ထိုင္းႏုိင္ငံတြင္ ဘတ္ေငြ (၁၂)သန္း ထီေပါက္ထားသည့္ အမ်ဳိးသားတစ္ဦးက မူးယစ္ေဆး၀ါးသံုးစြဲသူ အေပါင္းအသင္းမ်ားအား စိတ္ၾကြေဆးျပားမ်ားျဖင့္ ဧည့္ခံေလ့ရွိ၍ ရဲတပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္း

ထိုင္းႏုိင္ငံတြင္ ဘတ္ေငြ (၁၂)သန္း ထီေပါက္ထားသည့္ အမ်ဳိးသားတစ္ဦးက မူးယစ္ေဆး၀ါးသံုးစြဲသူ အေပါင္းအသင္းမ်ားအား စိတ္ၾကြေဆးျပားမ်ားျဖင့္ ဧည့္ခံေလ့ရွိ၍ ရဲတပ္ဖြဲ႔က ဖမ္းဆီးထိန္းသိမ္း
သြဂုတ် 10, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ ဘတ္ေငြ(၁၂)သန္းဆု ထီေပါက္ထားသည့္ ကုန္စိမ္းသည္အမ်ိဳးသားတစ္ဦးက   မူးယစ္ေဆး၀ါးသံုးစြဲသူ အေပါင္းအသင္းမ်ားႏွင့္ အိမ္နီးခ်င္း ဆယ္ေက်ာ္သက္ကေလးမ်ားကို စိတ္ၾကြေဆးျပားျဖင့္ ဧည့္ခံေလ့ရိွသျဖင့္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ ပထမပတ္အတြင္းက ဖမ္းဆီးထိန္းသိမ္း ခံလုိက္ရေၾကာင္း သိရသည္။

ဘတ္(၁၂)သန္းဆု ထီေပါက္ၿပီးေနာက္ အိမ္ႏွင့္ၿခံဝယ္ယူေနထုိင္ၿပီးေနာက္ ေန႔စဥ္ အလည္အပတ္လာသည့္ သူငယ္ခ်င္းမ်ားအား စိတ္ၾကြေဆးျပားမ်ားျဖင့္ ဧည့္ခံေလ့ရိွသည့္ အျပင္ အနီးဝန္းက်င္ရိွ ဆယ္ေက်ာ္သက္ကေလးမ်ားကိုပါ စိတ္ၾကြေဆးျပားမ်ား ေပးေဝေလ့ရိွေၾကာင္း ရဲတပ္ဖြဲ႕က သတင္းရခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ရဲတပ္ဖြဲ႕က ေနအိမ္အတြင္း ဝင္ေရာက္ရွာေဖြၿပီးေနာက္ ေခၚယူစစ္ေဆးရာ အိမ္ၿခံဝန္းအတြင္း သရက္ပင္ေအာက္တြင္ ပလတ္စတစ္ျဖင့္ ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၃၁)ျပားကိုရွာေဖြေတြ႔ရိွခဲ့ေၾကာင္း သိရသည္။

၎သည္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၆)ရက္ေန႔က ထီေပါက္ခဲ့ၿပီးေနာက္ ဘတ္ (၇)သန္းတန္ ေျမ(၄)ရိုင္ႏွင့္  ဘတ္ (၃.၅)သန္းတန္အိမ္တို႔ ဝယ္ယူေနထုိင္ၿပီးေနာက္ ေန႔စဥ္လာေရာက္သည့္ သူငယ္ခ်င္းမ်ားႏွင့္ ၎ကိုယ္တုိင္က စိတ္ၾကြေဆးျပားမ်ားကို သံုးစြဲေလ့ရိွေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

အဆိုပါ အမ်ိဳးသားအား ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္  လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref; WorkpointNews


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် ဘတ်ငွေ(၁၂)သန်းဆု ထီပေါက်ထားသည့် ကုန်စိမ်းသည်အမျိုးသားတစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲသူ အပေါင်းအသင်းများနှင့် အိမ်နီးချင်း ဆယ်ကျော်သက်ကလေးများကို စိတ်ကြွဆေးပြားဖြင့် ဧည့်ခံလေ့ရှိသဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရကြောင်း သိရသည်။

ဘတ်(၁၂)သန်းဆု ထီပေါက်ပြီးနောက် အိမ်နှင့်ခြံဝယ်ယူနေထိုင်ပြီးနောက် နေ့စဉ် အလည်အပတ်လာသည့် သူငယ်ချင်းများအား စိတ်ကြွဆေးပြားများဖြင့် ဧည့်ခံလေ့ရှိသည့် အပြင် အနီးဝန်းကျင်ရှိ ဆယ်ကျော်သက်ကလေးများကိုပါ စိတ်ကြွဆေးပြားများ ပေးဝေလေ့ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ရှာဖွပြေီးနောက် ခေါ်ယူစစ်ဆေးရာ အိမ်ခြံဝန်းအတွင်း သရက်ပင်အောက်တွင် ပလတ်စတစ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၃၁)ပြားကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့က ထီပေါက်ခဲ့ပြီးနောက် ဘတ် (၇)သန်းတန် မြေ(၄)ရိုင်နှင့် ဘတ် (၃.၅)သန်းတန်အိမ်တို့ ဝယ်ယူနေထိုင်ပြီးနောက် နေ့စဉ်လာရောက်သည့် သူငယ်ချင်းများနှင့်၎င်းကိုယ်တိုင်က စိတ်ကြွဆေးပြားများကို သုံးစွဲလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါ အမျိုးသားအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
Ref; WorkpointNews

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net