တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ကုန်စိမ်းနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းမည့် ပုဂ္ဂလိကဈေး ဖွင့်လှစ်မည်

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ကုန်စိမ်းနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းမည့် ပုဂ္ဂလိကဈေး ဖွင့်လှစ်မည်
သွဂုတျ 18, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်   ထိုင်းနိုင်ငံမှ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ခြောက်များ လက်ကားဖြန့်ဖြူးမည့် ပုဂ္ဂလိဈေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် စည်ပင်သာယာဈေးများအပြင် ပုဂ္ဂလိကဈေးများလည်း ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုန်းထွန်ဈေး၊ မြို့မဈေး (ဝမ်ကောင်းဈေး)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး၊ အာခါဈေး၊ ဆန်ဆိုင်းဈေး၊ ရွှေမြေသာယာ (လားဟူ) ဈေး၊ ပါလျှံ(၃)ဈေးနှင့် ပါလျှံ(၂)ဈေးတို့ရှိနေပြီး ပြည်တော်သာဈေးမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းမည့် ပထမဆုံးဈေးဖြစ်လာခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနို်င်ငံမှ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ခြောက်များ လက်ကားဖြန့်ဖြူးမည့် ပုဂ္ဂလိဈေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်ဆိုင်းဈေးအနီးရှိ ပြည်တော်သာဈေးတွင် ထိုင်းနိုင်ငံမှ အသီးအရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များကို နေ့စဉ် နံနက် (၄)နာရီမှ နေ့လယ် (၂)နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စည်ပင်သာယာဈေးများအပြင် ပုဂ္ဂလိကဈေးများလည်း ခွင့်ပြုထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုန်းထွန်ဈေး၊ မြို့မဈေး (ဝမ်ကောင်းဈေး)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး၊ အာခါဈေး၊ ဆန်ဆိုင်းဈေး၊ ရွှေမြေသာယာ (လားဟူ) ဈေး၊ ပါလျှံ(၃)ဈေးနှင့် ပါလျှံ(၂)ဈေးတို့ရှိနပြေီး ပြည်တော်သာဈေးမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်ခြောက်များ လက်ကားရောင်းမည့် ပထမဆုံးဈေးဖြစ်လာခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net