မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေဆဲဖြစ်၍ အရေအတွက် အတည်မပြုနိုင်သေး
မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေဆဲဖြစ်၍ အရေအတွက် အတည်မပြုနိုင်သေး
သွဂုတျ 9, 2019
By Tachileik News Agency
မွန်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်အစောပိုင်းက ရေကြီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများရှိနေပြီး နံနက် (၄)နာရီမှ စတင်နေသည့် ကယ်ဆယ်ရေးအဖွဲ့များမှာ ည (၅)နာရီအထိ လူနာများကို အရေးပေါ် ပို့ဆောင်ပေးနေရဆဲ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ် ၊ မုဒုံမြို့နယ် ၊ ကျိုက်မရောမြို့နယ် ၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မိုးရေချိန်များပြားပြီး ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည့်အပြင် ရေကြီး၍လမ်းများပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ပေါင်မြို့နယ်အတွင်း အဝေးပြေးလမ်းမကြီးတလျှောက် (၂)နေရာတွင် တောင်ပြိုခြင်းကြောင့် တောင်ခြေရှိကျေးရွာများမှ လူနေအိမ်များနှင့် လမ်းမပေါ်ရှိ မော်တော်ယာဉ်များ နစ်မြုပ်သွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်သည်။
ပေါင်မြို့နယ်အတွင်း မုတ္တမတွင် ရေကြီးနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို သြဂုတ်လ (၉)ရက်နေ့ နံနက် (၄)နာရီကတည်းက လူမှုကူညီရေးအသင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့များဖြင့် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုဖြစ်ပွားနေသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးနေပြီး မြေပြိုကျမှုကြောင့် သေဆုံး/ဒဏ်ရာ ရရှိခဲ့သော လူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ် စာရင်းများအား အမြန်ဆုံးစာရင်းပြုစုရန် ညွှန်ကြားထားသည်ဟု အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency
~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်အစောပိုင်းက ရကြေီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူများရှိနပြေီး နံနက် (၄)နာရီမှ စတင်နေသည့် ကယ်ဆယ်ရေးအဖွဲ့များမှာ ည (၅)နာရီအထိ လူနာများကို အရေးပေါ် ပို့ဆောင်ပေးနေရဆဲ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် မိုးရေချိန်များပြားပြီး ရကြေီးနစ်မြုပ်မှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရသည့်အပြင် ရကြေီး၍လမ်းများပြိုကျပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ပေါင်မြို့နယ်အတွင်း အဝေးပြေးလမ်းမကြီးတလျှောက် (၂)နေရာတွင် တောင်ပြိုခြင်းကြောင့် တောင်ခြေရှိကျေးရွာများမှ လူနေအိမ်များနှင့် လမ်းမပေါ်ရှိ မော်တော်ယာဉ်များ နစ်မြုပ်သွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်သည်။
“မိန်းလမ်း(အဝေးပြေးလမ်းမကြီး)တလျှောက် ရွာတွေတော့ အကုန်ရမြေုပ်ကြတယ်။ အခုတော့ ရေတော့ ပေါ်နေပါပြီ။ မိန်းလမ်းကတော့ မပွင့်သေးဘူး ခင်ဗျ။ သဲဖြူကုန်းမှာ လမ်းတွေ လုပ်နေတုန်းပဲ။ တောင်ပြိုတာက (၂)နေရာရှိတယ်။ သဲဖြူဘက်မှာ တစ်နေရာရှိတယ်။ ရဲပြားကုန်းမှာ တစ်နေရာရှိတယ်။ သဲဖြူကုန်းကတော့ ပွင့်သွားပါပြီ။ အခုက လူနာတွေကို တောင်ကိုပတ်ပြီး ပို့နေရတယ်။ မော်လမြိုင်ဘက် လမ်းတော့ပွင့်ပြီ။ ဒါပေမဲ့ မော်လမြိုင်ဘက် နတ်ကြည့်တောင်ကတစ်ဆင့် မော်လမြိုင်ဘက်ကို ပို့ပေးနေရတုန်းပါပဲ။ အခုထိ လူနာတွေ ပို့နေရတုန်းပါပဲ”ဟု ပေါင်မြို့နယ်အတွင်း ရကြေီးနစ်မြုပ်နေရာများနှင့် တောင်ပြိုသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်နေသည့် စိတ္တသုခလူမှုကူညီရေးအသင်း (ပေါင်မြို့)၏ အတွင်းရေးမှူး ဦးမင်းစိုးရီက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၅)နာရီအချိန်တွင် ပြောသည်။
ပေါင်မြို့နယ်အတွင်း မုတ္တမတွင် ရကြေီးနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို သြဂုတ်လ (၉)ရက်နေ့ နံနက် (၄)နာရီကတည်းက လူမှုကူညီရေးအသင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့များဖြင့် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
“မနက်(၄)နာရီမှာ မုတ္တမမှာရေတက်လာပြီဆိုတော့ ကျွန်တော်တို့အဖွဲ့တွေ ထွေအုပ်ရော၊မီးသတ်ရော သွားကြတော့ ရေကစတက်နပြေီ။ မုတ္တမတိုက်နယ်ဆေးရုံက လူနာတွေကို ကျွန်တော်တို့ အရင်ကယ်ထုတ်တယ်။ လူနာတွေကို မော်လမြို့ပို့ဖို့စီစဉ်တယ်။ လမ်းတွေက အဆက်အသွယ်တွေလည်း အဲဒီအချိန်မှာ ပြတ်နပြေီ ခင်ဗျ။ မီးသတ်တပ်ဖွဲ့ကလည်း လှေတွေနဲ့ရောက်လာပြီးတော့ ဟိုဘက်ကမ်းကို လှေတစ်တန်၊ ကားတစ်တန်နဲ့ ကူးရတဲ့အခြေအနဖြေစ်တယ်။ အဲဒီမှာ ပြည်နယ်အစိုးရကနပြေီးတော့ လူနာတွေကို မော်လမြိုင်ဘက်မပို့ဘဲနဲ့ ဆရာဝန်တွေ လွှတ်လာပေးမယ်ပြောလာတယ်။ ဆရာဝန်တွေလည်း လွှတ်လာတယ်။ မုတ္တမ မြနန်းဘုန်းကြီးကျောင်းမှာ လူနာတွေကို အဲဒီမှာ အရေးပေါ်ပြုစုကုသတယ်။ (၇)နာရီခွဲလောက်မှာ ရဲပြားကုန်းတောင်ပြိုတယ်ဆိုတာ သတင်းရတယ်။ အဲဒီမှာ ရေတွေနဲ့လမ်းကပိတ်နေတော့ ကျွန်တော်တို့ သွားလို့မရတော့ဘူး။ ရဲပြားကုန်းတောင်ပြိုတာကို အပေါင်ဘက်က လာကူညီတဲ့ကားတွေက လူနာတွေကို ကယ်ကြတာပေါ့။ တောင်ပြိုတဲ့မြကြေီးအောက်မှာ လူတွေ ဘယ်လောက်ပိနေတယ်ဆိုတာတော့ အတိအကျ မသိဘူး။ သူတို့ ခန့်မှန်းခြေတော့ အယောက်(၃၀)လောက်ရှိတယ်။ ရသလောက် နှိုက်ထုတ်ကယ်ထားတာလည်း ရှိတယ်ကြားတယ်။ အဲဒီအချိန်မှာပဲ ပေါင်မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရမြေုပ်တယ်ဆိုတာ သတင်းဝင်လာတယ်။ အဲဒီမှာ ဇင်းကျိုက်တို့ အုတ်တံတားတို့ အကုန်လုံး သတင်းတွေ ဝင်လာပြန်ရော။ အဲဒီမှာ ကျွန်တော်တို့ သွားကယ်ဖို့ ဘယ်လိုမှ မနိုင်တော့ဘူး။ အဲဒီတော့ ဒီမှာရှိတဲ့လူတွေက ဒီမှာကယ်။ အဲဒီမှာ ကျန်ခဲ့တဲ့လူတွေက အဲဒီမှာကယ် အဲဒီလိုအနေအထားဖြစ်တယ်”ဟု စိတ္တသုခလူမှုကူညီရေးအသင်း (ပေါင်မြို့)၏ အတွင်းရေးမှူး ဦးမင်းစိုးရီက ပြောသည်။
ပေါင်မြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ် တောင်ပြိုကျမှု (၂)နေရာဖြစ်ပွားသည့်အနက် မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅နှင့် ၁၈၄/ ၆အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စု၊ မလတ်တောင်ပြိုကျမှုကို အနီးရှိ မြေတူးစက် (၃)စီး၊ ဒိုဇာ(၂)စီးဖြင့် တူးဖော်ရှင်းလင်းရာ သေဆုံးသူ (၁၀)ဦးနှင့် ဒဏ်ရာရလူနာ (၂၇)ဦးစာရင်းရရှိထားပြီဖြစ်ကြောင်းနှင့် မြေတူးစက်များအင်အားဖြည့်ပြီး ထပ်မံတူးဖော်မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က နေ့လယ်(၂)နာရီတွင် သတင်းထုတ်ပြန်ထားသည်။
ပေါင်မြို့နယ်အတွင်း မုတ္တမအပိုင်၊ ရဲပြားကုန်းကျေးရွာအနီး နံနက်(၇)နာရီဝန်းကျင်ကတည်းက တောင်ပြိုကျသည့်နေရာမှ နစ်မြုပ်သွားသည့် လူနေအိမ်များနှင့် မော်တော်ယာဉ်များမှ လူများကို ရှာဖွေတူးဖော်နေဆဲဖြစ်ပြီး ညနေ (၅)နာရီအချိန်ထိ အဆိုပါတောင်ပြိုသည့်နေရာမှ လမ်းပိတ်ထားဆဲဖြစ်သည်။
“ကျွန်တော်တို့အသင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လိုင်းပေါ်ကနေ သတင်းပြန်ပို့သလောက်ဆိုရင် အဲဒီနေရာမှာ ကားကြီးတွေရော၊ ကားလေးတွေရော၊ လူနေအိမ်က (၁၀)လုံးလောက် ပိနေတာဆိုတော့ သူတို့ခန့်မှန်းတာတော့ လူ(၅၀)ကျော်လောက်ရှိမယ်လို့ မှန်းထားတယ်လို့ သတင်းပို့ပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က နောက်ဆုံးရတဲ့သတင်းပါ။ အရင်ကတော့ အဲဒီနေရာတွေမှာ မြပြေိုတယ်ဆိုတာ ဒီလောက် မများဘူး။ နည်းနည်းတော့ဖြစ်တယ်။ စာရင်းအတိအကျတော့ မသိသေးပါဘူး။ကျွန်တော်တို့အသင်းက လူအင်အား (၂၀)လောက် သွားကူနေပါတယ်”ဟု လူမှုကူညီရေးအသင်း(ကျိုက်ထို)၏ အသင်းဝင်တစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၅)နာရီဝန်းကျင်က ပြောသည်။
ရကြေီးနစ်မြုပ်မှုနှင့် တောင်ပြိုမှုဖြစ်ပွားနေသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဦးဆောင်သည့် အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးနပြေီး မြပြေိုကျမှုကြောင့် သေဆုံး/ဒဏ်ရာ ရရှိခဲ့သော လူစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်များ၊ မော်တော်ယာဉ် စာရင်းများအား အမြန်ဆုံးစာရင်းပြုစုရန် ညွှန်ကြားထားသည်ဟု အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency
ဓာတ်ပုံ - Aung Myo Thant၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ စိတ္တသုခ လူမှုကူညီရေးအသင်း - ပေါင်မြို့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net