ - နမ့္လန္ - ေနာင္ဝိုး - ေက်ာက္ဂူလမ္းကေတာ့ အဆင္ေျပပါတယ္။ နယ္ေျမလည္း ေအးခ်မ္းတယ္”ဟု (၉)မုိင္လမ္းခြဲ - ေက်ာက္ဂူလမ္းကို အသံုးျပဳေနသည့္ ကိုသန္႔ေနလတ္က ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတြင္ ယာယီေဘလီတံတားကို ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ၿပီးစီးနုိင္ေရးတည္ေဆာက္ေနခ်ိန္တြင္ မည္သည့္ယာဥ္ကိုမွ ျဖတ္သန္းခြင့္ေပးမည္မဟုတ္သျဖင့္ လားရိႈးၿမိဳ႕ႏွင့္ ေနာင္ခ်ိဳၿမိဳ႕မ်ားမွ ခရီးသြားမ်ားအေနျဖင့္ (၉)မုိင္လမ္းခြဲ - နမ့္လန္-ေနာင္ဝိုး - ေက်ာက္ဂူလမ္းတြင္ ယာဥ္ငယ္မ်ား  (၁၃)တန္အထိ သြားလာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“လားရိႈးကေန သြားမယ္ဆိုရင္ သီေပါမေရာက္ခင္ (၉)မုိင္လမ္းခြဲ၊ အဲဒီကေန နမ့္လန္ကိုသြား အဲဒီက ေရႊနဂါးထမင္းဆုိင္ေဘးနားမွာ နမ့္လန္ - ေက်ာက္ဂူလမ္းဆိုၿပီး ဆုိင္းဘုတ္ရိွတယ္။ နမ့္လန္ကေန (၂၅)မုိင္ေလာက္က ျဗဳန္းလမ္းဆိုေတာ့ ကီလို (၈၀)၊ (၉၀)ေမာင္းႏိုင္တယ္။ ေနာင္ဝိုးရြာ ေရာက္ရင္ေတာ့ (၇)မုိင္၊ (၈)မိုင္ေလာက္က ေက်ာက္ၾကမ္းလမ္းေလး ဒါေပမဲ့ ကားေလးေတြေတာ့ လြတ္တယ္။ ေနာင္ဝိုးကေန ဟိုဘက္ ေက်ာက္ဂူဘက္ထိ (၇)မုိင္ေလာက္က ကတၱရာလမ္းေပါ့”ဟု (၉)မုိင္လမ္းခြဲ - ေက်ာက္ဂူလမ္းကို အသံုးျပဳေနသည့္ ကိုသန္႔ေနလတ္က ေျပာသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားအထူးအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ယာယီေဘလီတံတားသံေဘာင္မ်ား စတင္တပ္ဆင္ေနၾကၿပီျဖစ္ၿပီး ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ၿပီးစီးရန္လ်ာထားျခင္းျဖစ္သည္။

“ေက်ာက္ဂူနားတဝိုက္ကေတာ့ အတက္အဆင္းမတ္တယ္။ မေမာင္းဘူးတဲ့ကားေတြဆိုရင္ေတာ့ သတိထားေစခ်င္တယ္။ ေက်ာက္ဂူ ဒုဌဝတီတံတားက အတက္အဆင္း အရမ္းျမင့္ပါတယ္”ဟု ေနာင္ခ်ိဳၿမိဳ႕မွ ကိုမ်ိဳးက လမ္းအသံုးျပဳသူမ်ားကို သတိေပးထားသည္။

ေက်ာက္ဂူရြာမွ ဒုဌဝတီတံတား(ေနာင္ခ်ိဳ)ကိုျဖတ္၍ ေနာင္ခ်ိဳၿမိဳ႕သို႔လည္းေကာင္း၊ ေက်ာက္ဂူရြာမွ အင္ေတာ - ရပ္ေစာက္ - ေရႊေညာင္မွတစ္ဆင့္ ေတာင္ႀကီး၊ ေနျပည္ေတာ္ႏွင့္ မႏၱေလးၿမိဳ႕မ်ားသို႔လည္းေကာငး္၊(၉)မုိင္လမ္းခြဲ - နမ့္လန္-မုိင္းကိုင္ -လဲခ်ား - လိြဳင္လင္မွတဆင့္ ေတာင္ႀကီးၿမိဳ႕ႏွင့္ အျခားၿမိဳ႕မ်ားသို႔လည္းေကာင္း၊  မယ္ဟန္လမ္းဆံု - မိုင္းေနာင္လမ္းခြဲ -လဲခ်ား -လိြဳင္လင္မွတစ္ဆင့္ အျခားၿမိဳ႕မ်ားသို႔လည္းေကာင္း၊ မယ္ဟန္လမ္းဆံု - မုိင္းေနာင္လမ္းခြဲ - ဝမ္ဆင္း - ခိုလမ္မွတဆင့္ အျခားၿမိဳ႕မ်ားသို႔လည္းေကာင္း ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္အတုိင္း ျဖတ္သန္းသြားလာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ဂုတ္တြင္းလမ္းပိုင္းမွာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔က တုိက္ပြဲအတြင္း မိုင္းခြဲခံရျခင္းျဖစ္ၿပီး ၾသဂုတ္လ (၁၇)ရက္ေန႔တြင္လည္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးခ႐ိုင္ ၊သိႏၷီ ႏွင့္ ကြမ္းလံု ၿမိဳ႕နယ္အတြင္း သိႏၷီ - ကြမ္းလံု - ခ်င္းေရႊေဟာ္လမ္း၊ မိုင္တိုင္(၁၅/၃-၄)၊ ေကာင္းေကာ္ရြာႏွင့္ နမ့္တုန္ဆံုရြာၾကား တံတားအမွတ္(၄/၁၆)၊ သံကူကြန္ကရစ္တံတား (၁)စင္းႏွင့္ မိုင္တိုင္(၄၀/၃-၄) ၾကား ျဗဳန္းေတာင္အတြင္းရွိ တံတားအမွတ္(၂/၄၁)၊ RC Arch Bridge (၁)စင္း တို႔မွာလည္း မိုင္းခြဲခံထားရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - သန္႔ေနလတ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန္တလေး - နောင်ချို-လားရှိုးလမ်းမှ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတားပြုပြင်နေစဉ် (၉)မိုင်ခွဲ - ကျောက်ဂူလမ်း အသုံးပြုသူများနေ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-နောင်ချို-လားရှိုးလမ်းမှ မိုင်းခွဲခံထားရသည့် ဂုတ်တွင်းတံတား ဘေလီထိုးခြင်းလုပ်ငန်းကို တည်ဆောက်နေစဉ် ဖြတ်သန်းမရသဖြင့် လားရှိုးနှင့် နောင်ချိုမှ အခြားမြို့များသို့ သွားလာနိုင်မည့် လမ်းကြောင်းကို ခရီးသွားများ အသုံးများနေကြောင်း သိရသည်။

“ဒီနေ့ဆို ကားစီးရေ (၅၀)၊ (၆၀)လောက်ရှိတယ်။ ခရီးသည်တင်ယာဉ်တွေလည်း တွေ့တယ်။ ပြင်ဦးလွင် - မိုးကုတ်ဘက်သွားတဲ့လမ်းရှိပေမဲ့ နယ်မြေသိပ်စိတ်မချရတော့ မသွားကြဘူး။ ဒီဘက် (၉)မိုင်လမ်းခွဲ - နမ့်လန် - နောင်ဝိုး - ကျောက်ဂူလမ်းကတော့ အဆင်ပြေပါတယ်။ နယ်မြေလည်း အေးချမ်းတယ်”ဟု (၉)မိုင်လမ်းခွဲ - ကျောက်ဂူလမ်းကို အသုံးပြုနေသည့် ကိုသန့်နေလတ်က သြဂုတ်လ (၁၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် ယာယီဘေလီတံတားကို သြဂုတ်လ (၂၀)ရက်နေ့တွင် ပြီးစီးနိုင်ရေးတည်ဆောက်နေချိန်တွင် မည်သည့်ယာဉ်ကိုမှ ဖြတ်သန်းခွင့်ပေးမည်မဟုတ်သဖြင့် လားရှိုးမြို့နှင့် နောင်ချိုမြို့များမှ ခရီးသွားများအနေဖြင့် (၉)မိုင်လမ်းခွဲ - နမ့်လန်-နောင်ဝိုး - ကျောက်ဂူလမ်းတွင် ယာဉ်ငယ်များ  (၁၃)တန်အထိ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လားရှိုးကနေ သွားမယ်ဆိုရင် သီပေါမရောက်ခင် (၉)မိုင်လမ်းခွဲ၊ အဲဒီကနေ နမ့်လန်ကိုသွား အဲဒီက ရွှေနဂါးထမင်းဆိုင်ဘေးနားမှာ နမ့်လန် - ကျောက်ဂူလမ်းဆိုပြီး ဆိုင်းဘုတ်ရှိတယ်။ နမ့်လန်ကနေ (၂၅)မိုင်လောက်က ဗြုန်းလမ်းဆိုတော့ ကီလို (၈၀)၊ (၉၀)မောင်းနိုင်တယ်။ နောင်ဝိုးရွာ ရောက်ရင်တော့ (၇)မိုင်၊ (၈)မိုင်လောက်က ကျောက်ကြမ်းလမ်းလေး ဒါပေမဲ့ ကားလေးတွေတော့ လွတ်တယ်။ နောင်ဝိုးကနေ ဟိုဘက် ကျောက်ဂူဘက်ထိ (၇)မိုင်လောက်က ကတ္တရာလမ်းပေါ့”ဟု (၉)မိုင်လမ်းခွဲ - ကျောက်ဂူလမ်းကို အသုံးပြုနေသည့် ကိုသန့်နေလတ်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နေ့လယ်ပိုင်းတွင် ယာယီဘေလီတံတားသံဘောင်များ စတင်တပ်ဆင်နေကြပြီဖြစ်ပြီး သြဂုတ်လ (၂၀)ရက်နေ့တွင် ပြီးစီးရန်လျာထားခြင်းဖြစ်သည်။

“ကျောက်ဂူနားတဝိုက်ကတော့ အတက်အဆင်းမတ်တယ်။ မမောင်းဘူးတဲ့ကားတွေဆိုရင်တော့ သတိထားစေချင်တယ်။ ကျောက်ဂူ ဒုဌဝတီတံတားက အတက်အဆင်း အရမ်းမြင့်ပါတယ်”ဟု နောင်ချိုမြို့မှ ကိုမျိုးက လမ်းအသုံးပြုသူများကို သတိပေးထားသည်။

ကျောက်ဂူရွာမှ ဒုဌဝတီတံတား(နောင်ချို)ကိုဖြတ်၍ နောင်ချိုမြို့သို့လည်းကောင်း၊ ကျောက်ဂူရွာမှ အင်တော - ရပ်စောက် - ရွှေညောင်မှတစ်ဆင့် တောင်ကြီး၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့လည်းကောငး်၊(၉)မိုင်လမ်းခွဲ - နမ့်လန်-မိုင်းကိုင် -လဲချား - လွိုင်လင်မှတဆင့် တောင်ကြီးမြို့နှင့် အခြားမြို့များသို့လည်းကောင်း၊  မယ်ဟန်လမ်းဆုံ - မိုင်းနောင်လမ်းခွဲ -လဲချား -လွိုင်လင်မှတစ်ဆင့် အခြားမြို့များသို့လည်းကောင်း၊ မယ်ဟန်လမ်းဆုံ - မိုင်းနောင်လမ်းခွဲ - ဝမ်ဆင်း - ခိုလမ်မှတဆင့် အခြားမြို့များသို့လည်းကောင်း မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်းမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က တိုက်ပွဲအတွင်း မိုင်းခွဲခံရခြင်းဖြစ်ပြီး သြဂုတ်လ (၁၇)ရက်နေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ၊သိန္နီ နှင့် ကွမ်းလုံ မြို့နယ်အတွင်း သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်း၊ မိုင်တိုင်(၁၅/၃-၄)၊ ကောင်းကော်ရွာနှင့် နမ့်တုန်ဆုံရွာကြား တံတားအမှတ်(၄/၁၆)၊ သံကူကွန်ကရစ်တံတား (၁)စင်းနှင့် မိုင်တိုင်(၄၀/၃-၄) ကြား ဗြုန်းတောင်အတွင်းရှိ တံတားအမှတ်(၂/၄၁)၊ RC Arch Bridge (၁)စင်း တို့မှာလည်း မိုင်းခွဲခံထားရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - သန့်နေလတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net