တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှ တဆင့် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ သြဂုတ်လ(၁၉)ရက်နေ့မှ စ၍ ဖြတ်သန်းသွားလာနိုင်မည်

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှ တဆင့် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များ သြဂုတ်လ(၁၉)ရက်နေ့မှ စ၍ ဖြတ်သန်းသွားလာနိုင်မည်
သွဂုတျ 8, 2019
By Tachileik News Agency




အဆိုပါမော်တော်ယာဉ်များအား မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှသာ ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်သော်လည်း  နေ့စဉ်နီးပါး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် ပထမအဆင့်အနေဖြင့် ချစ်ကြည်ရေး တံတား(၂)မှ တစ်ဆင့် မြန်မာ/ထိုင်း ကျောင်းကြိုပို့ မော်တော်ယာဉ်များနှင့် လူနာတင်ယာဉ်များ အပါအဝင် ကျောင်းကြို/ပို့ မိသားစုကားနှင့် ဆိုင်ကယ်များကို ဖြတ်သန်းသွားလာခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတား(၂)မှ ဖြတ်သန်းသွားလာမည့် ကျောင်းကြိုပို့ ယာဉ်များ၊ ကိုယ်ပိုင်ကျောင်းကြို/ပို့ မိသားစုကား၊ ဆိုင်ကယ်များ အနေဖြင့် ကျောင်းကြို/ပို့ပြုလုပ်ရန် မှန်ကန်ကြောင်းနှင့် ကျောင်းသား/သူ အမည်စာရင်း၊ ယာဉ်အမှတ်နှင့် လိုက်ပါပို့ဆောင်မည့်သူ၏ အမည်များဖြင့် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးဖွင့်ရက်များတွင် စာရင်းပေးကာ မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသည်။


တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားအမှတ်(၁)သည် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည(၈)နာရီခွဲအထိ ဖွင့်လှစ်သော်လည်း ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုသည့် ချစ်ကြည်ရေးတံတား(၂)သည် နံနက် (၆)နာရီမှ ည(၆)နာရီအထိသာ ဖွင့်လှစ်သည့်အတွက် ညနေပိုင်း ကျောင်းကြို/ပို့ ယာဉ်များအနေဖြင့် တခါတရံ ကျောင်းနောက်ကျသည်များရှိပါက တံတား(၁)မှ ည(၈)နာရီခွဲအထိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။

ကျောင်းကြို/ပို့ ယာဉ်များဖြစ်သည့် မှန်လုံကားများအနေဖြင့် ချစ်ကြည်ရေးတံတား(၂)မှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ရာ လတ်တလော စာရင်းအရ ထိုင်းယာဉ် (၁၉)စီး၊ မြန်မာ ယာဉ်(၇)စီးနှင့် ကျောင်းသား၊ကျောင်းသူ(၆၇၂)ဦး၊ လူနာတင်ယာဉ်(၁၃)စီး စာရင်းပေးထားကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွင် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအဝေးတွင် ထိုင်းဘက်က (၃)ကြိမ်တိတိ တင်ပြဆွေးနွေးခြင်းများလည်း ရှိခဲ့သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးအတွက်အသုံးပြုနေသည့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)တွင် ကျောင်းကြို/ပို့ယာဉ်များနှင့် လူနာတင်ယာဉ်များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့မှ စ၍ ဖြတ်သန်းသွားလာခွင့်ပြုတော့မည်ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ နေ့လယ် (၁) နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်ခရိုင်/ မြို့နယ် စုပေါင်းရုံးတွင် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် တွေ့ဆုံ ဆွေးနွေးပွဲကျင်းပရာ မြန်မာဘက်မှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သည့် မြို့နယ်အဆင့်တာဝန်ရှိသူများ နှင့် ထိုင်းဘက်မှ မယ်ဆိုင်မြို့ပိုင် နိုင်စုမ်စပ်ခနာခမ်း ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ကြခြင်းဖြစ်သည်။

"လာမယ့် သြဂုတ်လ(၁၉)ရက်နေ့ကစပြီး ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုပါမယ်။ အဓိကကတော့ ကျောင်းကားနဲ့ လူနာတင်ကားနဲ့ပေါ့။ ကျောင်းကားဆိုတဲ့ အမျိုးအစားထဲမှာ ကျောင်းသား၊ကျောင်းသူတွေကို အမှန်တကယ်ပို့နေတဲ့ ကားအမျိုးအစား၊ သုံးဘီး၊ ဆိုင်ကယ် စတာတွေကို ခွင့်ပြုမှာဖြစ်ပါတယ်။ ကျောင်းကားတွေနဲ့ ပတ်သက်ပြီး မိဘတွေကိုယ်တိုင် ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် ဆိုင်ကယ်ပို့နေတာတွေဆိုလည်း တံတား (၂)ကနေ ဖြတ်သန်းလို့ရပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါမော်တော်ယာဉ်များအား မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှသာ ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်သော်လည်း နေ့စဉ်နီးပါး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် ပထမအဆင့်အနဖြေင့် ချစ်ကြည်ရေး တံတား(၂)မှ တစ်ဆင့် မြန်မာ/ထိုင်း ကျောင်းကြိုပို့ မော်တော်ယာဉ်များနှင့် လူနာတင်ယာဉ်များ အပါအဝင် ကျောင်းကြို/ပို့ မိသားစုကားနှင့် ဆိုင်ကယ်များကို ဖြတ်သန်းသွားလာခွင့်ပြုရန် စီစဉ်ထားခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတား(၂)မှ ဖြတ်သန်းသွားလာမည့် ကျောင်းကြိုပို့ ယာဉ်များ၊ ကိုယ်ပိုင်ကျောင်းကြို/ပို့ မိသားစုကား၊ ဆိုင်ကယ်များ အနဖြေင့် ကျောင်းကြို/ပို့ပြုလုပ်ရန် မှန်ကန်ကြောင်းနှင့် ကျောင်းသား/သူ အမည်စာရင်း၊ ယာဉ်အမှတ်နှင့် လိုက်ပါပို့ဆောင်မည့်သူ၏ အမည်များဖြင့် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးဖွင့်ရက်များတွင် စာရင်းပေးကာ မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသည်။

"တစ်ချို့ကားတွေက ကျောင်းကားမဟုတ်ဘဲ သွားနေတဲ့ဟာမျိုးတွေ ဖောင်းပွလာမှာစိုးတဲ့အတွက် သွားမယ့်ယာဉ်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းပေးမှတ်ပုံတင်ခိုင်းခြင်း ဖြစ်ပါတယ်။ မြန်မာဘက်က မှတ်ပုံတင်ထားသလို ထိုင်းဘက်ကိုလည်း ယာဉ်စာရင်းတွေကို နှစ်ဖက်ညှိနှိုင်းပြီး အကြောင်းကြားထားပါတယ်။ ထိုင်းဘက်က လာမယ့် ယာဉ်တွေအားလုံးရဲ့ စာရင်းကိုလည်း ကျွန်တော်တို့ကို ပေးထားတယ်။ အဲဒါ ဟိုဖက် ဒီဖက် ညှိနှိုင်းထားတဲ့ မှတ်ပုံတင်ထားတဲ့ ယာဉ်တွေကိုသာ ဒီတံတား(၂)ကနေ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားအမှတ်(၁)သည် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည(၈)နာရီခွဲအထိ ဖွင့်လှစ်သော်လည်း ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုသည့် ချစ်ကြည်ရေးတံတား(၂)သည် နံနက် (၆)နာရီမှ ည(၆)နာရီအထိသာ ဖွင့်လှစ်သည့်အတွက် ညနေပိုင်း ကျောင်းကြို/ပို့ ယာဉ်များအနဖြေင့် တခါတရံ ကျောင်းနောက်ကျသည်များရှိပါက တံတား(၁)မှ ည(၈)နာရီခွဲအထိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။

ကျောင်းကြို/ပို့ ယာဉ်များဖြစ်သည့် မှန်လုံကားများအနဖြေင့် ချစ်ကြည်ရေးတံတား(၂)မှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ရာ လတ်တလော စာရင်းအရ ထိုင်းယာဉ် (၁၉)စီး၊ မြန်မာ ယာဉ်(၇)စီးနှင့် ကျောင်းသား၊ကျောင်းသူ(၆၇၂)ဦး၊ လူနာတင်ယာဉ်(၁၃)စီး စာရင်းပေးထားကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွင် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအေဝးတွင် ထိုင်းဘက်က (၃)ကြိမ်တိတိ တင်ပြဆွေးနွေးခြင်းများလည်း ရှိခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net