တာခ်ီလိတ္ - တာေလသြားလမ္းေပၚရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ - တာေလသြားလမ္းေပၚရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 6, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ - တာေလသြားလမ္းေပၚရွိ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မိုင္းကိုးဘက္မွ ဆိုင္ကယ္ျဖင့္ လာသည့္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆးျပား (၂၄၀၀)ႏွင့္ အတူ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၆)ရက္ေန႔ ေန႔လည္(၁)နာရီ မိနစ္(၄၀)၀န္းက်င္အခ်ိန္က ဖမ္းဆီး ရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔တို႔က တာေလဘက္မွ တာခ်ီလိတ္ဘက္သို႔ လာသည့္ ယာဥ္မ်ားအား ရပ္တန္႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းကိုးဘက္မွ ဆိုင္ကယ္ျဖင့္ လာသည့္ အိုက္ၿပိဳးအား ရပ္တန္႔စစ္ေဆးရွာေဖြရာက စိတ္ၾကြေဆးျပားမ်ားကို ေတြ႕ရွိသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ အိုက္ၿပိဳး စီးလာသည့္ ဆိုင္ကယ္၏ တူးေဘာက္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂,၄၀၀)ကို ေတြ႔ရွိ သိမ္းဆည္းရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈျဖစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် - တာလေသွားလမ်းပေါ်ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းကိုးဘက်မှ ဆိုင်ကယ်ဖြင့် လာသည့် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂၄၀၀)နှင့် အတူ ၂၀၁၉ခုနှစ် သြဂုတ်လ(၆)ရက်နေ့ နေ့လည်(၁)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်က ဖမ်းဆီး ရမိ၍ တာချီလိတ်မြို့မရဲစခန်း အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က တာလေဘက်မှ တာချီလိတ်ဘက်သို့ လာသည့် ယာဉ်များအား ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းကိုးဘက်မှ ဆိုင်ကယ်ဖြင့် လာသည့် အိုက်ပြိုးအား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြားများကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် အသက်(၃၅)နှစ်ဝန်းကျင်ရှိ အိုက်ပြိုး စီးလာသည့် ဆိုင်ကယ်၏ တူးဘောက်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂,၄၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖြစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net