တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်တွင် Return Music Band မှ မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် တေးဂီတဖြင့် အလှူခံရာ ကျပ်(၇)သိန်းကျော်နီးပါး ရရှိ
တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်တွင် Return Music Band မှ မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် တေးဂီတဖြင့် အလှူခံရာ ကျပ်(၇)သိန်းကျော်နီးပါး ရရှိ
သွဂုတျ 14, 2019
By Tachileik News Agency
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ရှိ ရွှေနန်းတော်ကုန်တိုက်ရှေ့တွင် Return Music Band အနေဖြင့် ၂၀၁၉ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ ညနေ (၄) နာရီမှ ည(၆) နာရီအထိ တေးဂီတဖျော်ဖြေရေးများပြုလုပ်ပြီး အလှူခံခဲ့ပြီးနောက် ဆက်လက်၍  သြဂုတ်လ (၁၅) ရက်နေ့တွင် နေ့လည်(၁) နာရီမှ ညနေ (၆) နာရီအထိ အလှူခံသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒုက္ခသည်များကို Return Music Band နှင့်ချိတ်ဆက်လှူဒါန်းလိုသူများအနေဖြင့် ကိုထင်မင်းထက် ဖုန်း- ၀၉ ၂၅၆၁၃၃၂၂၉၊ ကိုစံမျော ဖုန်း- ၀၉ ၂၅၄၆၆၅၁၁၃၊ မရတနာ ဖုန်း- ၀၉ ၆၉၂၀၆၂၇၅၂၊ ကိုဘိုဘိုဟိန်း ဖုန်း- ၀၉ ၄၅၀၀၆၁၄၆၄၊ ကိုလှိုင်မင်း ဖုန်း- ၀၉ ၂၅၄၆၆၄၉၅၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
 မွန်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လှူဒါန်းရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ဘေး ရွှေနန်းတော်ကုန်တိုက်တွင် Return Music Band မှ တေးဂီတဖျော်ဖြေရေးများပြုလုပ်ကာ အလှူခံရာ (၁၈၇,ဝဝဝ)ကျပ် နှင့် ကျပ်(၅)သိန်းကျော်ရှိသည့် ထိုင်းဘတ်ငွေ (၁၁,၈၂၀)ဘတ် အလှူခံရရှိကြောင်း သိရသည်။
"အခုက ကယ်ဆယ်ရေး မဟုတ်တော့ဘူး၊ ပြန်လည်ထူထောင်ရေးအနေနဲ့ အဲဒီအတွက်လှူမှာပေါ့။ ဒီမှာရှိတဲ့ CSO အဖွဲ့အစည်းကို ဒီမှာရတဲ့အလှူငွေတွေကို လှူမှာပေါ့။ ကျွန်တော်တို့ Return Music Band အနေနဲ့ တိုင်ပင်ကြတာပေါ့။ ရေဘေးလှူဖို့အတွက် ကျွန်တော်တို့ မတည်ငွေနည်းနည်းလေးနဲ့ သွားလှူလို့အဆင်မပြေဘူးပေါ့။ ဒီရွှေနန်းတော်မှာ တစ်ပတ်ကို (၂) ရက်ကျွန်တော်တို့က ဆိုနကြေဆိုတော့ ဒီကသူဌေးမနဲ့တိုင်ပင်ပြီး ထွေအုပ်ရုံးမှာ ခွင့်ပြုချက်တွေယူပြီး ဒီပွဲကို လုပ်ဖြစ်တာပေါ့"ဟု Return Music Band မှ ကိုထင်မင်းထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ရှိ ရွှေနန်းတော်ကုန်တိုက်ရှေ့တွင် Return Music Band အနဖြေင့် ၂၀၁၉ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ ညနေ (၄) နာရီမှ ည(၆) နာရီအထိ တေးဂီတဖျော်ဖြေရေးများပြုလုပ်ပြီး အလှူခံခဲ့ပြီးနောက် ဆက်လက်၍ သြဂုတ်လ (၁၅) ရက်နေ့တွင် နေ့လည်(၁) နာရီမှ ညနေ (၆) နာရီအထိ အလှူခံသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒုက္ခသည်များကို Return Music Band နှင့်ချိတ်ဆက်လှူဒါန်းလိုသူများအနဖြေင့် ကိုထင်မင်းထက် ဖုန်း- ဝ၉ ၂၅၆၁၃၃၂၂၉၊ ကိုစံမျော ဖုန်း- ဝ၉ ၂၅၄၆၆၅၁၁၃၊ မရတနာ ဖုန်း- ဝ၉ ၆၉၂၀၆၂၇၅၂၊ ကိုဘိုဘိုဟိန်း ဖုန်း- ဝ၉ ၄၅၀၀၆၁၄၆၄၊ ကိုလှိုင်မင်း ဖုန်း- ဝ၉ ၂၅၄၆၆၄၉၅၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net