မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် (၅)ရက်တာအတွင်း မြို့နယ် (၈)ခု၌ ရေဘေးကယ်ဆယ်ရေးစခန်း (၃၇)ခု ဖွင့်လှစ်ပေးထားရ

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် (၅)ရက်တာအတွင်း မြို့နယ် (၈)ခု၌ ရေဘေးကယ်ဆယ်ရေးစခန်း (၃၇)ခု ဖွင့်လှစ်ပေးထားရ
သွဂုတျ 15, 2019
By Tachileik News Agency
မွန်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနေကြကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုသဖြင့် ရေဘေးရှောင်နေရသူများမှာ သြဂုတ်လ (၁၃)ရက်နေ့အထိ စာရင်းအရ မော်လမြိုင်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း (၃)ခုတွင် လူဦးရေ (၁,၃၀၀)၊ မုဒုံမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၂)ခုတွင် လူဦးရေ (၅၉၀)၊ ကျိုက်မရောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၁၃)ခုတွင် လူဦးရေ (၂၃၃၈)ဦး၊ ရေးမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း (၉)ခုတွင် လူဦးရေ (၄,၂၁၄)ဦး၊ သထုံမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၄)ခုတွင် လူဦးရေ (၆၄၁)ဦးနှင့် ဘီးလင်းမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၆)ခုတွင် လူဦးရေ (၅၉၁)ဦး ရှိနေကြောင်း သိရသည်။

ယင်းအပြင် ရေးမြို့နယ်ရှိ ကျေးရွာအုပ်စု (၅)ခုမှ တောင်သူ (၄၇၉)ဦး စပါးစိုက်ဧက (၁,၄၂၅)၊ ကျိုက်မရောမြို့နယ်အတွင်း တောင်သူ (၃,၉၅၈)ဦး၏ စပါးစိုက်ဧက (၁၇,၂၇၃)တို့ ရေနစ်မြုပ်သွားကာ ရော်ဘာခြံ (၃၆.၄၃)ဧကမှာ လေပြင်းဒဏ်ကြောင့် ပျက်စီးသွားကြောင်း သိရသည်။

မွန်ပြည်နယ်တွင်း ရေဘေးသင့်သူများအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ပြည်နယ်အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးနေသည့်အပြင် မွန်ပြည်နယ်တွင်း အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်၊ ပုဂ္ဂလိကအလှူရှင်များက ကူညီပေးနေကြခြင်းဖြစ်သည်။


မွန်ပြည်နယ်တွင်းမှ ရေဘေးအတွက် ကူညီပေးလိုသူများအနေဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖုန်း 095312589၊ 09440639611၊ 092046793၊ 09402633306၊ 0572024730 နှင့် 0572027303 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်အတွင်း ရကြေီးမှုကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြို့နယ်ပေါင်း (၈)မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း (၃၇)ခုဖွင့်လှစ်ပေးထားရပြီး အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆) ခိုလှုံနကြေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရကြေီးနစ်မြုပ်မှုသဖြင့် ရေဘေးရှောင်နေရသူများမှာ သြဂုတ်လ (၁၃)ရက်နေ့အထိ စာရင်းအရ မော်လမြိုင်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း (၃)ခုတွင် လူဦးရေ (၁,၃၀၀)၊ မုဒုံမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၂)ခုတွင် လူဦးရေ (၅၉၀)၊ ကျိုက်မရောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၁၃)ခုတွင် လူဦးရေ (၂၃၃၈)ဦး၊ ရေးမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း (၉)ခုတွင် လူဦးရေ (၄,၂၁၄)ဦး၊ သထုံမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၄)ခုတွင် လူဦးရေ (၆၄၁)ဦးနှင့် ဘီးလင်းမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း(၆)ခုတွင် လူဦးရေ (၅၉၁)ဦး ရှိနေကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ရေဘေးကြောင့် သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကာလအတွင်း သေဆုံးသူ (၇၀)ဦး၊ ဒဏ်ရာရသူ (၂)ဦးနှင့် ပျောက်ဆုံးနေသူ (၁)ဦးရှိပြီး အဆောက်အဦများ၊ လမ်းတံတားများ မျောပါသွားခြင်း၊ ပျက်စီးဆုံးရှုံးခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ယင်းအပြင် ရေးမြို့နယ်ရှိ ကျေးရွာအုပ်စု (၅)ခုမှ တောင်သူ (၄၇၉)ဦး စပါးစိုက်ဧက (၁,၄၂၅)၊ ကျိုက်မရောမြို့နယ်အတွင်း တောင်သူ (၃,၉၅၈)ဦး၏ စပါးစိုက်ဧက (၁၇,၂၇၃)တို့ ရေနစ်မြုပ်သွားကာ ရော်ဘာခြံ (၃၆.၄၃)ဧကမှာ လပြေင်းဒဏ်ကြောင့် ပျက်စီးသွားကြောင်း သိရသည်။

မွန်ပြည်နယ်တွင်း ရေဘေးသင့်သူများအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းကို ပြည်နယ်အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးနေသည့်အပြင် မွန်ပြည်နယ်တွင်း အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်၊ ပုဂ္ဂလိကအလှူရှင်များက ကူညီပေးနကြခြေင်းဖြစ်သည်။

ပြည်နယ်တွင်း ရေဘေးသင့်များအားကူညီပံ့ပိုးပေးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးကော်မတီနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီတို့က သြဂုတ်လ (၁၃)ရက်နေ့က ဆွေးနွေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင်းမှ ရေဘေးအတွက် ကူညီပေးလိုသူများအနဖြေင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖုန်း 095312589၊ 09440639611၊ 092046793၊ 09402633306၊ 0572024730 နှင့် 0572027303 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မွန်ပြည်နယ်အစိုးရအဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net