တာချီလိတ်မြို့နယ်တွင်း ကျေးရွာများတွင် သေဆုံးသည့် ၀က်များအား ရေချောင်းထဲ မမျှောဘဲ မြေမြှုပ်ရန်အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အဆင့်ဆင့် အသိပညာပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး တိုက်တွန်း
တာချီလိတ်မြို့နယ်တွင်း ကျေးရွာများတွင် သေဆုံးသည့် ၀က်များအား ရေချောင်းထဲ မမျှောဘဲ မြေမြှုပ်ရန်အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အဆင့်ဆင့် အသိပညာပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး တိုက်တွန်း
သွဂုတျ 7, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများ၌ ဖျားနာသေဆုံးသည့် ၀က်အသေများကို ရေချောင်းများအတွင်း ဆက်လက် မမျှောစေဘဲ မြေမြှုပ်ရန်အတွက် အသိပညာ ပြန်လည်မျှဝေမှုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်နှင့်ကျေးရွားအတွင်း သက်ဆိုင်ရာအလိုက် ဆင့်ပွားလုပ်ဆောင်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောကြားလိုက်သည်။
"ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်နေတဲ့ အတွက် ကာကွယ်ဆေးတော့မရှိဘူး၊ အဓိက ကတော့ ရောဂါပိုးတွေ ကူးစက်မလာအောင်လို့၊ တစ်ရွာနဲ့တစ်ရွာ မကူးအောင်လို့ ထိန်းချုပ်လို့ပဲ ရမယ်၊ ၀က်ခြံထဲ လူစိမ်းဝင်ထွက်လုပ်တာမျိုးတို့၊ ဖိနပ်တွေ၊ ခြေတွေလက်တွေနဲ့ ဦးထုပ်တွေကနေ ကူးတာမျိုးတို့ ခွေးတွေကြောင်တွေကနေ ကူးတာမျိုးတို့ မဖြစ်အောင် ဒါလေးတွေတော့ အဓိကထားပြီး ကာကွယ်လို့ရမှာပါ"တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
 တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးပွဲပြုလုပ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူးက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး အဆိုပါ အသိပညာပေးပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မွေးမြူရေးနှင်းကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့် ၀က်သားသတ်လုပ်ငန်းလုပ်ကိုင်ရောင်းချသူများ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု နှင့် လွယ်စတုံကျေးရွာအကြားရှိ လွယ်စတုံချောင်းအတွင်း မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ဖျားနာသေဆုံးသည့် ၀က်အသေ တော်တော်များများ ၂၀၁၉ခုနှစ် သြဂုတ်လ၏ ပထမပတ်အတွင်း မျှောလာသည့်အတွက် ၀က်သားစားသုံးသူများမှ စိုးရိမ်နေသည့်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအ၀င်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန နှင့် တာဝန်ရှိသူများက အသိပညာပေးမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများ၌ ဖျားနာသေဆုံးသည့် ဝက်အသေများကို ရေချောင်းများအတွင်း ဆက်လက် မမျှောစေဘဲ မြမြှေုပ်ရန်အတွက် အသိပညာ ပြန်လည်မျှေဝမှုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနဖြေင့် ရပ်ကွက်နှင့်ကျေးရွားအတွင်း သက်ဆိုင်ရာအလိုက် ဆင့်ပွားလုပ်ဆောင်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောကြားလိုက်သည်။
"ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ရွာတွေဆီက ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ၊ ကျေးရွာသူကြီးတွေ အဆင့်ဆင့် ပြည်သူလူထုထံ ရောက်အောင်လို့ ပညာပေးဟောပြောပွဲတွေ ပြန်လုပ်ပေးဖို့ ပြောလိုပါတယ်၊ အဓိက ကတော့ ဝက်သေတွေကို ချောင်းထဲ မမျှောဖို့၊ မွေးမြူရေးအဖွဲ့တွေကတော့ မမျှောဘူးဆိုတာ ကျွန်တော်သိတယ်၊ တစ်ပိုင်တစ်နိုင်မွေးတဲ့ အဖွဲ့တွေပဲ အများဆုံးမျှောကြတာပေါ့နော်၊ အလွယ်ပစ်တဲ့သဘောပေါ့၊ နားမလည်တာလည်း ပါသလို နားလည်ပြီး သက်သက်လုပ်တာလဲပါတယ်၊ အဲ့လိုမျိုးတွေ ထပ်မဖြစ်အောင်လို့ ဆွေးနွေးပေးဖို့ လိုပါတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားလိုက်သည်။
ရပ်ကွက်နှင့်ကျေးရွာများအတွင်း ဝက်များ ဖျားနာ၍ သေဆုံးမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အသိပေးရန်လိုအပ်ကြောင်းသိရသည်။
"တကယ်လို့ အဲ့ဒီဖက်တွေမှာ ဝက်တွေအစုလိုက်အပြုံလိုက်သေတာတွေရှိရင်လည်း ကျွန်တော်တို့ဆီကို အချိန်နဲ့တပြေးညီ သတင်းပို့ပေးဖို့လိုမယ်၊ လက်ရှိမှာတော့ ဝက်ရောဂါနှစ်မျိုးထဲက ဘယ်ဟာလဲဆိုတာ ကိုတော့ ကျွန်တော်တို့ အတိအကျမသိရသေးဘူး၊ သွေးရည်ကြည်ကိုတော့ မွေး/ကုကနပြေီးတော့ ရန်ကုန်ကို ပို့ထားပြီးဖြစ်ပါတယ်၊ အဖြေက တစ်ပတ်လောက်ကြာမယ်၊ အဲ့ဒီအဖြေသိရမှပဲ ကျွန်တော်တို့ မြို့နယ်မှာ ဘာရောဂါဖြစ်တယ်ဆိုတာကို အတိအကျသိရမှာပါ။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အသိပေးပြောကြားသည်။
ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားဝက်ရောဂါ နှင့် ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ(PCV-2)များနှင့် ပတ်သက်၍ ကာကွယ်ဆေးအား မည်သည့်နိုင်ငံကမှ ထွက်ရှိနိုင်ခြင်းမရှိသေးကြောင်းနှင့် အဆိုပါ ဝက်ရောဂါများသည် လူသို့ ကူးစက်သော ရောဂါမဟုတ်ဘဲ ဝက်များသို့ လျင်မြန်စွာ ကူးဆက်နိုင်သော ရောဂါများဖြစ်ကြောင်း သိရသည်။
"ဒါက တစ်ကမာ္ဘလုံးမှာ ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်နေတဲ့ အတွက် ကာကွယ်ဆေးတော့မရှိဘူး၊ အဓိက ကတော့ ရောဂါပိုးတွေ ကူးစက်မလာအောင်လို့၊ တစ်ရွာနဲ့တစ်ရွာ မကူးအောင်လို့ ထိန်းချုပ်လို့ပဲ ရမယ်၊ ဝက်ခြံထဲ လူစိမ်းဝင်ထွက်လုပ်တာမျိုးတို့၊ ဖိနပ်တွေ၊ ခြေတွေလက်တွေနဲ့ ဦးထုပ်တွေကနေ ကူးတာမျိုးတို့ ခွေးတွေကြောင်တွေကနေ ကူးတာမျိုးတို့ မဖြစ်အောင် ဒါလေးတွေတော့ အဓိကထားပြီး ကာကွယ်လို့ရမှာပါ"တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
 တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းက တိရစာ္ဆန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးပွဲပြုလုပ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူးက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး အဆိုပါ အသိပညာပေးပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မွေးမြူရေးနှင်းကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့် ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်ရောင်းချသူများ တက်ရောက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု နှင့် လွယ်စတုံကျေးရွာအကြားရှိ လွယ်စတုံချောင်းအတွင်း မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ဖျားနာသေဆုံးသည့် ဝက်အသေ တော်တော်များများ ၂၀၁၉ခုနှစ် သြဂုတ်လ၏ ပထမပတ်အတွင်း မျှောလာသည့်အတွက် ဝက်သားစားသုံးသူများမှ စိုးရိမ်နေသည့်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန နှင့် တာဝန်ရှိသူများက အသိပညာပေးမှုများ လုပ်ဆောင်နကြခြေင်း ဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net