တာခ်ီလိတ္ၿမိဳ႕ရွိ ေက်းရြာမ်ားအတြင္း ၀က္မ်ားေသဆံုးသည့္ ဂယက္ေၾကာင့္ ၿမိဳ႕ေပၚႏွင့္ေက်းလက္ေစ်းမ်ားတြင္ ၀က္သားေရာင္းခ်ရမႈ က်ဆင္းသြားသည့္အတြက္ စည္ပင္မွ ၀က္သားေရာင္းခ်သူမ်ားအေပၚ အခြန္အခ ေကာက္ခံမႈ (၅)ရက္တိတိ ကင္းလြတ္ခြင့္ေပး

တာခ်ီလိတ္ၿမိဳ႕ရွိ ေက်းရြာမ်ားအတြင္း ၀က္မ်ားေသဆံုးသည့္ ဂယက္ေၾကာင့္ ၿမိဳ႕ေပၚႏွင့္ေက်းလက္ေစ်းမ်ားတြင္ ၀က္သားေရာင္းခ်ရမႈ က်ဆင္းသြားသည့္အတြက္ စည္ပင္မွ ၀က္သားေရာင္းခ်သူမ်ားအေပၚ အခြန္အခ ေကာက္ခံမႈ (၅)ရက္တိတိ ကင္းလြတ္ခြင့္ေပး
သြဂုတ် 7, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ လတ္တေလာျဖစ္ပြားေနသည့္ ေက်းရြာမ်ားအတြင္းက ၀က္မ်ားဖ်ားနာေသဆံုးမႈမ်ားႏွင့္ ပတ္သက္၍ ၀ယ္ယူစားသံုးသူမ်ားမွာ စိုးရိမ္စိတ္မ်ားေၾကာင့္ ၀က္သား၀ယ္ယူမႈ မရွိေတာ့သည့္နီးပါး ေလ်ာ့က်သြားသည့္အတြက္  ၀က္သားေရာင္းခ်သူမ်ားမွာ   အရႈံးႏွင့္ရင္ဆိုင္ေနရသည့္အတြက္ စည္ပင္သာယာေရးဌာနက  ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၈)ရက္ေန႔မွ ၾသဂုတ္လ(၁၂)ရက္ေန႔အထိ (၅)ရက္တိတိ အခြန္အခေကာက္ခံမႈ ကင္းလြတ္ခြင့္ေပးလိုက္သည္။

စည္ပင္သာယာေရးဌာနတြင္ လိုင္စင္ရယူကာ ၀က္သားေရာင္းခ်ေနေသာ တာခ်ီလိတ္ၿမိဳ႕ရွိ ၀က္သားေရာင္းခ်ျခင္း လုပ္ကိုင္သူ (၂၇)ဦးမွာ လတ္တေလာျဖစ္ပြားသည့္ ၀က္ေရာဂါအေျခအေနေၾကာင့္ အရႈံးႏွင့္ရင္ဆိုင္ေနရသည့္အတြက္  ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၇)ရက္ ညေန(၄)နာရီက တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနသို႔ သြားေရာက္ကာ ေတြ႔ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ရာက တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုင္းခြန္ေဇာ္ဦးက အခြန္အခ (၅)ရက္ ကင္းလြတ္ခြင့္ေပးလိုက္ျခင္း ျဖစ္သည္။

စည္ပင္သာယာေရးဌာနမွ ၀က္သားေရာင္းခ်သူမ်ားအေပၚ တစ္ရက္လွ်င္ ၀က္တစ္ေကာင္အား ေခါင္းခြန္အျဖစ္ က်ပ္(၇၀၀၀)၊ အသားတစ္ပိႆလွ်င္ က်ပ္(၄၂၀)ႏႈန္းျဖင့္ အခြန္အခေကာက္ျခင္း ျဖစ္သည္။

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ ၀က္သားစားသံုးသူမ်ားမွာ တာခ်ီလိတ္မွ ၀က္သားအျပင္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕မွ ၀က္သားမ်ားကိုလည္း ၀ယ္ယူစားသံုးေၾကာင္း သိရသည္။

စည္ပင္သာယာေရးဌာနထံမွ လိုင္စင္ရယူကာ ၀က္သားေရာင္းခ်ေနသူမ်ားမွ သံုးထပ္သား တစ္ကီလိုလွ်င္ထိုင္းဘတ္ေငြ (၁၄၀)၊ အသားသီးသန္႔ တစ္ကီလိုလွ်င္ ထိုင္းဘတ္ေငြ(၁၅၀)ျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး ၀က္တစ္ေကာင္လွ်င္ ထိုင္းဘတ္ေငြ ဘတ္(၈၀၀၀)ေက်ာ္မွ (၁၀၀၀၀)၀န္းက်င္အထိရွိရာ လတ္တေလာျဖစ္ေပၚေနသည့္ ေက်းရြာမ်ားမွ ၀က္ေရာဂါဂယက္မ်ားေၾကာင့္ အခ်ဳိ႕၀က္သားသည္မ်ားသည္ အနည္းဆံုး ထိုင္းဘတ္ေငြ (၂၀၀၀)၀န္းက်င္အထိသာ ေရာင္းခ်ရေၾကာင္း သိရသည္။

"ကြ်န္ေတာ္ ၀က္သားေရာင္းလာတာ ႏွစ္အေတာ္ၾကာၿပီ၊ အရင္ကလည္း ၀က္ေရာဂါဆိုၿပီး ျဖစ္တာပဲ၊ ဒါေပမဲ့ အခုေလာက္ထိ ၀က္သား၀ယ္ယူသူ နည္းပါးတဲ့အျဖစ္မ်ဳိး တစ္ခါမွမႀကံဳဖူးဘူး၊ ဒီႏွစ္ေတာ့ အေတာ္ကို ဆိုး၀ါးတယ္၊ ၀က္သားတန္းကေန ျဖတ္သြားတဲ့သူ မရွိသေလာက္အျဖစ္မ်ဳိးဗ်ာ"ဟု ၀က္သားေရာင္းခ်သူ အမ်ဳိးသားတစ္ဦးက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်း ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္ေစ်းမ်ားအပါအ၀င္ မိုင္းကိုး ႏွင့္ မိုင္းဖုန္းေက်းရြာအုပ္စုအတြင္းရွိ ေက်းလက္ေစ်းမ်ားအထိ စည္ပင္သာယာေရးဌာနထံ ေခါင္းခြန္၊ အသားခြန္ ေပးေဆာင္ကာ ေရာင္းခ်သည့္ ၀က္သားေရာင္းခ်သူမွာ စုစုေပါင္း (၂၇)ဦးရွိၿပီး ၎တို႔သည္ တာခ်ီလိတ္ၿမိဳ႕ရွိ  ေက်ာက္စိမ္းကန္ ေမြးျမဴေရးလုပ္ငန္း ႏွင့္  ေရႊေကာင္းကင္ဝက္ေမြးျမဴေရးလုပ္ငန္းတို႔မွ ၀က္မ်ားကို ၀ယ္ယူကာ ျပန္လည္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

စည္ပင္သာယာေရးဌာနတြင္ အခြန္အခေပးေဆာင္ကာ ေရာင္းခ်ေသာ ၀က္သားမ်ားႏွင့္ ပတ္သက္၍ စည္ပင္သာယာေရးဌာန ႏွင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတို႔မွ ၀က္သားသတ္ရံုႏွင့္၀က္သားေရာင္းခ်သည့္ ေစ်းမ်ားတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေလ့ရွိသည့္အတြက္ ၀က္သား၀ယ္ယူသူမ်ားအေနျဖင့္ စိတ္ခ်စြာ ၀ယ္ယူႏုိင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုင္းခြန္ေဇာ္ဦးက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဟဲေက်းရြာအုပ္စု ႏွင့္ လြယ္စတံုေက်းရြာအၾကားရွိ လြယ္စတံုေခ်ာင္းအတြင္း မိုင္းဟဲေက်းရြာအုပ္စုအတြင္းမွ ဖ်ားနာေသဆံုးသည့္ ၀က္အေသ ေတာ္ေတာ္မ်ားမ်ား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ၏ ပထမပတ္အတြင္း ေမွ်ာလာသည့္အတြက္ ၀က္သားစားသံုးသူမ်ားမွ စိုးရိမ္စိတ္ျဖင့္ ၀က္သား၀ယ္ယူမႈ နည္းပါးခဲ့ၾကျခင္း ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကျေးရွာများအတွင်းက ဝက်များဖျားနာသေဆုံးမှုများနှင့် ပတ်သက်၍ ဝယ်ယူစားသုံးသူများမှာ စိုးရိမ်စိတ်များကြောင့် ဝက်သားဝယ်ယူမှု မရှိတော့သည့်နီးပါး လျော့ကျသွားသည့်အတွက် ဝက်သားရောင်းချသူများမှာ အရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက် စည်ပင်သာယာရေးဌာနက ၂၀၁၉ခုနှစ် သြဂုတ်လ(၈)ရက်နေ့မှ သြဂုတ်လ(၁၂)ရက်နေ့အထိ (၅)ရက်တိတိ အခွန်အခကောက်ခံမှု ကင်းလွတ်ခွင့်ပေးလိုက်သည်။

စည်ပင်သာယာရေးဌာနတွင် လိုင်စင်ရယူကာ ဝက်သားရောင်းချနေသော တာချီလိတ်မြို့ရှိ ဝက်သားရောင်းချခြင်း လုပ်ကိုင်သူ (၂၇)ဦးမှာ လတ်တလောဖြစ်ပွားသည့် ဝက်ရောဂါအခြေအနေကြောင့် အရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက် ၂၀၁၉ခုနှစ် သြဂုတ်လ(၇)ရက် ညနေ(၄)နာရီက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနသို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက အခွန်အခ (၅)ရက် ကင်းလွတ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

စည်ပင်သာယာရေးဌာနမှ ဝက်သားရောင်းချသူများအပေါ် တစ်ရက်လျှင် ဝက်တစ်ကောင်အား ခေါင်းခွန်အဖြစ် ကျပ်(၇၀၀၀)၊ အသားတစ်ပိဿလျှင် ကျပ်(၄၂၀)နှုန်းဖြင့် အခွန်အခကောက်ခြင်း ဖြစ်သည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဝက်သားစားသုံးသူများမှာ တာချီလိတ်မှ ဝက်သားအပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဝက်သားများကိုလည်း ဝယ်ယူစားသုံးကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနထံမှ လိုင်စင်ရယူကာ ဝက်သားရောင်းချနေသူများမှ သုံးထပ်သား တစ်ကီလိုလျှင်ထိုင်းဘတ်ငွေ (၁၄၀)၊ အသားသီးသန့် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ(၁၅၀)ဖြင့် ရောင်းချပေးနခြေင်းဖြစ်ပြီး ဝက်တစ်ကောင်လျှင် ထိုင်းဘတ်ငွေ ဘတ်(၈၀၀၀)ကျော်မှ (၁၀၀၀၀)ဝန်းကျင်အထိရှိရာ လတ်တလောဖြစ်ပေါ်နေသည့် ကျေးရွာများမှ ဝက်ရောဂါဂယက်များကြောင့် အချို့ဝက်သားသည်များသည် အနည်းဆုံး ထိုင်းဘတ်ငွေ (၂၀၀၀)ဝန်းကျင်အထိသာ ရောင်းချရကြောင်း သိရသည်။

"ကျွန်တော် ဝက်သားရောင်းလာတာ နှစ်အတော်ကြာပြီ၊ အရင်ကလည်း ဝက်ရောဂါဆိုပြီး ဖြစ်တာပဲ၊ ဒါပေမဲ့ အခုလောက်ထိ ဝက်သားဝယ်ယူသူ နည်းပါးတဲ့အဖြစ်မျိုး တစ်ခါမှမကြုံဖူးဘူး၊ ဒီနှစ်တော့ အတော်ကို ဆိုးဝါးတယ်၊ ဝက်သားတန်းကနေ ဖြတ်သွားတဲ့သူ မရှိသလောက်အဖြစ်မျိုးဗျာ"ဟု ဝက်သားရောင်းချသူ အမျိုးသားတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့မဈေး နှင့် မြို့ပေါ်ရပ်ကွက်ဈေးများအပါအဝင် မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်ဈေးများအထိ စည်ပင်သာယာရေးဌာနထံ ခေါင်းခွန်၊ အသားခွန် ပေးဆောင်ကာ ရောင်းချသည့် ဝက်သားရောင်းချသူမှာ စုစုပေါင်း (၂၇)ဦးရှိပြီး၎င်းတို့သည် တာချီလိတ်မြို့ရှိ ကျောက်စိမ်းကန် မွေးမြူရေးလုပ်ငန်း နှင့် ရွှေကောင်းကင်ဝက်မွေးမြူရေးလုပ်ငန်းတို့မှ ဝက်များကို ဝယ်ယူကာ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနတွင် အခွန်အခပေးဆောင်ကာ ရောင်းချသော ဝက်သားများနှင့် ပတ်သက်၍ စည်ပင်သာယာရေးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဝက်သားသတ်ရုံနှင့်ဝက်သားရောင်းချသည့် ဈေးများတွင် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဝက်သားဝယ်ယူသူများအနဖြေင့် စိတ်ချစွာ ဝယ်ယူနိုင်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ဆိုသည်။

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု နှင့် လွယ်စတုံကျေးရွာအကြားရှိ လွယ်စတုံချောင်းအတွင်း မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ ဖျားနာသေဆုံးသည့် ဝက်အသေ တော်တော်များများ ၂၀၁၉ခုနှစ် သြဂုတ်လ၏ ပထမပတ်အတွင်း မျှောလာသည့်အတွက် ဝက်သားစားသုံးသူများမှ စိုးရိမ်စိတ်ဖြင့် ဝက်သားဝယ်ယူမှု နည်းပါးခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net