တာခ်ီလိတ္တြင္ ဝက္ေသဆံုးမႈမ်ားေၾကာင့္ အသားေရာင္းခ်ရမႈ ေလ်ာ့သြားသျဖင့္ လိုင္စင္ခြန္ ေလွ်ာ့ေပးရန္ စည္ပင္ထံ တင္ျပထား

တာခ်ီလိတ္တြင္ ဝက္ေသဆံုးမႈမ်ားေၾကာင့္ အသားေရာင္းခ်ရမႈ ေလ်ာ့သြားသျဖင့္ လိုင္စင္ခြန္ ေလွ်ာ့ေပးရန္ စည္ပင္ထံ တင္ျပထား
သြဂုတ် 18, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေသဆံုးမႈမ်ားေၾကာင့္ ဝက္သားစားသံုးမႈ ေလ်ာ့က်လာသျဖင့္ သားသတ္လုိင္စင္ခြန္ေကာက္ခံျခင္းကို(၉)ရက္ ကင္းလြတ္ခြင့္ေပးထားခဲ့ၿပီးေနာက္ ေစ်းကြက္အေျခအေနအရ အခြန္ေလ်ာ့ေပါ့ခြင့္ေပးရန္ေတာင္းဆိုမႈကို စည္ပင္သာယာေရးေကာ္မတီက ဆက္လက္တင္ျပေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဝက္ေသဆံုးမႈမ်ားေၾကာင့္ ေဒသတြင္း ဝက္သားစားသံုးမႈေလ်ာ့က်သျဖင့္ သားသတ္လုပ္ငန္း လုိင္စင္မ်ားထံမွ အခြန္အခေကာက္ခံမႈကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔မွစ၍ (၉)ရက္တာ ကင္းလြတ္ခြင့္ေပးခဲ့ျခင္းျဖစ္သည္။

"သားသတ္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုေဆာင္ရြက္ေပးမလဲဆိုတာ ညိႇႏိႈင္းေဆြးေႏြးတာေပါ့။ ေလွ်ာ့ေပါ့ခြင့္ကိုေတာ့ အေပၚကိုတင္ျပေပးမွာေပါ့။ ေလာေလာဆယ္ေတာ့ သူတို႔ကို (၅) ရက္တစ္ခါနဲ႔ (၄)ရက္တစ္ခါဆိုေတာ့ (၉)ရက္ေပးထားတာေပါ့။ ေနာက္ပိုင္းကေတာ့ အေျခအေနနဲ႔ ေရာင္းအားေပၚမွာၾကည့္ၿပီး စိစစ္ၿပီးေတာ့အေပၚတင္ျပၿပီး ေဆာင္ရြက္သြားမွာပါ။ လက္ရိွေတာ့ တိတိက်က် ေျပာလို႔မရေသးဘူး"ဟု တာခ်ီလိတ္ၿမို႕နယ္စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်းႏွင့္ ၿမိဳ႕ေပၚရပ္ကြက္ေစ်းမ်ား အပါအဝင္ မိုင္းကိုးႏွင့္ မိုင္းဖုန္းေက်းရြာ အုပ္စုအတြင္းရွိ ေက်းလက္ေစ်းမ်ားအထိ စည္ပင္သာယာေရးဌာနထံ ေခါင္းခြန္၊ အသားခြန္ ေပးေဆာင္ကာ ေရာင္းခ်သည့္ ဝက္သားေရာင္းခ်သူမွာ စုစုေပါင္း (၂၇)ဦးရွိၿပီး စည္ပင္သာယာေရးဌာနက ဝက္သားေရာင္းခ်သူမ်ားအေပၚ တစ္ရက္လွ်င္ ဝက္တစ္ေကာင္အား ေခါင္းခြန္အျဖစ္ က်ပ္(၇၀၀၀)၊ အသားတစ္ပိႆလွ်င္ က်ပ္(၄၂၀)ႏႈန္းျဖင့္ အခြန္အခေကာက္ျခင္း ျဖစ္ေၾကာင္း စည္ပင္သာယာေရးဌာနထံက သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဟဲေက်းရြာအုပ္စုႏွင့္ လြယ္စတံုေက်းရြာအၾကားရွိ လြယ္စတံုေခ်ာင္းအတြင္း မိုင္းဟဲေက်းရြာအုပ္စုအတြင္းမွ ဖ်ားနာေသဆံုးသည့္ ဝက္အေသမ်ား ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ပထမပတ္အတြင္း ေမ်ာလာခဲ့ၿပီးေနာက္ ဝက္သားစားသံုးသူမ်ားက စိုးရိမ္စိတ္ျဖင့္ ဝယ္ယူမႈ နည္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုများကြောင့် ဝက်သားစားသုံးမှု လျော့ကျလာသဖြင့် သားသတ်လိုင်စင်ခွန်ကောက်ခံခြင်းကို(၉)ရက် ကင်းလွတ်ခွင့်ပေးထားခဲ့ပြီးနောက် ဈေးကွက်အခြေအနေအရ အခွန်လျော့ပေါ့ခွင့်ပေးရန်တောင်းဆိုမှုကို စည်ပင်သာယာရေးကော်မတီက ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝက်သေဆုံးမှုများကြောင့် ဒေသတွင်း ဝက်သားစားသုံးမှုလျော့ကျသဖြင့် သားသတ်လုပ်ငန်း လိုင်စင်များထံမှ အခွန်အခကောက်ခံမှုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှစ၍ (၉)ရက်တာ ကင်းလွတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

"သားသတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ ညှိနှိုင်းဆွေးနွေးတာပေါ့။ လျှော့ပေါ့ခွင့်ကိုတော့ အပေါ်ကိုတင်ပြပေးမှာပေါ့။ လောလောဆယ်တော့ သူတို့ကို (၅) ရက်တစ်ခါနဲ့ (၄)ရက်တစ်ခါဆိုတော့ (၉)ရက်ပေးထားတာပေါ့။ နောက်ပိုင်းကတော့ အခြေအနေနဲ့ ရောင်းအားပေါ်မှာကြည့်ပြီး စိစစ်ပြီးတော့အပေါ်တင်ပြပြီး ဆောင်ရွက်သွားမှာပါ။ လက်ရှိတော့ တိတိကျကျ ပြောလို့မရသေးဘူး"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ဈေးများ အပါအဝင် မိုင်းကိုးနှင့် မိုင်းဖုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်ဈေးများအထိ စည်ပင်သာယာရေးဌာနထံ ခေါင်းခွန်၊ အသားခွန် ပေးဆောင်ကာ ရောင်းချသည့် ဝက်သားရောင်းချသူမှာ စုစုပေါင်း (၂၇)ဦးရှိပြီး စည်ပင်သာယာရေးဌာနက ဝက်သားရောင်းချသူများအပေါ် တစ်ရက်လျှင် ဝက်တစ်ကောင်အား ခေါင်းခွန်အဖြစ် ကျပ်(၇၀၀၀)၊ အသားတစ်ပိဿလျှင် ကျပ်(၄၂၀)နှုန်းဖြင့် အခွန်အခကောက်ခြင်း ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနထံက သိရသည်။

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုနှင့် လွယ်စတုံကျေးရွာအကြားရှိ လွယ်စတုံချောင်းအတွင်း မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ဖျားနာသေဆုံးသည့် ဝက်အသေများ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ပထမပတ်အတွင်း မျောလာခဲ့ပြီးနောက် ဝက်သားစားသုံးသူများက စိုးရိမ်စိတ်ဖြင့် ဝယ်ယူမှု နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net