တာချီလိတ်မြို့နယ်အတွင်း ၀က်သေဆုံးမှုများ ဖြစ်ပွားနေ၍ ကွင်းဆင်းဆေးစစ်နေ
တာချီလိတ်မြို့နယ်အတွင်း ၀က်သေဆုံးမှုများ ဖြစ်ပွားနေ၍ ကွင်းဆင်းဆေးစစ်နေ
သွဂုတျ 3, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုများဖြစ်ပွားနေ၍ သက်ဆိုင်ရာများ ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနေပြီး ရောဂါအတည်ပြုနိုင်ရေးအတွက် ဓါတ်ခွဲခန်းပို့စစ်ထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဝက်သေဆုံးမှုများဖြစ်နေသဖြင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့က ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်ပြီး တာချီလိတ်မြို့ရှိ လွယ်စတုံချောင်းအတွင်း၌လည်း သြဂုတ်လ (၂)ရက်နေ့က ဝက်သေများမျောလာသည်ကို တွေ့ရကြောင်း ချောင်းဘေးတွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နှင့် လာအိုတွင် အာဖရိကဝက်တုပ်ကွေးရောဂါများ ဖြစ်ပွားနေသဖြင့် အဆိုပါဒေသများမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများ တင်ပို့ခြင်းကို အခြားနိုင်ငံများက တားဆီးပိတ်ပင်ထားကြသည့်အပြင် ထိုင်းနိုင်ငံက အိမ်နီးချင်း လာအိုနိုင်ငံမှ ဖြန်သန်းလာသည့် လူနှင့်ကုန်ပစ္စည်းများကို ဇီဝလုံခြုံရေးစစ်ဆေးမှုများလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝက်သေဆုံးမှုများဖြစ်ပွားနေ၍ သက်ဆိုင်ရာများ ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးနပြေီး ရောဂါအတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲခန်းပို့စစ်ထားကြောင်း သိရသည်။
“အသေအပျောက်တော့ရှိတယ်။ ဒီနေ့ပဲ ရန်ကုန်က ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ အနည်းဆုံး တစ်ပတ်တော့ ကြာအုံးမယ်။ ကျွန်တော်တို့ မိုင်းဟဲကျေးရွာအုပ်စုက အကြောင်းကြားလာလို့ပါ။ သူတို့ဆီမှာဖြစ်နေတာကတော့ (၁၀)ရက်လောက်ရှိပြီလို့ သိရတယ်။ အခုရွာဆင်းနေတာက လွှတ်တော်ကိုယ်စားလှယ်ရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးပါ ပါ ပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဝက်သေဆုံးမှုများဖြစ်နေသဖြင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့က ကွင်းဆင်းစစ်ဆေးနခြေင်းဖြစ်ပြီး တာချီလိတ်မြို့ရှိ လွယ်စတုံချောင်းအတွင်း၌လည်း သြဂုတ်လ (၂)ရက်နေ့က ဝက်သေများမျောလာသည်ကို တွေ့ရကြောင်း ချောင်းဘေးတွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
“လွယ်စတုံချောင်းထဲမှာ စည်းကမ်းမဲ့ပစ်ထားပြီး ရေစီးနဲ့မျောလာတာ။ ရောဂါရှိတဲ့ဟာတွေဆိုရင် ပြည်သူတွေအတွက် အန္တရာယ်ရှိပါတယ်။ အခုက ဝက်ရောဂါတွေပဲဖြစ်နကြေတာ။ ကျွန်မတို့ခြံနားက ရေချောင်းထဲမှာ လာတစ်နေတာ။ မနေ့ကပဲ ထိုးချလိုက်တာ”ဟု လွယ်စတုံချောင်းဘေးနေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဟဲကျေးရွာအုပ်စုတွင် ဝက်များရောဂါဖြင့်သေဆုံးနေကြောင်း ဆက်သွယ်အကြောင်းကြားလာသော်လည်း အခြားဒေသများမှ အကြောင်းကြားလာခြင်း မရှိသေးကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။
“အခုက မိုင်းဟဲကကျေးရွာတွေမှာ ဝက်သေ၊ ဝက်နာသား မစားဖို့၊ မြမြေုပ်ဖို့၊ ချောင်းထဲမမျောဖို့တော့ လှည့်ပတ်ပြီး ပညာပေးနေပါတယ်။ လွယ်တော်ခမ်းကတော့ အကြောင်းကြားလာတာ မရှိသေးပါဘူး” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နှင့် လာအိုတွင် အာဖရိကဝက်တုပ်ကွေးရောဂါများ ဖြစ်ပွားနေသဖြင့် အဆိုပါဒေသများမှ ဝက်နှင့် ဝက်သားထွက်ပစ္စည်းများ တင်ပို့ခြင်းကို အခြားနိုင်ငံများက တားဆီးပိတ်ပင်ထားကြသည့်အပြင် ထိုင်းနို်င်ငံက အိမ်နီးချင်း လာအိုနို်င်ငံမှ ဖြန်သန်းလာသည့် လူနှင့်ကုန်ပစ္စည်းများကို ဇီဝလုံခြုံရေးစစ်ဆေးမှုများလည်း လုပ်ဆောင်နခြေင်းဖြစ်သည်။
ပုံအညွှန်း - တာချီလိတ်မြို့ လွယ်စတုံချောင်းအတွင်း ဝက်အသေများ ၂၀၁၉ခုနှစ် ဇူလိုင်လ(၂)ရက်နေ့က မျောလာပုံ
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net