တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ မႈလတန္းေက်ာင္း (၂)ေက်ာင္းသို႔ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား ပါ၀င္သည့္ ပညာဒီပထာ၀ရအဖြဲ႔မွ သြားေရာက္ကာ စာေရးကိရိယာမ်ား ေထာက္ပံ့

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ မႈလတန္းေက်ာင္း (၂)ေက်ာင္းသို႔ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား ပါ၀င္သည့္ ပညာဒီပထာ၀ရအဖြဲ႔မွ သြားေရာက္ကာ စာေရးကိရိယာမ်ား ေထာက္ပံ့
သြဂုတ် 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ စာသင္ေက်ာင္း(၂)ေက်ာင္းတြင္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား ပါ၀င္သည့္ ပညာဒီပထာ၀ရအဖြဲ႔မွ စာေရးကိရိယာမ်ား အပါအ၀င္ ေက်ာင္းအတြင္း လိုအပ္သည့္ ပစၥည္းမ်ားအား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၄)ရက္ေန႔တြင္ ေထာက္ပံ့ေပးအပ္လွဴဒါန္းခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔သည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ အေျခခံပညာမႈလတန္းေက်ာင္း(ရန္ရွင္း)ရွိ ေက်ာင္းသား၊ ေက်ာင္းသူ (၇၂)ဦးအား စာေရးကိရိယာမ်ား၊ ဖိနပ္မ်ား၊ ကစားစရာမ်ားႏွင့္ ေန႔လည္စာအျပင္ ေက်ာင္းတြင္ လိုအပ္ေနသည့္ ျမက္ရိတ္စက္ ႏွင့္ ဓါတ္ဆီ အပါအ၀င္ ေရစင္အတြက္လည္း ေထာက္ပံ့လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ လန္႔ေတာင္းေက်းရြာအတြင္းရွိ အေျခခံပညာမႈလတန္းရွိ ေက်ာင္းသား ေက်ာင္းသူ (၂၉)ဦးအား စာေရးကိရိယာမ်ား၊ ဖိနပ္မ်ား၊ ကစားစရာမ်ား ေထာက္ပံ့ေပးအပ္သည့္အျပင္ ေန႔လည္စာလည္း ေကြ်းေမြးခဲ့ေၾကာင္း သိရသည္။

အေျခခံမႈလတန္းေက်ာင္း(၂)ေက်ာင္းတြင္ စာေရးကိရိယာမ်ားေထာက္ပံ့ေပးအပ္မႈမ်ား အၿပီးတြင္ သစ္ပင္မ်ား စိုက္ပ်ဳိးေပးခဲ့ေၾကာင္း သိရသည္။

ပညာဒီပထာဝရအဖြဲ႕ကို ၂၀၀၃ ခုႏွစ္က တာခ်ီလိတ္ေန ေဒသခံမ်ားျဖင့္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူ ဝန္ထမ္းကုန္း ေက်ာင္းတုိက္ဆရာေတာ္ မတည္ရင္းႏွီးေငြ အပါအ၀င္ က်ပ္(၅၄)သိန္းမွ ႏွစ္စဥ္ဘဏ္တိုးျဖင့္ တာခ်ီလိတ္ခရို္င္အတြင္းရိွ ေက်းရြာမ်ားမွ လိုအပ္ေနသည့္ေက်ာင္းမ်ားသို႔ ႏွစ္စဥ္ အလွည့္က် လွဴဒါန္းေပးေနျခင္းျဖစ္သည္။

ယခုႏွစ္တြင္ ဘဏ္တိုးရရိွေငြ ဘတ္(၈၉၇၆)အျပင္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသား ေဟာင္းႀကီးမ်ားအဖြဲ႕မွ စုေပါင္းထည့္ဝင္လွဴဒါန္းေငြ (၂၃,၅၀၀)ဘတ္တို႔ျဖင့္ စုေပါင္းလွဴဒါန္းၾကျခင္းျဖစ္သည္။

အဆိုပါအဖြဲ႕က၂၀၁၇ ခုႏွစ္က တာခ်ီလိတ္ခရိုင္အတြင္း ပန္အန္မူလတန္းေက်ာင္းရိွ ေက်ာင္းသားေက်ာင္းသူ (၇၄) ဦး၊ ၂၀၁၈ ခုႏွစ္တြင္ ရန္ရွင္းေက်းရြာမူလတန္းလြန္ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူ (၂၃၃)ဦးတုိ႔ကို လွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၂)ကျောင်းတွင် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ ပါဝင်သည့် ပညာဒီပထာဝရအဖွဲ့မှ စာရေးကိရိယာများ အပါအဝင် ကျောင်းအတွင်း လိုအပ်သည့် ပစ္စည်းများအား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့တွင် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာမှုလတန်းကျောင်း(ရန်ရှင်း)ရှိ ကျောင်းသား၊ ကျောင်းသူ (၇၂)ဦးအား စာရေးကိရိယာများ၊ ဖိနပ်များ၊ ကစားစရာများနှင့် နေ့လည်စာအပြင် ကျောင်းတွင် လိုအပ်နေသည့် မြက်ရိတ်စက် နှင့် ဓာတ်ဆီ အပါအဝင် ရေစင်အတွက်လည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်၊ တာလမြေို့၊ လန့်တောင်းကျေးရွာအတွင်းရှိ အခြေခံပညာမှုလတန်းရှိ ကျောင်းသား ကျောင်းသူ (၂၉)ဦးအား စာရေးကိရိယာများ၊ ဖိနပ်များ၊ ကစားစရာများ ထောက်ပံ့ပေးအပ်သည့်အပြင် နေ့လည်စာလည်း ကျွေးမွေးခဲ့ကြောင်း သိရသည်။

အခြေခံမှုလတန်းကျောင်း(၂)ကျောင်းတွင် စာရေးကိရိယာများထောက်ပံ့ပေးအပ်မှုများ အပြီးတွင် သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ပညာဒီပထာဝရအဖွဲ့ကို ၂၀၀၃ ခုနှစ်က တာချီလိတ်နေ ဒေသခံများဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များနှင့်အတူ ဝန်ထမ်းကုန်း ကျောင်းတိုက်ဆရာတော် မတည်ရင်းနှီးငွေ အပါအဝင် ကျပ်(၅၄)သိန်းမှ နှစ်စဉ်ဘဏ်တိုးဖြင့် တာချီလိတ်ခရို်င်အတွင်းရှိ ကျေးရွာများမှ လိုအပ်နေသည့်ကျောင်းများသို့ နှစ်စဉ် အလှည့်ကျ လှူဒါန်းပေးနခြေင်းဖြစ်သည်။

ယခုနှစ်တွင် ဘဏ်တိုးရရှိငွေ ဘတ်(၈၉၇၆)အပြင် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းကြီးများအဖွဲ့မှ စုပေါင်းထည့်ဝင်လှူဒါန်းငွေ (၂၃,၅၀၀)ဘတ်တို့ဖြင့် စုပေါင်းလှူဒါန်းကြခြင်းဖြစ်သည်။

အဆိုပါအဖွဲ့က၂၀၁၇ ခုနှစ်က တာချီလိတ်ခရိုင်အတွင်း ပန်အန်မူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူ (၇၄) ဦး၊ ၂၀၁၈ ခုနှစ်တွင် ရန်ရှင်းကျေးရွာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၃၃)ဦးတို့ကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net