မွန်ပြည်နယ်အရပ်ဖက်အဖွဲ့များကွန်ရက်က ရေဘေးသင့်များအတွက် အရေးပေါ်လိုအပ်ချက်များကို ရေဘေးသင့်များအား ကူညီလိုသူများနှင့် ချိတ်ဆက်ဖြန့်ဝေပေးနေ
မွန်ပြည်နယ်အရပ်ဖက်အဖွဲ့များကွန်ရက်က ရေဘေးသင့်များအတွက် အရေးပေါ်လိုအပ်ချက်များကို ရေဘေးသင့်များအား ကူညီလိုသူများနှင့် ချိတ်ဆက်ဖြန့်ဝေပေးနေ
သွဂုတျ 12, 2019
By Tachileik News Agency
ရေကြီး၊ မြေပြိုမှုများနှင့်ကြုံနေရသည့် မွန်ပြည်နယ်အတွင်း ဒေသအလိုက် အရေးပေါ်လိုအပ်ချက်များကို မြို့နယ်(၁၀)ခုလုံးတွင် ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် Mon State CSO Network (MSCN)က ရေဘေးသင့်များအား ကူညီလိုသူများနှင့် ချိတ်ဆက်၍ လက်ဝယ်အရောက်ကူညီပေးနေကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသများအတွက် ပြည်နယ်အစိုးရက ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီး အရပ်ဖက်အဖွဲ့များကလည်း အကူအညီလိုအပ်နေသည့်နေရာများသို့ အလှူရှင်များနှင့် ချိတ်ဆက်ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးသင့်နေရာများ၌ ရိက္ခာခြောက်များလိုအပ်နေပြီး အချို့အိမ်ထောင်စုများမှာ အိမ်တွင်း ပစ္စည်းများပါ ဆုံးရှုံးသွားသဖြင့် အိုးခွက်ပန်းကန်နှင့် အဝတ်အထည်များလည်း လိုအပ်နေကြောင်း MSCN အဖွဲ့ထံမှ သိရသည်။
MSCN အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ဒေသခံများဖြင့် အခြေပြုဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေကြီးနစ်မြှပ်နေသည့်ဒေသများတွင် လိုအပ်ချက်များကိုစနစ်တကျ စာရင်းကောက်ယူထားကာ အလှူရှင်များကို သတင်းအချက်အလက်များ ပြန်လည်ဝေမျှပေးခြင်းနှင့် လှူဒါန်းလိုသည့်နေရာများအရောက် ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
Mon State CSO network မှတစ်ဆင့် မွန်ပြည်နယ်မှ ရေဘေးသင့်များအား ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် ကိုကိုဇော် ဖုန်း-၀၉ ၂၅၅၈၀၃၂၆၂၊ မင်းအောင်ထူး ဖုန်း-၀၉ ၄၂၅၃၆၃၇၈၁ သို့ ဆက်သွယ်နိုင်ပြီး ကမ္ဘောဇဘဏ်စာရင်းအမှတ် ၂၀၂-၅၀၂-၉၉၉-၄၅၆-၇၀၉၀၁ သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Min Aung Htoo ၊
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရကြေီး၊ မြပြေိုမှုများနှင့်ကြုံနေရသည့် မွန်ပြည်နယ်အတွင်း ဒေသအလိုက် အရေးပေါ်လိုအပ်ချက်များကို မြို့နယ်(၁၀)ခုလုံးတွင် ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် Mon State CSO Network (MSCN)က ရေဘေးသင့်များအား ကူညီလိုသူများနှင့် ချိတ်ဆက်၍ လက်ဝယ်အရောက်ကူညီပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ MSCN ဆိုတာက မွန်ပြည်နယ် (၁၀) မြို့နယ်လုံးက ကျေးရွာကလူတွေနဲ့ အခြေခံပြီးတော့ ဖွဲ့ထားတာ။ မြို့နယ်တိုင်းမှာ ရွေးချယ်ထားတဲ့သူတွေ ရှိတယ်။ မွန်ပြည်နယ်မှာ အရေးကြီးဆုံးဖြစ်တဲ့ ရေးနဲ့ ကျိုက်မရောမှာဆိုရင် ကျွန်တော်တို့ဆီက ပြည်နယ်ကော်မတီဝင်တွေ သွားပြီးတော့ လုပ်ပေးနေတာရှိတယ်။ ကျွန်တော်က မော်လမြိုင်ကနပြေီးတော့ ချိတ်ပြီးတော့ လှူပေးနေတာ။ သူတို့တွေက ဥပမာ ကျိုက်မရောမှာ ဆိုရင် ဘာအရေးတကြီးလိုနေလဲဆိုတာ ချက်ချင်းသိနိုင်တယ်။ ဒါကို အလှုရှင်ကိုပြန်ပြောပြပြီး သတင်းအချက်အလက် ပေးတယ်။ အလှူရှင်က ဘယ်နေရာလှူချင်လဲပေါ့။ တစ်ချို့ကလည်း ငွေပေးလာတယ်။ ငွေပေးလာတော့ ကျွန်တော်တို့က မော်လမြိုင်ကနေ ပစ္စည်းမဝယ်တော့ဘူး။ ကျိုက်မရောမှာ လိုရင် ကျိုက်မရောမှာပဲ ဝယ်တယ်။ ဈေးက မကွာဘူး။ မော်လမြိုင်ကနေ ကျိုက်မရောသယ်ရင် သယ်ဆောင်စရိတ်တွေ တက်မယ်။ စေတနာ့ဝန်ထမ်းတွေအတွက် ကျွေးမွေးစားရိတ်တွေနဲ့ဆိုရင် (၁၀) သိန်းဖိုးလှူရင် အလှူက (၇) သိန်းစာလောက်ပဲရမယ်”ဟု Mon State CSO network၏ ဦးဆောင်ကော်မတီမှ ကိုကိုဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသများအတွက် ပြည်နယ်အစိုးရက ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနပြေီး အရပ်ဖက်အဖွဲ့များကလည်း အကူအညီလိုအပ်နေသည့်နေရာများသို့ အလှူရှင်များနှင့် ချိတ်ဆက်ပို့ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရကနေ လုပ်နေတာတွေလည်းရှိတယ်။ အသက်ကယ်လှေတွေ ပို့တာတွေ ဘာတွေလည်း လုပ်တယ်။ သူတို့လုပ်တာကနေ လစ်ဟာတဲ့နေရာတွေကို ကျွန်တော်တို့က လိုက်ဖြည့်တာပေါ့။ ကျွန်တော်တို့က အခုဘယ်မှာ အရေးပေါ်လိုနေလဲ။ လိုတဲ့နေရာကို တခါတည်းပို့ပေးနိုင်အောင် ချိတ်ဆက်လုပ်ပေးတာပေါ့။ ပြည်နယ်အစိုးရက တစ်ချို့ဒေသတွေရဲ့ ရကြေီးတဲ့ဒေတာတွေကိုလည်း သူတို့မေးလာရင် ကျွန်တော်တို့ ပေးတာမျိုးတွေ ရှိပါတယ်”ဟု Mon State CSO network၏ ဦးဆောင်ကော်မတီမှ ကိုကိုဇော်က ပြောသည်။
လက်ရှိတွင် ရေဘေးသင့်နေရာများ၌ ရိက္ခါခြောက်များလိုအပ်နပြေီး အချို့အိမ်ထောင်စုများမှာ အိမ်တွင်း ပစ္စည်းများပါ ဆုံးရှုံးသွားသဖြင့် အိုးခွက်ပန်းကန်နှင့် အဝတ်အထည်များလည်း လိုအပ်နေကြောင်း MSCN အဖွဲ့ထံမှ သိရသည်။
MSCN အနဖြေင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ဒေသခံများဖြင့် အခြပြေုဖွဲ့စည်းထားခြင်းဖြစ်ပြီး ရကြေီးနစ်မြှပ်နေသည့်ဒေသများတွင် လိုအပ်ချက်များကိုစနစ်တကျ စာရင်းကောက်ယူထားကာ အလှူရှင်များကို သတင်းအချက်အလက်များ ပြန်လညေ်ဝမျှပေးခြင်းနှင့် လှူဒါန်းလိုသည့်နေရာများအရောက် ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
Mon State CSO network မှတစ်ဆင့် မွန်ပြည်နယ်မှ ရေဘေးသင့်များအား ဆက်သွယ်လှူဒါန်းလိုသူများအနဖြေင့် ကိုကိုဇော် ဖုန်း-ဝ၉ ၂၅၅၈၀၃၂၆၂၊ မင်းအောင်ထူး ဖုန်း-ဝ၉ ၄၂၅၃၆၃၇၈၁ သို့ ဆက်သွယ်နိုင်ပြီး ကမ္ဘောဇဘဏ်စာရင်းအမှတ် ၂၀၂-၅၀၂-၉၉၉-၄၅၆-၇၀၉၀၁ သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net