မိုင္းဆတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းရွိ မုန္႔ေစ်းတန္းတြင္ FDA က ထုတ္ျပန္ထားသည့္ စားသံုးရန္ သင့္ မသင့္ စားသံုးကုန္မ်ား ေရာင္းခ်မႈရွိ မရွိ စစ္ေဆးကာ အသိပညာေပးၿပီး ေရသန္႔လုပ္ငန္းမ်ားကိုလည္း စစ္ေဆး

မိုင္းဆတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းရွိ မုန္႔ေစ်းတန္းတြင္ FDA က ထုတ္ျပန္ထားသည့္ စားသံုးရန္ သင့္ မသင့္ စားသံုးကုန္မ်ား ေရာင္းခ်မႈရွိ မရွိ စစ္ေဆးကာ အသိပညာေပးၿပီး ေရသန္႔လုပ္ငန္းမ်ားကိုလည္း စစ္ေဆး
သြဂုတ် 6, 2019
By Tachileik News Agency

ေက်ာင္းတြင္း မုန္႔ေစ်းတန္းတြင္ FDA က ထုတ္ျပန္ထားသည့္ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ား ေရာင္းခ်မႈရွိ မရွိ ႏွင့္ အသိပညာေပးမႈအျဖစ္ မိုင္းဆတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္းတြင္ စားသုံးသူေရးရာဦးစီးဌာနႏွင့္ မိုင္းဆတ္ၿမဳိ႕နယ္အစားအေသာက္ႀကီးၾကပ္ေရး ေကာ္မတီတို႔ ပူးေပါင္း၍ ေဆာင္ရြက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မိုင္းဆတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စားသုံးသူေရးရာဦးစီးဌာနႏွင့္ မိုင္းဆတ္ၿမဳိ႕နယ္အစားအေသာက္ႀကီးၾကပ္ေရး ေကာ္မတီတို႔ ပူးေပါင္း၍ စားသုံးသူကာကြယ္ေရးဥပေဒ အသိပညာေပးလုပ္ငန္းမ်ားကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၅)ရက္ေန႔ နံနက္ပိုင္းက ေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ ေက်ာင္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စားသုံးသူေရးရာဦးစီးဌာန၊ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးႏွင့္တာ၀န္ရွိသူမ်ားက ဆရာ/မမ်ားႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ားအား စားသံုးသူကာကြယ္ေရးဥပေဒႏွင့္ ပတ္သက္၍ အသိပညာေပးေဟာေျပာၿပီးေနာက္ ေက်ာင္းတြင္းရွိ မုန္႔ေစ်းတန္းတြင္ FDA က စားသံုးရန္မသင့္ေၾကာင္း ထုတ္ျပန္ထားသည့္ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ အႏၱရာယ္ျဖစ္ေစတတ္သည့္ စားေသာက္ကုန္မ်ား ေရာင္းခ်မႈ ရွိမရွိ စစ္ေဆးကာ ေစ်းသည္မ်ားအား အသိပညာေပးခဲ့ေၾကာင္း သိရသည္။

စားသုံးသူေရးရာဦးစီးဌာနႏွင့္အဖြဲ႔မွ ေက်ာင္းတြင္း အသိပညာေပးမႈအၿပီးတြင္ ေရသန္လုပ္ငန္းအတြက္ FDA ေလွ်ာက္ထားဆဲျဖစ္သည့္ ေနာ္ရွဲ(လားဟူ)ေသာက္ေရသန္႔ လုပ္ငန္းႏွင့္ စန္းရီေသာက္ေရသန္႔လုပ္ငန္းေနရာသို႔အား သြားေရာက္ စစ္ေဆးခဲ့ၿပီး စားသုံးသူကာကြယ္ေရးဥပေဒ အခန္း(၁၈)၊ကုန္အၫႊန္း အမွတ္အသားပါ ျပဌာန္းခ်က္မ်ားကို ရွင္းလင္းေျပာၾကားခဲ့ေၾကာင္းသိရသည္။

စားသုံးသူကာကြယ္ေရးဥပေဒ အခန္း(၁၈) ကုန္အၫႊန္းအမွတ္အသားပါ ျပဌာန္းခ်က္မ်ားတြင္ အဓိကအားျဖင့္ စားသံုးကုန္ပစၥည္းထုတ္လုပ္သူမ်ားအေနျဖင့္ ကုန္ပစၥည္းေပၚတြင္ ကုန္အညြန္းအမွတ္အသား ႏွင့္ ပတ္သက္၍ ကုန္စည္တံဆိပ္အမွတ္အသား(Logo)၊ ထုတ္လုပ္သည့္ ရက္စြဲႏွင့္ သက္တမ္းကုန္းဆံုးသည့္ ရက္စြဲ၊ ထုတ္လုပ္မႈ အမွတ္စဥ္၊ ကုန္ပစၥည္းတြင္ ပါ၀င္သည့္ ကုန္ၾကမ္းပစၥည္း အမ်ဳိးအမည္မ်ား၊ က်န္းမာေရးဆိုင္ရာ ေဘးထြက္ဆိုးက်ဳိး သို႔မဟုတ္ ဓါတ္မတည့္ေၾကာင္း ေဖာ္ျပခ်က္ႏွင့္ ႀကိဳတင္သတိေပးခ်က္ ႏွင့္ ကုန္ပစၥည္းတြင္ ျမန္မာဘာသာကို အဓိက အသံုးျပဳၿပီးမွ အျခားဘာသာတစ္ခုထည့္သြင္းေဖာ္ျပႏိုင္ရန္ ျပ႒ာန္းထားရွိသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျောင်းတွင်း မုန့်ဈေးတန်းတွင် FDA က ထုတ်ပြန်ထားသည့် စားသုံးရန်မသင့် စားသောက်ကုန်များ ရောင်းချမှုရှိ မရှိ နှင့် အသိပညာပေးမှုအဖြစ် မိုင်းဆတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မိုင်းဆတ်မြို့နယ်အစားအသောက်ကြီးကြပ်ရေး ကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာနနှင့် မိုင်းဆတ်မြို့နယ်အစားအသောက်ကြီးကြပ်ရေး ကော်မတီတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးလုပ်ငန်းများကို ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးနှင့်တာဝန်ရှိသူများက ဆရာ/မများနှင့် ကျောင်းသား ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီးနောက် ကျောင်းတွင်းရှိ မုန့်ဈေးတန်းတွင် FDA က စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် စားသောက်ကုန်ပစ္စည်းများနှင့် အန္တရာယ်ဖြစ်စေတတ်သည့် စားသောက်ကုန်များ ရောင်းချမှု ရှိမရှိ စစ်ဆေးကာ ဈေးသည်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနနှင့်အဖွဲ့မှ ကျောင်းတွင်း အသိပညာပေးမှုအပြီးတွင် ရေသန်လုပ်ငန်းအတွက် FDA လျှောက်ထားဆဲဖြစ်သည့် နော်ရှဲ(လားဟူ)သောက်ရေသန့် လုပ်ငန်းနှင့် စန်းရီသောက်ရေသန့်လုပ်ငန်းနေရာသို့အား သွားရောက် စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ကုန်အညွှန်း အမှတ်အသားပါ ပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားပါ ပြဌာန်းချက်များတွင် အဓိကအားဖြင့် စားသုံးကုန်ပစ္စည်းထုတ်လုပ်သူများအနဖြေင့် ကုန်ပစ္စည်းပေါ်တွင် ကုန်အညွန်းအမှတ်အသား နှင့် ပတ်သက်၍ ကုန်စည်တံဆိပ်အမှတ်အသား(Logo)၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်းဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကုန်ပစ္စည်းတွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်း အမျိုးအမည်များ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် နှင့် ကုန်ပစ္စည်းတွင် မြန်မာဘာသာကို အဓိက အသုံးပြုပြီးမှ အခြားဘာသာတစ်ခုထည့်သွင်းဖော်ပြနိုင်ရန် ပြဋ္ဌာန်းထားရှိသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net