တာေလၿမိဳ႕တြင္ တိုင္းရင္းသားေပါင္းစံု (၂၂)ဦး ကြန္ပ်ဴတာသင္တန္းဆင္း

တာေလၿမိဳ႕တြင္ တိုင္းရင္းသားေပါင္းစံု (၂၂)ဦး ကြန္ပ်ဴတာသင္တန္းဆင္း
သြဂုတ် 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕တြင္ တာေလ/က်ိဳင္းလပ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမွဳအသင္းက Tai Youth Organization ( TYO)နွင့္ ပထမဆံုးအႀကိမ္ ပူးေပါင္းက်င္းပသည့္ ပထမအႀကိမ္ အေျခခံ ကြန္ပ်ဴတာ သင္တန္းသို႔ တက္ေရာက္ခဲ့သည့္ တုိင္းရင္းသားေပါင္းစံု သင္တန္းသား၊ သင္တန္းသူ (၂၂)ဦး ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၇)ရက္ေန႔က သင္တန္းဆင္း လက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

“ဒီသင္တန္းက ပထမဆံုးအႀကိမ္ျဖစ္ေတာ့ ကြန္ပ်ဴတာရိွသေလာက္လက္ခံရေတာ့ ကြန္ပ်ဴတာ (၂၂)လံုးပဲရိွေတာ့ သင္တန္းသား (၂၂)ေယာက္ လက္ခံလုိက္တာပါ။ အသင္းက လုပ္တယ္ဆိုေပမဲ့ ဘယ္တုိင္းရင္းသားဆိုတာ ကန္႔သတ္ မထားပါဘူး။ ဒီသင္တန္းမွာ ေဒသတြင္းက တုိင္းရင္းသားအားလံုး ပါပါတယ္။ သင္တန္းတက္ခ်င္သူတုိင္း တက္ခြင့္ရိွပါတယ္။ ႏွစ္တုိင္းလည္း ဒီလိုသင္တန္းေတြ လုပ္ေပးသြားဖုိ႔ ႀကိဳးစားသြားမွာပါ။ ကြန္ပ်ဴတာေတြလည္း ထပ္တိုးႏုိင္ေအာင္ ႀကိဳးစားသြားမွာပါ”ဟု တာေလ/က်ိဳင္းလပ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမွဳအသင္း ဥကၠဌ ဦးစိုင္းသန္႔ဇင္လတ္(ခ)ကိုအိုက္ပီးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းတြင္ တာေလ၊ မိုင္းပ်ဥ္းႏွင့္ က်ိဳင္းလပ္မွ သင္တန္းသား၊ သင္တန္းသူ (၂၂)ဦး တက္ေရာက္ၾကျခင္းျဖစ္ၿပီး သင္တန္းသားမ်ားအားလံုးကို သင္တန္းဆင္းလက္မွတ္မ်ားအား တာ၀န္ရွိသူမ်ားက အသီးသီး  ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္းသိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - STZL


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက Tai Youth Organization ( TYO)နှင့် ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသည့် ပထမအကြိမ် အခြေခံ ကွန်ပျူတာ သင်တန်းသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

“ဒီသင်တန်းက ပထမဆုံးအကြိမ်ဖြစ်တော့ ကွန်ပျူတာရှိသလောက်လက်ခံရတော့ ကွန်ပျူတာ (၂၂)လုံးပဲရှိတော့ သင်တန်းသား (၂၂)ယောက် လက်ခံလိုက်တာပါ။ အသင်းက လုပ်တယ်ဆိုပေမဲ့ ဘယ်တိုင်းရင်းသားဆိုတာ ကန့်သတ် မထားပါဘူး။ ဒီသင်တန်းမှာ ဒေသတွင်းက တိုင်းရင်းသားအားလုံး ပါပါတယ်။ သင်တန်းတက်ချင်သူတိုင်း တက်ခွင့်ရှိပါတယ်။ နှစ်တိုင်းလည်း ဒီလိုသင်တန်းတွေ လုပ်ပေးသွားဖို့ ကြိုးစားသွားမှာပါ။ ကွန်ပျူတာတွေလည်း ထပ်တိုးနိုင်အောင် ကြိုးစားသွားမှာပါ”ဟု တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းတွင် တာလေ၊ မိုင်းပျဉ်းနှင့် ကျိုင်းလပ်မှ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ကြခြင်းဖြစ်ပြီး သင်တန်းသားများအားလုံးကို သင်တန်းဆင်းလက်မှတ်များအား တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - STZL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net