တာခ်ီလိတ္တြင္ ဆင္တုပ္ေကြးျပန္႔ႏွံ႕မႈမရိွေသးေသာ္လည္း အျခားေဒသမ်ားမွ ကူးစက္ျဖစ္ပြားသူ အခ်ိဳ႕ရိွေန

တာခ်ီလိတ္တြင္ ဆင္တုပ္ေကြးျပန္႔ႏွံ႕မႈမရိွေသးေသာ္လည္း အျခားေဒသမ်ားမွ ကူးစက္ျဖစ္ပြားသူ အခ်ိဳ႕ရိွေန
သြဂုတ် 19, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျခင္မွကူးစက္သည့္ ဆင္တုပ္ေကြး (ခ်ီကန္ဂန္ညာ) ေရာဂါျဖစ္ပြားမႈ အမ်ားအျပား မရိွေသးေသာ္လည္း တုပ္ေကြးျဖစ္ပြားေနသည့္ေဒသမွ ကူးစက္ျဖစ္ပြားလာသူ အနည္းငယ္ရိွသျဖင့္ ျခင္ႏွိမ္နင္းေရးကို သတိထားေဆာင္ရြက္ရန္ တာခ်ီလိတ္ခရိုင္ ေဆးရံုအုပ္ႀကီးက တုိက္တြန္းလိုက္သည္။

"ဆင္တုပ္ေကြးက ေသြးလြန္တုပ္ေကြးျဖစ္တဲ့ျခင္ေၾကာင့္ မို႔လို႔ပဲ။ အဓိကကေတာ့ ျခင္ႏွိမ္န င္းေရးလုပ္ရမွာေပါ့။ အပတ္စဥ္ ဖုံး၊ သြန္၊ လဲ၊ စစ္လုပ္ေနတာနဲ႔တင္ အဆင္ေျပမွာေပါ့။ ဆင္တုပ္ေကြးက တစ္ႏိုင္ငံလံုးျဖစ္ေနတာ။ တစ္ခ်ို႕ဆို ၿမို႕အလိုက္ျဖစ္ေနတာေပါ့။ ကၽြန္ေတာ္တို႔ၿမို႕မွာေတာ့ ျခင္ႏွိမ္နင္းေရးလုပ္ေနတာက ဒီအတြက္ပါ ကာကြယ္ၿပီးျဖစ္တာေပါ့။ ေဆးရံုမွာေတာ့ စာရင္းမရိွေသးဘူး။ အျပင္မွာ အျခားကေနျဖစ္ၿပီး ျပန္လာတဲ့သူေတြအေနနဲ႔ကေတာ့ ျခင္အကိုက္မခံရေအာင္ ေနသင့္တာေပါ့။ တစ္ပတ္၊ ဆယ္ရက္ ျခင္ကိုက္မခံရေအာင္ေနရင္ ၿပီးသြားမွာေပါ့။ မဟုတ္ရင္ျခင္ကိုျပန္ကူး၊ ျခင္ကေနျပန္ျဖန္႔ အဲဒီလိုျဖစ္သြားမွာေပါ့" ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆင္တုပ္ေကြး ေခၚ ဂ်ပန္တုပ္ေကြးမွာ ေသြးလြန္တုပ္ေကြးျဖစ္ေစသည့္ ေအ့ဒီးစ္ျခင္ကိုက္ခံရျခင္းျဖစ္ေၾကာင့္ ျဖစ္ပြားၿပီး ေရာဂါပိုးသယ္ေဆာင္ေသာျခင္ ကိုက္ခံရျပီး (၃) ရက္မွ (၇)ရက္အတြင္း ေရာဂါလကၡဏာ စတင္ျပသေၾကာင္း သိရသည္။

ကိုယ္အပူခ်ိန္ျမင့္မားၿပီး အဖ်ားႀကီးျခင္း၊ ေခါင္းကိုက္ျခင္း၊ အဆစ္အျမစ္ ေရာင္ရမ္းကိုက္ခဲျခင္း၊ အနီပိမ့္အနီကြက္မ်ားထြက္ျခင္း၊ ေမာပန္းအားနည္းျခင္း၊ ၾကြက္သားမ်ားနာက်င္ျခင္းႏွင့္ အႀကိတ္ထြက္ျခင္းစသည့္ လကၡဏာမ်ားေတြ႔ရေလ့ရိွၿပီး ေကာင္းစြာေဆးကုသမႈခံယူရန္ လိုအပ္ေၾကာင္း သိရသည္။

ဆင္တုပ္ေကြး ေခၚ ဂ်ပန္တုပ္ေကြးျဖစ္ပြားသူမ်ား၏ (၇၀)ရာခုိင္ႏႈန္းမွာ (၃)ပတ္ခန္႔အထိ ၾကာျမင့္တတ္ၿပီး အမ်ားဆံုး (၃)လမွ (၆)လအထိ ျဖစ္ပြားေလ့ရိွသည့္အျပင္ အသက္ႀကီးသူမ်ားႏွင့္ ေလးဖက္နာသမားမ်ားတြင္ အခ်ိန္ပိုၾကာၾကာခံစားရေလ့ရိွေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဆင်တုပ်ကွေးပြန့်နှံ့မှုမရှိသေးသော်လည်း အခြားဒေသများမှ ကူးစက်ဖြစ်ပွားသူ အချို့ရှိနေ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ခြင်မှကူးစက်သည့် ဆင်တုပ်ကွေး (ချီကန်ဂန်ညာ) ရောဂါဖြစ်ပွားမှု အများအပြား မရှိသေးသော်လည်း တုပ်ကွေးဖြစ်ပွားနေသည့်ဒေသမှ ကူးစက်ဖြစ်ပွားလာသူ အနည်းငယ်ရှိသဖြင့် ခြင်နှိမ်နင်းရေးကို သတိထားဆောင်ရွက်ရန် တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီးက တိုက်တွန်းလိုက်သည်။

"ဆင်တုပ်ကွေးက သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်ကြောင့် မို့လို့ပဲ။ အဓိကကတော့ ခြင်နှိမ်နင်းရေးလုပ်ရမှာပေါ့။ အပတ်စဉ် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်နေတာနဲ့တင် အဆင်ပြေမှာပေါ့။ ဆင်တုပ်ကွေးက တစ်နိုင်ငံလုံးဖြစ်နေတာ။ တစ်ချို့ဆို မြို့အလိုက်ဖြစ်နေတာပေါ့။ ကျွန်တော်တို့မြို့မှာတော့ ခြင်နှိမ်နင်းရေးလုပ်နေတာက ဒီအတွက်ပါ ကာကွယ်ပြီးဖြစ်တာပေါ့။ ဆေးရုံမှာတော့ စာရင်းမရှိသေးဘူး။ အပြင်မှာ အခြားကနေဖြစ်ပြီး ပြန်လာတဲ့သူတွေအနေနဲ့ကတော့ ခြင်အကိုက်မခံရအောင် နေသင့်တာပေါ့။ တစ်ပတ်၊ ဆယ်ရက် ခြင်ကိုက်မခံရအောင်နေရင် ပြီးသွားမှာပေါ့။ မဟုတ်ရင်ခြင်ကိုပြန်ကူး၊ ခြင်ကနေပြန်ဖြန့် အဲဒီလိုဖြစ်သွားမှာပေါ့" ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆင်တုပ်ကွေး ခေါ် ဂျပန်တုပ်ကွေးမှာ သွေးလွန်တုပ်ကွေးဖြစ်စေသည့် အေ့ဒီးစ်ခြင်ကိုက်ခံရခြင်းဖြစ်ကြောင့် ဖြစ်ပွားပြီး ရောဂါပိုးသယ်ဆောင်သောခြင် ကိုက်ခံရပြီး (၃) ရက်မှ (၇)ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြသကြောင်း သိရသည်။

ကိုယ်အပူချိန်မြင့်မားပြီး အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်း၊ အနီပိမ့်အနီကွက်များထွက်ခြင်း၊ မောပန်းအားနည်းခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် အကြိတ်ထွက်ခြင်းစသည့် လက္ခဏာများတွေ့ရလေ့ရှိပြီး ကောင်းစွာဆေးကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။

ဆင်တုပ်ကွေး ခေါ် ဂျပန်တုပ်ကွေးဖြစ်ပွားသူများ၏ (၇၀)ရာခိုင်နှုန်းမှာ (၃)ပတ်ခန့်အထိ ကြာမြင့်တတ်ပြီး အများဆုံး (၃)လမှ (၆)လအထိ ဖြစ်ပွားလေ့ရှိသည့်အပြင် အသက်ကြီးသူများနှင့် လေးဖက်နာသမားများတွင် အချိန်ပိုကြာကြာခံစားရလေ့ရှိကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net