တာခ်ီလိတ္တြင္ ၀က္သားစားသူမ်ား စိတ္ခ်စြာ ၀ယ္ယူစားသံုးႏုိင္ရန္အတြက္ စည္ပင္ႏွင့္ေမြးကုတို႔က ေစ်းမ်ားရွိ ၀က္သားဆိုင္မ်ားတြင္ ေန႔စဥ္ စစ္ေဆး

တာခ်ီလိတ္တြင္ ၀က္သားစားသူမ်ား စိတ္ခ်စြာ ၀ယ္ယူစားသံုးႏုိင္ရန္အတြက္ စည္ပင္ႏွင့္ေမြးကုတို႔က ေစ်းမ်ားရွိ ၀က္သားဆိုင္မ်ားတြင္ ေန႔စဥ္ စစ္ေဆး
သြဂုတ် 8, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ၀က္မ်ားကို တစ္ပိုင္တစ္ႏုိင္ ေမြးသည့္ ေက်းရြာမ်ားအတြင္း  ၀က္မ်ားဖ်ားနာေသဆံုးမႈမ်ားႏွင့္ ပတ္သက္၍ ၀ယ္ယူစားသံုးသူမ်ားမွာ စိုးရိမ္စိတ္မ်ားေၾကာင့္ ၀က္သား၀ယ္ယူမႈ မရွိေတာ့သည့္နီးပါး ေလ်ာ့က်သြားသည့္အတြက္  ၀က္သားစားသည့္ ျပည္သူမ်ား စိတ္ခ်စြာ ၀ယ္ယူစားသံုးႏုိင္ရန္ ေမြးျမဴေရးႏွင့္ကုသေရးဌာန ႏွင့္ စည္ပင္သာယာေရးဌာနတို႔မွ ေစ်းမ်ားတြင္ လိုက္လံစစ္ေဆးမႈအျဖစ္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ၏ ပထမပတ္အတြင္းႏွင့္  ၾသဂုတ္လ(၈)ရက္ေန႔တြင္လည္း ကြင္းဆင္း ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုင္းခြန္ေဇာ္ဦး ႏွင့္ ဒုတိယဦးစီးမွဴး ဦးအားထူယာ အပါအ၀င္ စည္ပင္၀န္ထမ္းမ်ား၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုး ႏွင့္ တာ၀န္ရွိသူမ်ားက စည္ပင္သာယာေရးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ေရာင္းခ်ေနေသာ ၀က္သားဆိုင္မ်ားအား ကြင္းဆင္းစစ္ေဆးၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ေပၚႏွင့္ ေက်းလက္ေစ်းမ်ားတြင္ ေရာင္းခ်ေနသည့္ ၀က္သားမ်ားမွာ စည္ပင္သာယာေရးဌာန ႏွင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတို႔မွ ႀကီးၾကပ္စစ္ေဆးေပးေနျခင္းျဖစ္ၿပီး ၎တို႔သည့္ ၀က္မ်ား၏ က်န္းမာေရးကို အထူးေစာင့္ေရွာင္သည့္ ေမြးျမဴေရးၿခံႀကီးမ်ားမွ ၀ယ္ယူသည့္ ၀က္သားမ်ားျဖစ္ေၾကာင္း ႏွင့္ ၀က္သားစားသူမ်ား အေနျဖင့္ ၀က္သား၀ယ္မည္ဆိုပါက စည္ပင္သာယာေရးဌာနက ခြင့္ျပဳေပးထားသည့္ ၀က္သားဆိုင္မ်ားတြင္သာ ၀ယ္ယူေစလိုၿပီး ရပ္ကြက္အတြင္း လိုက္လံေရာင္းခ်သည့္ ၀က္သားမ်ားကို မ၀ယ္ေစလိုေၾကာင္း စည္ပင္သာယာေရးဌာနက အသိေပးထားရွိသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ လြယ္စတံုေခ်ာင္းအတြင္းသို႔ ဖ်ားနာေသဆံုးသည့္ ၀က္ေသ အမ်ားအျပား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ၏ ပထမပတ္အတြင္းက ေမ်ာလာသည့္အတြက္ စားသံုးသူမ်ားမွ စိုးရိမ္စိတ္မ်ားေၾကာင့္ ၀က္သား၀ယ္ယူျခင္းမရွိေတာ့သည္ နီးပါးျဖစ္ေနသည့္အတြက္ စည္ပင္သာယာေရးဌာနႏွင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတို႔မွ ေစ်းမ်ားတြင္ ဆက္လက္၍ ေန႔စဥ္ စစ္ေဆးေပးသြားမည္ျဖစ္ၿပီး လတ္ဆတ္ျခင္းမရွိသည့္ ၀က္သားမ်ား ေတြ႔ရွိရပါကလည္း သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ဝက်များကို တစ်ပိုင်တစ်နိုင် မွေးသည့် ကျေးရွာများအတွင်း ဝက်များဖျားနာသေဆုံးမှုများနှင့် ပတ်သက်၍ ဝယ်ယူစားသုံးသူများမှာ စိုးရိမ်စိတ်များကြောင့် ဝက်သားဝယ်ယူမှု မရှိတော့သည့်နီးပါး လျော့ကျသွားသည့်အတွက် ဝက်သားစားသည့် ပြည်သူများ စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရန် မွေးမြူရေးနှင့်ကုသရေးဌာန နှင့် စည်ပင်သာယာရေးဌာနတို့မှ ဈေးများတွင် လိုက်လံစစ်ဆေးမှုအဖြစ် ၂၀၁၉ခုနှစ် သြဂုတ်လ၏ ပထမပတ်အတွင်းနှင့် သြဂုတ်လ(၈)ရက်နေ့တွင်လည်း ကွင်းဆင်း ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး နှင့် ဒုတိယဦးစီးမှူး ဦးအားထူယာ အပါအဝင် စည်ပင်ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုး နှင့် တာဝန်ရှိသူများက စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ရောင်းချနေသော ဝက်သားဆိုင်များအား ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့ပေါ်နှင့် ကျေးလက်ဈေးများတွင် ရောင်းချနေသည့် ဝက်သားများမှာ စည်ပင်သာယာရေးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ကြီးကြပ်စစ်ဆေးပေးနခြေင်းဖြစ်ပြီး၎င်းတို့သည့် ဝက်များ၏ ကျန်းမာရေးကို အထူးစောင့်ရှောင်သည့် မွေးမြူရေးခြံကြီးများမှ ဝယ်ယူသည့် ဝက်သားများဖြစ်ကြောင်း နှင့် ဝက်သားစားသူများ အနဖြေင့် ဝက်သားဝယ်မည်ဆိုပါက စည်ပင်သာယာရေးဌာနက ခွင့်ပြုပေးထားသည့် ဝက်သားဆိုင်များတွင်သာ ဝယ်ယူစေလိုပြီး ရပ်ကွက်အတွင်း လိုက်လံရောင်းချသည့် ဝက်သားများကို မဝယ်စေလိုကြောင်း စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။

တာချီလိတ်မြို့ရှိ လွယ်စတုံချောင်းအတွင်းသို့ ဖျားနာသေဆုံးသည့် ဝက်သေ အများအပြား ၂၀၁၉ခုနှစ် သြဂုတ်လ၏ ပထမပတ်အတွင်းက မျောလာသည့်အတွက် စားသုံးသူများမှ စိုးရိမ်စိတ်များကြောင့် ဝက်သားဝယ်ယူခြင်းမရှိတော့သည် နီးပါးဖြစ်နေသည့်အတွက် စည်ပင်သာယာရေးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဈေးများတွင် ဆက်လက်၍ နေ့စဉ် စစ်ဆေးပေးသွားမည်ဖြစ်ပြီး လတ်ဆတ်ခြင်းမရှိသည့် ဝက်သားများ တွေ့ရှိရပါကလည်း သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net