နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၀က္မ်ား ဖ်ားနာေသဆံုးမႈမ်ား ေန၍ ၀က္ေမြးျမဴေရးၿခံမ်ား ေရာဂါကာကြယ္ေရးတိုးျမႇင့္ၾကရန္ႏွင့္ ၀က္သားကို က်က္ေအာင္ ခ်က္ျပဳတ္ရန္ လိုအပ္

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၀က္မ်ား ဖ်ားနာေသဆံုးမႈမ်ား ေန၍ ၀က္ေမြးျမဴေရးၿခံမ်ား ေရာဂါကာကြယ္ေရးတိုးျမႇင့္ၾကရန္ႏွင့္ ၀က္သားကို က်က္ေအာင္ ခ်က္ျပဳတ္ရန္ လိုအပ္
သြဂုတ် 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေသဆံုးမႈမ်ားျဖစ္ပြားေန၍ ေဒသတြင္း ဝက္ေမြးျမဴေရးၿခံမ်ား ေရာဂါကာကြယ္ေရးအတြက္ တိုးျမႇင့္ၾကရန္ႏွင့္ ဝက္သားကို က်က္ေအာင္ ခ်က္ျပဳတ္စားၾကရန္ ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန တာဝန္ရိွသူက အႀကံျပဳထားသည္။

“ဝက္ေမြးျမဴေရးလုပ္ေနတဲ့သူေတြအေနနဲ႔ ၿခံေတြကို ဇီဝလံုၿခံဳေရး (ေရာဂါကာကြယ္ေရး) ျမႇင့္ထားဖို႔လုိမယ္။ ဝက္သားစားမယ္ဆုိရင္လည္း က်က္ေအာင္ခ်က္စားၾကဖို႔လိုတယ္။ ဝက္နာသား၊ ဝက္ေသသားေတြ မစားၾကဖို႔ လုိတယ္။ ဝက္ေမြးတဲ့ေနရာေတြမွာလည္း ပိုးသတ္ေဆးေတြဖ်န္းဖို႔လိုတယ္။ ကၽြန္ေတာ္တုိ႔ ရြာေတြမွာ ကြင္းဆင္းၿပီးေတာ့ ပိုးသတ္ေဆးလည္း ဖ်န္းေပးခဲ့ပါတယ္။ ၿခံေတြမွာ ေရာဂါျဖစ္သည္ျဖစ္ေစ မျဖစ္သည္ျဖစ္ေစ ပိုးသတ္ေဆးဖ်န္းၾကပါ။ အကယ္၍ လိုအပ္သူမ်ားရိွရင္ ကၽြန္ေတာ္တုိ႔ဌာနကို ဆက္သြယ္ရယူလုိ႔ရပါတယ္။ စီးပြားျဖစ္ ေမြးျမဴတဲ့ၿခံေတြဆိုရင္လည္း ဘာေဆးေတြဖ်န္းရမယ္ဆိုတာ ညႊန္ေပးပါမယ္”ဟု တာခ်ီလိတ္ၿမို႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဟဲေက်းရြာအုပ္စုရိွ ေက်ာက္လိုဏ္ဂူ၊ မယ္အုန္းႏွင့္ ကာဏေက်းရြာမ်ားတြင္ ဝက္ေသဆံုးမႈမ်ားျဖစ္ေနသျဖင့္ ၾသဂုတ္လ(၂)ရက္ႏွင့္ (၃)ရက္ေန႔မ်ားတြင္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီ၊ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သက္ဆုိင္ရာဌာန တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ကြင္းဆင္းစစ္ေဆးၿပီး ေရာဂါအတည္ျပဳႏုိင္ေရးအတြက္ ဓါတ္ခြဲခန္းပို႔စစ္ထားျခင္းျဖစ္သည္။

“ရြာေတြကို ၿခံထဲမွာဖ်န္းတဲ့ ပိုးသတ္ေဆးေတြေပးခဲ့တယ္။ ေနမေကာင္းတဲ့ဝက္ေတြကို ေဆးထုိးေပးခဲ့တယ္။ အဲဒီက ေသြးရည္ၾကည္ယူလာၿပီး ဓါတ္ခြဲခန္းပို႔ထားတယ္။ တစ္ပတ္ေလာက္ေတာ့ ေစာင့္ရမယ္ေျပာတယ္။ ဝက္ေတြေသရင္ ေျမျမဳပ္ဖို႔၊ မီးရိႈ႕ဖို႔ေျပာခဲ့တယ္” ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေက်းရြာမ်ားတြင္ ဝက္ေသဆံုးမႈမွာ ဇူလုိင္လ တတိယပတ္ကတည္းက ျဖစ္ပြားေနျခင္းျဖစ္သည္ဟု သိရၿပီး ၾသဂုတ္လ (၂)ရက္ေန႔ကလည္း မုိင္းဟဲေက်းရြာဘက္မွ စီးဆင္းလာသည့္ လြယ္စတံုေခ်ာင္းအတြင္း ဝက္ေသအခ်ိဳ႕ေမ်ာလာသည္ကို ေခ်ာင္းကမ္းေဘးေနထုိင္သူမ်ားက ေတြ႔ခဲ့ရျခင္းျဖစ္သည္။

“ေဒသတြင္း စီးပြားျဖစ္ၿခံေတြကိုလည္း ဇီဝလံုၿခံဳမႈကို  ပိုၿပီးတင္းတင္းၾကပ္ၾကပ္ေဆာင္ရြက္သြားပါမယ္။ ျပည္သူလူထုအသိပညာေပးကိုလည္း အရွိန္အဟုန္ျမႇင့္ၿပီးလုပ္ေဆာင္သြားမွာျဖစ္သလို ဓါတ္ခြဲခန္းအေျဖရလာရင္လည္း ကာကြယ္ေဆးရိွတဲ့ဟာမ်ိဳးလား၊ မရိွတဲ့ဟာမ်ိဳးလားဆိုတာ သံုးသပ္ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ဆက္လက္ေဆာင္ရြက္သြားမွာပါ”ဟု တာခ်ီလိတ္ၿမို႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက ေျပာသည္။

ကြင္းဆင္းစစ္ေဆးမႈအတြင္း ေက်ာက္လိုဏ္ဂူတြင္ ဖ်ားနာေနသည့္ ၀က္အေကာင္ေရ (၁၂)ေကာင္၊ မယ္အုန္းတြင္ ဖ်ားနာေကာင္ေရ (၅)ေကာင္ႏွင့္ ကာဏတြင္ ဖ်ားနာေကာင္ေရ (၇)ေကာင္ကိုေတြ႔ရသျဖင့္ ေဆးထုိးေပးထားၿပီး ဖ်ားနာဝက္မ်ား၏ ေသြးရည္ၾကည္ကို ၾသဂုတ္လ (၂)ရက္ေန႔က ဓါတ္ခြဲခန္းပို႔စစ္ထားျခင္းျဖစ္သည္။

တစ္ႏုိင္တစ္ပိုင္ဝက္ေမြးျမဴသူမ်ားႏွင့္ စီးပြားျဖစ္ဝက္ေမြးျမဴသူမ်ားအေနျဖင့္ ဝက္ေရာဂါကာကြယ္ေရးႏွင့္ပတ္သက္၍ အႀကံဥာဏ္ရယူျခင္းႏွင့္ ၿခံဖ်န္းေဆးမ်ားရယူလိုပါက ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဖုန္း ၀၈၄ ၅၁၉၀၅ သို႔ ဆက္သြယ္အကူအညီရယူႏုိင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ တရုတ္ႏွင့္ လာအိုတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါမ်ား ျဖစ္ပြားေနသျဖင့္ အဆိုပါေဒသမ်ားမွ ဝက္ႏွင့္ ဝက္သားထြက္ပစၥည္းမ်ား တင္ပို႔ျခင္းကို အျခားႏုိင္ငံမ်ားက တားဆီးပိတ္ပင္ထားၾကသည့္အျပင္ ထုိင္းႏို္င္ငံက အိမ္နီးခ်င္း လာအိုႏုိ္င္ငံမွ ျဖန္သန္းလာသည့္ လူႏွင့္ကုန္ပစၥည္းမ်ားကို ဇီဝလံုၿခံဳေရးစစ္ေဆးမႈမ်ားလည္း လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုများဖြစ်ပွားနေ၍ ဒေသတွင်း ဝက်မွေးမြူရေးခြံများ ရောဂါကာကွယ်ရေးအတွက် တိုးမြှင့်ကြရန်နှင့် ဝက်သားကို ကျက်အောင် ချက်ပြုတ်စားကြရန် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက အကြံပြုထားသည်။

“ဝက်မွေးမြူရေးလုပ်နေတဲ့သူတွေအနေနဲ့ ခြံတွေကို ဇီဝလုံခြုံရေး (ရောဂါကာကွယ်ရေး) မြှင့်ထားဖို့လိုမယ်။ ဝက်သားစားမယ်ဆိုရင်လည်း ကျက်အောင်ချက်စားကြဖို့လိုတယ်။ ဝက်နာသား၊ ဝက်သေသားတွေ မစားကြဖို့ လိုတယ်။ ဝက်မွေးတဲ့နေရာတွေမှာလည်း ပိုးသတ်ဆေးတွေဖျန်းဖို့လိုတယ်။ ကျွန်တော်တို့ ရွာတွေမှာ ကွင်းဆင်းပြီးတော့ ပိုးသတ်ဆေးလည်း ဖျန်းပေးခဲ့ပါတယ်။ ခြံတွေမှာ ရောဂါဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ပိုးသတ်ဆေးဖျန်းကြပါ။ အကယ်၍ လိုအပ်သူများရှိရင် ကျွန်တော်တို့ဌာနကို ဆက်သွယ်ရယူလို့ရပါတယ်။ စီးပွားဖြစ် မွေးမြူတဲ့ခြံတွေဆိုရင်လည်း ဘာဆေးတွေဖျန်းရမယ်ဆိုတာ ညွှန်ပေးပါမယ်”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုဏ်ဂူ၊ မယ်အုန်းနှင့် ကာဏကျေးရွာများတွင် ဝက်သေဆုံးမှုများဖြစ်နေသဖြင့် သြဂုတ်လ(၂)ရက်နှင့် (၃)ရက်နေ့များတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ရောဂါအတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲခန်းပို့စစ်ထားခြင်းဖြစ်သည်။

“ရွာတွေကို ခြံထဲမှာဖျန်းတဲ့ ပိုးသတ်ဆေးတွေပေးခဲ့တယ်။ နေမကောင်းတဲ့ဝက်တွေကို ဆေးထိုးပေးခဲ့တယ်။ အဲဒီက သွေးရည်ကြည်ယူလာပြီး ဓာတ်ခွဲခန်းပို့ထားတယ်။ တစ်ပတ်လောက်တော့ စောင့်ရမယ်ပြောတယ်။ ဝက်တွေသေရင် မြမြေုပ်ဖို့၊ မီးရှို့ဖို့ပြောခဲ့တယ်” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာများတွင် ဝက်သေဆုံးမှုမှာ ဇူလိုင်လ တတိယပတ်ကတည်းက ဖြစ်ပွားနခြေင်းဖြစ်သည်ဟု သိရပြီး သြဂုတ်လ (၂)ရက်နေ့ကလည်း မိုင်းဟဲကျေးရွာဘက်မှ စီးဆင်းလာသည့် လွယ်စတုံချောင်းအတွင်း ဝက်သေအချို့မျောလာသည်ကို ချောင်းကမ်းဘေးနေထိုင်သူများက တွေ့ခဲ့ရခြင်းဖြစ်သည်။

“ဒေသတွင်း စီးပွားဖြစ်ခြံတွေကိုလည်း ဇီဝလုံခြုံမှုကို ပိုပြီးတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထုအသိပညာပေးကိုလည်း အရှိန်အဟုန်မြှင့်ပြီးလုပ်ဆောင်သွားမှာဖြစ်သလို ဓာတ်ခွဲခန်းအဖြေရလာရင်လည်း ကာကွယ်ဆေးရှိတဲ့ဟာမျိုးလား၊ မရှိတဲ့ဟာမျိုးလားဆိုတာ သုံးသပ်ပြီးတော့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက ပြောသည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း ကျောက်လိုဏ်ဂူတွင် ဖျားနာနေသည့် ဝက်အကောင်ရေ (၁၂)ကောင်၊ မယ်အုန်းတွင် ဖျားနာကောင်ရေ (၅)ကောင်နှင့် ကာဏတွင် ဖျားနာကောင်ရေ (၇)ကောင်ကိုတွေ့ရသဖြင့် ဆေးထိုးပေးထားပြီး ဖျားနာဝက်များ၏ သွေးရည်ကြည်ကို သြဂုတ်လ (၂)ရက်နေ့က ဓာတ်ခွဲခန်းပို့စစ်ထားခြင်းဖြစ်သည်။

တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသူများနှင့် စီးပွားဖြစ်ဝက်မွေးမြူသူများအနဖြေင့် ဝက်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အကြံဉာဏ်ရယူခြင်းနှင့် ခြံဖျန်းဆေးများရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဖုန်း ဝ၈၄ ၅၁၉၀၅ သို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် တရုတ်နှင့် လာအိုတွင် အာဖရိကဝက်တုပ်ကွေးရောဂါများ ဖြစ်ပွားနေသဖြင့် အဆိုပါဒေသများမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများ တင်ပို့ခြင်းကို အခြားနိုင်ငံများက တားဆီးပိတ်ပင်ထားကြသည့်အပြင် ထိုင်းနို်င်ငံက အိမ်နီးချင်း လာအိုနို်င်ငံမှ ဖြန်သန်းလာသည့် လူနှင့်ကုန်ပစ္စည်းများကို ဇီဝလုံခြုံရေးစစ်ဆေးမှုများလည်း လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net