တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုေခ်ာင္းအတြင္း ေမွ်ာလာသည့္ ဖ်ားနာေသ ၀က္မ်ားကို ေမြးကုႏွင့္စည္ပင္မွ ဆယ္ယူ ပိုးသတ္ေဆးဖ်န္းကာ ေျမျမႇဳပ္

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုေခ်ာင္းအတြင္း ေမွ်ာလာသည့္ ဖ်ားနာေသ ၀က္မ်ားကို ေမြးကုႏွင့္စည္ပင္မွ ဆယ္ယူ ပိုးသတ္ေဆးဖ်န္းကာ ေျမျမႇဳပ္
သြဂုတ် 5, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စု ႏွင့္ မိုင္းဟဲေက်းရြာအုပ္စုၾကားရွိ  လြယ္စတံု(ပံုလို႔)ေခ်ာင္းအတြင္း ၀က္အေသ(၁၀)ေကာင္ေက်ာ္  ၂၀၁၉ခုႏွစ္၊ ၾသဂုတ္လ(၅)ရက္ေန႔က ေမ်ာလာ၍ ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနတို႔က ဆယ္ယူၿပီး ပိုးသတ္ေဆးဖ်န္း ေျမျမဳပ္လုိက္သည္။

အဆိုပါေခ်ာင္းအတြင္း ေမ်ာလာသည့္ ၀က္ေသမ်ားမွာ ဝက္ေရာဂါမ်ားျဖစ္ေနသည့္ မိုင္းဟဲေက်းရြာအုပ္စုအတြင္းက ေမ်ာလာျခင္းျဖစ္မည္ဟု ခန္႔မွန္းထားၿပီး အဆိုပါေက်းရြာအုပ္စုအတြင္း ဝက္မ်ားေသဆံုးပါက ေခ်ာင္းအတြင္းမေမွ်ာဘဲ ေျမျမဳပ္ရန္ အသိပညာေပးလုပ္ထားၿပီးျဖစ္သည္။

"မိုင္းဟဲေက်းရြာအုပ္စုေပါ့ေနာ္။ အဲဒီမွာ ႀကိဳၾကားႀကိဳၾကား ၀က္ေသဆံုးမႈေတြရွိပါတယ္။ ေဒသတြင္းမွာ ၀က္ေသရင္ ေခ်ာင္းထဲကို မေမွ်ာဖို႔ကို လူထုအသိပညာေပးေတြ၊ ေဟာေျပာပြဲေတြလည္း လုပ္ခဲ့သလို လုပ္ေနလွ်က္ျဖစ္ပါတယ္ခင္ဗ်။ ၀က္ေတြေသရင္ အလြယ္လိုက္တဲ့ သေဘာမ်ဳိးနဲ႔ ေခ်ာင္းထဲကို ေမွ်ာခ်တာမ်ဳိးဆိုရင္ ေခ်ာင္းထဲမွာ အနံ႔အသက္မေကာင္းတာအျပင္  ေရာဂါကူးစက္ႏိုင္တဲ့ အေနအထားမ်ဳိးေတြလည္းရွိတဲ့အတြက္ေၾကာင့္မို႔ ကြ်န္ေတာ္တို႔က ေခ်ာင္းထဲကို မေမွ်ာဖို႔ လူအထုအသိပညာေပးေတြ ေဆာင္ရြက္လွ်က္ရွိပါတယ္" ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမို႕နယ္ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခ်ာင္းအတြင္း ေမ်ာလာသည့္ ၀က္အေသမ်ားအား ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမို႕နယ္ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုး ႏွင့္ ၀န္ထမ္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုတိယဦးစီးမွဴး ဦးအားထူယာတို႔က စက္ယႏၱရားအကူအညီရယူကာ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၅)ရက္ေန႔ ေန႔လယ္ပိုင္းကတည္းက ဆယ္ယူရာ ည(၆)နာရီတြင္ ဆယ္ယူၿပီးစီးသြားသျဖင့္ ေဆးဖ်န္းၿပီး ေျမျမႇဳပ္ခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ေခ်ာင္းအတြင္း၌ ၾသဂုတ္လ ပထမပတ္အတြင္းကတည္းက ဝက္ေသမ်ား မၾကာခဏေမ်ာလာဖူးၿပီး စုစုေပါင္း အေကာင္ေရ (၂၀)ေက်ာ္ရိွမည္ဟု ေခ်ာင္းေဘးေနထုိင္သူမ်ားက ေျပာသည္။

 ဖ်ားနာေနသည့္ ၀က္မ်ားရွိေနပါက ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနသို႔ လည္းေကာင္း၊ ရပ္ကြက္/ေက်းရြာ ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားသို႔လည္းေကာင္း ဆက္သြယ္အကူအညီေတာင္းခံႏိုင္ၿပီး တစ္ႏုိင္တစ္ပိုင္ဝက္ေမြးျမဴသူမ်ားႏွင့္ စီးပြားျဖစ္ဝက္ေမြးျမဴသူမ်ားအေနျဖင့္ ဝက္ေရာဂါကာကြယ္ေရးႏွင့္ပတ္သက္၍ အႀကံဥာဏ္ရယူျခင္းႏွင့္ ၿခံဖ်န္းေဆးမ်ားရယူလိုပါက ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဖုန္း ၀၈၄ ၅၁၉၀၅ သို႔ ဆက္သြယ္အကူအညီရယူႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု နှင့် မိုင်းဟဲကျေးရွာအုပ်စုကြားရှိ  လွယ်စတုံ(ပုံလို့)ချောင်းအတွင်း ၀က်အသေ(၁၀)ကောင်ကျော်  ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့က မျောလာ၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့က ဆယ်ယူပြီး ပိုးသတ်ဆေးဖျန်း မြေမြုပ်လိုက်သည်။

အဆိုပါချောင်းအတွင်း မျောလာသည့် ၀က်သေများမှာ ဝက်ရောဂါများဖြစ်နေသည့် မိုင်းဟဲကျေးရွာအုပ်စုအတွင်းက မျောလာခြင်းဖြစ်မည်ဟု ခန့်မှန်းထားပြီး အဆိုပါကျေးရွာအုပ်စုအတွင်း ဝက်များသေဆုံးပါက ချောင်းအတွင်းမမျှောဘဲ မြေမြုပ်ရန် အသိပညာပေးလုပ်ထားပြီးဖြစ်သည်။

"မိုင်းဟဲကျေးရွာအုပ်စုပေါ့နော်။ အဲဒီမှာ ကြိုကြားကြိုကြား ၀က်သေဆုံးမှုတွေရှိပါတယ်။ ဒေသတွင်းမှာ ၀က်သေရင် ချောင်းထဲကို မမျှောဖို့ကို လူထုအသိပညာပေးတွေ၊ ဟောပြောပွဲတွေလည်း လုပ်ခဲ့သလို လုပ်နေလျှက်ဖြစ်ပါတယ်ခင်ဗျ။ ၀က်တွေသေရင် အလွယ်လိုက်တဲ့ သဘောမျိုးနဲ့ ချောင်းထဲကို မျှောချတာမျိုးဆိုရင် ချောင်းထဲမှာ အနံ့အသက်မကောင်းတာအပြင်  ရောဂါကူးစက်နိုင်တဲ့ အနေအထားမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ချောင်းထဲကို မမျှောဖို့ လူအထုအသိပညာပေးတွေ ဆောင်ရွက်လျှက်ရှိပါတယ်" မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချောင်းအတွင်း မျောလာသည့် ၀က်အသေများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုး နှင့် ၀န်ထမ်းများ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးအားထူယာတို့က စက်ယန္တရားအကူအညီရယူကာ ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်နေ့ နေ့လယ်ပိုင်းကတည်းက ဆယ်ယူရာ ည(၆)နာရီတွင် ဆယ်ယူပြီးစီးသွားသဖြင့် ဆေးဖျန်းပြီး မြေမြှုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ချောင်းအတွင်း၌ သြဂုတ်လ ပထမပတ်အတွင်းကတည်းက ဝက်သေများ မကြာခဏမျောလာဖူးပြီး စုစုပေါင်း အကောင်ရေ (၂၀)ကျော်ရှိမည်ဟု ချောင်းဘေးနေထိုင်သူများက ပြောသည်။

 ဖျားနာနေသည့် ၀က်များရှိနေပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ လည်းကောင်း၊ ရပ်ကွက်/ကျေးရွာ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများသို့လည်းကောင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသူများနှင့် စီးပွားဖြစ်ဝက်မွေးမြူသူများအနေဖြင့် ဝက်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အကြံဉာဏ်ရယူခြင်းနှင့် ခြံဖျန်းဆေးများရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဖုန်း ၀၈၄ ၅၁၉၀၅ သို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net