တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ပူးေပါင္းအဖြဲ႕ျဖင့္ ညပိုင္းပိတ္ဆို႔စစ္ေဆးမႈေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ပူးေပါင္းအဖြဲ႕ျဖင့္ ညပိုင္းပိတ္ဆို႔စစ္ေဆးမႈေဆာင္ရြက္
သြဂုတ် 15, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းပိတ္ဆို႔စစ္ေဆးျခင္္းကို ေဆာင္ရြက္ေနရာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၄)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ပူးေပါင္းအဖြဲ႕ျဖင့္ ပိတ္ဆို႔စစ္ေဆးေၾကာင္း သိရသည္။

စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ဦးစီးသည့္အဖြဲ႔၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ တပ္ၾကပ္ထြန္း၀င္းေဇာ္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)မွ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္တပ္နယ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ ျပည္သူ႔စစ္အဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊ ပါဆတ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ တာ၀န္ရွိသူမ်ားႏွင့္ ပူးေပါင္းအဖြဲ႔မ်ား ပါ၀င္ၾကရာ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ထူးျခားျဖစ္စဥ္မ်ား ေတြ႔ရိွျခင္းမရိွေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ညပိုင္းပိတ္ဆို႔စစ္ေဆးမႈမ်ားအတြင္း မူးယစ္ေဆးႏွင့္ တရားမဝင္ လက္နက္ကိုင္ေဆာင္သူမ်ားကို ဖမ္းဆီးရမိေလ့ရိွသည့္အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတစ္ေလွ်ာက္ ႏွင့္ လမ္းသြယ္မ်ားတြင္  ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား  ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္


\

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ညပိုင်းပိတ်ဆို့စစ်ဆေးခြင်းကို ဆောင်ရွက်နေရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့အဝင်တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးကြောင်း သိရသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် ဦးစီးသည့်အဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ကြပ်ထွန်းဝင်းဇော် နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပါဆတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များ ပါဝင်ကြရာ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ထူးခြားဖြစ်စဉ်များ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ညပိုင်းပိတ်ဆို့စစ်ဆေးမှုများအတွင်း မူးယစ်ဆေးနှင့် တရားမဝင် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိလေ့ရှိသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် နှင့် လမ်းသွယ်များတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net