Update News

မွန်ပြည်နယ် သဲဖြူကုန်းရွာမြေပြိုမှုမှ အသက်ရှင်ကျန်သူ (၂၉)ဦးနှင့် သေဆုံး (၂၃)ဦး တွေ့ရှိထား

မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်မှ မလတ်တောင်မြေပြိုမှုတွင် နစ်မြုပ်သွားသူများကို ရှာဖွေကယ်ဆယ်နေရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ ည(၁၁)နာရီအထိ စာရင်းအရ သေဆုံးသူ (၂၃)ဦးနှင့် အသက်ရှင်လျှက် (၂၉)ဦး ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်မှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်(၇)နာရီ အချိန်က ပြိုကျမှုကြောင့် သံဖြူရပ်ကွက်ရှိ နေအိမ်များ မြေမြုပ်သွားကာ လမ်းပိတ်သွားသဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း(၁၄၅)ဦး အပါအ၀င် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ပြည်သူများမှ စုပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

Tachileik News Agency








~~~~~~~~⊰❂ Unicode Version ~~~~~~~~

မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်မှ မလတ်တောင်မြပြေိုမှုတွင် နစ်မြုပ်သွားသူများကို ရှာဖွေကယ်ဆယ်နေရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ ည(၁၁)နာရီအထိ စာရင်းအရ သေဆုံးသူ (၂၃)ဦးနှင့် အသက်ရှင်လျှက် (၂၉)ဦး ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်မှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ နံနက်(၇)နာရီ အချိန်က ပြိုကျမှုကြောင့် သံဖြူရပ်ကွက်ရှိ နေအိမ်များ မြမြေုပ်သွားကာ လမ်းပိတ်သွားသဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း(၁၄၅)ဦး အပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ပြည်သူများမှ စုပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နကြခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::