ရွမ္းျပည္နယ္တြင္း ဆရာ၊ဆရာမ မရိွသည့္ ေက်ာင္းမ်ားအတြက္ ျပည္နယ္အစိုးရ ရန္ပံုေငြျဖင့္ ဆရာ/ဆရာမ (၁၉၇)ဦး ငွားရမ္းခန္႔ထားေပးမည္

ရွမ္းျပည္နယ္တြင္း ဆရာ၊ဆရာမ မရိွသည့္ ေက်ာင္းမ်ားအတြက္ ျပည္နယ္အစိုးရ ရန္ပံုေငြျဖင့္ ဆရာ/ဆရာမ (၁၉၇)ဦး ငွားရမ္းခန္႔ထားေပးမည္
သြဂုတ် 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းမွ ဆရာ၊ဆရာမ မရိွသည့္ အေျခခံပညာေက်ာင္း (၁၆၃)ေက်ာင္းအတြက္ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ရန္ပံုေငြျဖင့္  ဆရာ၊ဆရာမ (၁၉၇)ဦးကို ငွားရမ္းခန္႔ထားေပးသြားရန္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔ ကက္ဘိနက္အစည္းအေဝးတြင္ ဆံုးျဖတ္လုိက္သည္။

“ဒီႏွစ္မွ  စလုပ္တာပါ။ ပညာေရးရန္ပံုေငြက ျပည္နယ္ဘတ္ဂ်က္မွာ မပါဘူး။ မပါေပမဲ့လုိ႔  ေက်ာင္းေတြမွာ ကေလးေတြ ဆရာ မရိွဘူးဆိုတာလည္း မျဖစ္သင့္ဘူးဆိုေတာ့ အစိုးရေပးတဲ့ ရန္ပံုေငြနဲ႔ တစ္ဖက္တစ္လမ္းကေန ေထာက္ပံ့သင့္တယ္ဆိုၿပီး ဆံုးျဖတ္လုိက္တာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၈)ရက္ေန႔တြင္ ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးတြင္ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္က အေျခခံပညာေက်ာင္းေပါင္း (၆,၂၃၆)ေက်ာင္းရိွေနရာမွ အေျခခံပညာေက်ာင္းေပါင္း (၉၂၈)ေက်ာင္းကို အဆင့္တိုးျမႇင့္ သတ္မွတ္ေပးလုိက္သျဖင့္ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၆,၃၉၁)ေက်ာင္းအထိ ရိွလာျခင္းျဖစ္သည္။

“ေက်ာင္းအဆင့္တုိးျမွင့္လိုက္တဲ့ေက်ာင္းေတြအတြက္ ဒီႏွစ္မွာ ဆရာ၊ဆရာမခြဲေဝခန္႔ထားမႈ မရဘူး။ အဲဒီလိုမရတဲ့အတြက္ ဆရာ၊ဆရာမ မျပည့္စံုမႈေတြျဖစ္လာတယ္။ ဒါေတြကို ကၽြန္ေတာ္တုိ႔ စိစစ္လုိက္တဲ့အခါက်ေတာ့ တစ္ျပည္နယ္လံုးမွာ အထက္တန္းျပက (၅၃၈)ေယာက္၊ အလယ္တန္းျပက (၆၉၉)ေယာက္နဲ႔ မူလတန္းျပက (၈၈၂)ေယာက္လုိတယ္လုိ႔ ကၽြန္ေတာ္တို႔က စာရင္းအရ ေတြ႕ရတယ္။ အဲဒီေက်ာင္းေတြမွာ သင္ၾကားမႈ အဆင္ေျပေစေရးအတြက္ ၿမိဳ႕နယ္အလုိက္ေက်ာင္းေတြက ပိုေနတဲ့ေက်ာင္းေတြကေန လိုေနတဲ့ေက်ာင္းေတြဆီကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ယာယီတြဲဖက္ တာဝန္ေပးခြင့္ ခြင့္ျပဳေပးလုိက္တယ္။ အဲဒီလို ခြင့္ျပဳရာမွာလည္း တစ္ခ်ိဳ႕ေက်ာင္းေတြက ဆရာ၊ဆရာမ အင္အားလံုးဝ မရိွဘူး။ မရိွေတာ့ ေဒသခံျပည္သူလူထုကေနမွ သူတုိ႔ရဲ႕ေငြနဲ႔ ငွားရမ္းေနရတဲ့ ေကာ္မတီခန္႔ ဆရာ၊ဆရာမေတြကို ကၽြန္ေတာ္တုိ႔က ေတြ႕ရိွတယ္။ အဲဒါေတြကို ကၽြန္ေတာ္တုိ႔ အစိုးရအဖဲြ႕ကေန စိစစ္လိုက္တဲ့အခါ ဒါကေတာ့ ရြာကလူေတြ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတဲ့အတြက္ ျပည္နယ္အစိုးရက ကူညီသင့္တယ္ဆံုးျဖတ္ၿပီး ေက်ာင္းသား (၃၀)ဆိုရင္ ဆရာ၊ ဆရာမ (၁)ဦး၊ (၃၀)အထက္ဆို ဆရာ၊ဆရာမ (၂)ဦးႏႈန္းနဲ႔ ခန္႔ထားေပးသြားမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အစိုးရ ရန္ပံုေငြျဖင့္  ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရိွ ၿမိဳ႕နယ္ေပါင္း (၁၄)ၿမိဳ႕နယ္မွ ေက်ာင္းေပါင္း (၃၉)ေက်ာင္းအတြက္ ဆရာ၊ဆရာမ (၄၆)ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အတြင္း ၿမိဳ႕နယ္ေပါင္း (၁၄)ၿမိဳ႕နယ္ရိွ ေက်ာင္းေပါင္း (၅၀)အတြက္ ဆရာ၊ဆရာမ (၆၁)ဦး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္း ၿမိဳ႕နယ္(၉)ခုမွ ေက်ာင္းေပါင္း (၇၄)ေက်ာင္းအတြက္ ဆရာ၊ဆရာမ (၉၀)ဦးတုိ႔ကို ခန္႔ထားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ က်ိဳင္းတံုၿမိဳ႕နယ္အတြင္း (၅)ေက်ာင္း၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ (၁၀)ေက်ာင္း၊ မိုင္းယန္းၿမိဳ႕နယ္တြင္ (၁)ေက်ာင္း၊ မိုင္းပ်ဥ္းၿမိဳ႕နယ္တြင္ (၁၄)ေက်ာင္း၊ မက္မန္းၿမိဳ႕နယ္တြင္  (၆ )ေက်ာင္း၊ မုိင္းေယာင္းၿမိဳ႕နယ္တြင္ (၁)ေက်ာင္း၊ မိုင္းတံုၿမိဳ႕နယ္တြင္ (၄)ေက်ာင္း၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္ (၁၉)ေက်ာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ (၁၅)ေက်ာင္းတုိ႔တြင္ ဆရာ၊ဆရာမ မရိွသျဖင့္ ျပည္နယ္အစိုးရက ခန္႔ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agecny


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်းမှ ဆရာ၊ဆရာမ မရှိသည့် အခြေခံပညာကျောင်း (၁၆၃)ကျောင်းအတွက် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွဖြေင့် ဆရာ၊ဆရာမ (၁၉၇)ယောက်ကို ငှါးရမ်းခန့်ထားပေးသွားရန် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ ကက်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

“ဒီနှစ်မှ စလုပ်တာပါ။ ပညာရေးရန်ပုံငွေက ပြည်နယ်ဘတ်ဂျက်မှာ မပါဘူး။ မပါပေမဲ့လို့ ကျောင်းတွေမှာ ကလေးတွေ ဆရာ မရှိဘူးဆိုတာလည်း မဖြစ်သင့်ဘူးဆိုတော့ အစိုးရပေးတဲ့ ရန်ပုံငွေနဲ့ တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့သင့်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၈)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်က အခြေခံပညာကျောင်းပေါင်း (၆,၂၃၆)ကျောင်းရှိနေရာမှ အခြေခံပညာကျောင်းပေါင်း (၉၂၈)ကျောင်းကို အဆင့်တိုးမြှင့် သတ်မှတ်ပေးလိုက်သဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၆,၃၉၁)ကျောင်းအထိ ရှိလာခြင်းဖြစ်သည်။

“ကျောင်းအဆင့်တိုးမြှင့်လိုက်တဲ့ကျောင်းတွေအတွက် ဒီနှစ်မှာ ဆရာ၊ဆရာမခွဲဝေခန့်ထားမှု မရဘူး။ အဲဒီလိုမရတဲ့အတွက် ဆရာ၊ဆရာမ မပြည့်စုံမှုတွဖြေစ်လာတယ်။ ဒါတွေကို ကျွန်တော်တို့ စိစစ်လိုက်တဲ့အခါကျတော့ တစ်ပြည်နယ်လုံးမှာ အထက်တန်းပြက (၅၃၈)ယောက်၊ အလယ်တန်းပြက (၆၉၉)ယောက်နဲ့ မူလတန်းပြက (၈၈၂)ယောက်လိုတယ်လို့ ကျွန်တော်တို့က စာရင်းအရ တွေ့ရတယ်။ အဲဒီကျောင်းတွေမှာ သင်ကြားမှု အဆင်ပြေစေရေးအတွက် မြို့နယ်အလိုက်ကျောင်းတွေက ပိုနေတဲ့ကျောင်းတွေကနေ လိုနေတဲ့ကျောင်းတွေဆီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီတွဲဖက် တာဝန်ပေးခွင့် ခွင့်ပြုပေးလိုက်တယ်။ အဲဒီလို ခွင့်ပြုရာမှာလည်း တစ်ချို့ကျောင်းတွေက ဆရာ၊ဆရာမ အင်အားလုံးဝ မရှိဘူး။ မရှိတော့ ဒေသခံပြည်သူလူထုကနေမှ သူတို့ရဲ့ငွေနဲ့ ငှါးရမ်းနေရတဲ့ ကော်မတီခန့် ဆရာ၊ဆရာမတွေကို ကျွန်တော်တို့က တွေ့ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ အစိုးရအဖွဲ့ကနေ စိစစ်လိုက်တဲ့အခါ ဒါကတော့ ရွာကလူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အတွက် ပြည်နယ်အစိုးရက ကူညီသင့်တယ်ဆုံးဖြတ်ပြီး ကျောင်းသား (၃၀)ဆိုရင် ဆရာ၊ ဆရာမ (၁)ဦး၊ (၃၀)အထက်ဆို ဆရာ၊ဆရာမ (၂)ဦးနှုန်းနဲ့ ခန့်ထားပေးသွားမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွဖြေင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်ပေါင်း (၁၄)မြို့နယ်မှ ကျောင်းပေါင်း (၃၉)ကျောင်းအတွက် ဆရာ၊ဆရာမ (၄၆)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်ပေါင်း (၁၄)မြို့နယ်ရှိ ကျောင်းပေါင်း (၅၀)အတွက် ဆရာ၊ဆရာမ (၆၁)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်(၉)ခုမှ ကျောင်းပေါင်း (၇၄)ကျောင်းအတွက် ဆရာ၊ဆရာမ (၉၀)ဦးတို့ကို ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်အတွင်း (၅)ကျောင်း၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀)ကျောင်း၊ မိုင်းယန်းမြို့နယ်တွင် (၁)ကျောင်း၊ မိုင်းပျဉ်းမြို့နယ်တွင် (၁၄)ကျောင်း၊ မက်မန်းမြို့နယ်တွင် (၆ )ကျောင်း၊ မိုင်းယောင်းမြို့နယ်တွင် (၁)ကျောင်း၊ မိုင်းတုံမြို့နယ်တွင် (၄)ကျောင်း၊ မိုင်းဆတ်မြို့နယ်တွင် (၁၉)ကျောင်းနှင့် တာချီလိတ်မြို့နယ်တွင် (၁၅)ကျောင်းတို့တွင် ဆရာ၊ဆရာမ မရှိသဖြင့် ပြည်နယ်အစိုးရက ခန့်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agecny

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net