မိုင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ (၅)ရက္အတြင္း တံတားၿပီးစီးေအာင္ ျပန္လည္ တည္ေဆာက္ေပးမည္

မိုင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ (၅)ရက္အတြင္း တံတားၿပီးစီးေအာင္ ျပန္လည္ တည္ေဆာက္ေပးမည္
သြဂုတ် 15, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၱေလး - ေနာင္ခ်ိဳ - ေက်ာက္မဲလမ္းပိုင္းတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၅)ရက္ေန႔ နံနက္ပိုင္းက တုိက္ပြဲမ်ားအတြင္း မိုင္းခြဲဖ်က္ဆီးခံလုိက္ရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ႏွစ္လမ္းသြား ေဘလီတံတားကို (၅)ရက္အတြင္း အၿပီးတည္ေဆာက္ေပးႏုိင္ရန္ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ဂုတ္တြင္းတံတားပ်က္စီးေနသျဖင့္ မႏၲေလးႏွင့္ လား႐ႈိးၾကား လမ္းပန္းဆက္သြယ္မႈ ျပတ္ေတာက္ေနျခင္းျဖစ္သည္။

အဆိုပါတံတားေနရာတြင္  ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွ တံတားတည္ေဆာက္ေရး အထူးအဖြဲ႔မ်ားျဖင့္ ႏွစ္လမ္းသြားေဘလီတံတားတည္ေဆာက္ေရးအတြက္ ၾသဂုတ္လ (၁၅)ရက္ေန႔ ညေနပိုင္းမွစ၍ တံတားသံေဘာင္ေဘလီမ်ား စတင္သယ္ယူေနၿပီျဖစ္ေၾကာင္း သိရသည္။

တအာင္းအဖြဲ႕(TNLA)၊ ရခုိင္အဖြဲ႕(AA)ႏွင့္ ကုိးကန္႔အဖြဲ႕(MNDAA) တုိ႔ပူးေပါင္းအဖြဲ႕က ၾသဂုတ္လ (၁၅) ရက္ေန႔ နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ေက်ာင္းအား လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္း၊ ေနာင္ခ်ိဳၿမိဳ႕ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ ဂုတ္တြင္းလမ္းပိုင္းရွိ ရဲကင္းတို႔အား တုိက္ခုိက္ခဲ့သျဖင့္ တပ္မေတာ္ႏွင့္ တုိက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ဂုတ္တြင္းလမ္းပိုင္းကို မိုင္းခြဲခံခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတားနေရာတွင် (၅)ရက်အတွင်း တံတားပြီးစီးအောင် ပြန်လည် တည်ဆောက်ပေးမည်
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - နောင်ချို - ကျောက်မဲလမ်းပိုင်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၅)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများအတွင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် ဂုတ်တွင်းတံတားနေရာတွင် နှစ်လမ်းသွား ဘေလီတံတားကို (၅)ရက်အတွင်း အပြီးတည်ဆောက်ပေးနိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂုတ်တွင်းတံတားပျက်စီးနေသဖြင့် မန္တလေးနှင့် လားရှိုးကြား လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေခြင်းဖြစ်သည်။

အဆိုပါတံတားနေရာတွင်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တံတားတည်ဆောက်ရေး အထူးအဖွဲ့များဖြင့် နှစ်လမ်းသွားဘေလီတံတားတည်ဆောက်ရေးအတွက် သြဂုတ်လ (၁၅)ရက်နေ့ ညနေပိုင်းမှစ၍ တံတားသံဘောင်ဘေလီများ စတင်သယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့(MNDAA) တို့ပူးပေါင်းအဖွဲ့က သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နောင်ချိုမြို့ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းလမ်းပိုင်းရှိ ရဲကင်းတို့အား တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဂုတ်တွင်းလမ်းပိုင်းကို မိုင်းခွဲခံခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net