ထိုင္းႏုိင္ငံတြင္ (၁၉)ႏွစ္ၾကာ အိမ္အကူ လုပ္ကိုင္ခဲ့သည့္ ျမန္မာအမ်ဳိးသမီး၏ လုပ္အားခ ဘတ္(၆)သိန္းေက်ာ္ အလုပ္သမားသံအရာရိွရံုး အကူအညီျဖင့္ ျပန္လည္ရရိွ

ထိုင္းႏုိင္ငံတြင္ (၁၉)ႏွစ္ၾကာ အိမ္အကူ လုပ္ကိုင္ခဲ့သည့္ ျမန္မာအမ်ဳိးသမီး၏ လုပ္အားခ ဘတ္(၆)သိန္းေက်ာ္ အလုပ္သမားသံအရာရိွရံုး အကူအညီျဖင့္ ျပန္လည္ရရိွ
သြဂုတ် 9, 2019
By Tachileik News Agency

ထိုင္းနိုင္ငံတြင္ အိမ္အကူအလုပ္သမားအျဖစ္ (၁၉)ႏွစ္ ၾကာလုပ္ကိုင္ေနသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦး၏ လုပ္အားခ ဘတ္(၆)သိန္းေက်ာ္ ျပန္လည္ရရိွေရးအတြက္ ဘန္ေကာက္ရိွ ျမန္မာအလုပ္သမားသံအရာရိွရံုးက ကူညီေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

ခြၽန္ပူရီၿမိဳ႕၌ အိမ္အကူအျဖစ္ (၁၉)ႏွစ္ၾကာလုပ္ကိုင္ခဲ့သည့္ ေဒၚထြန္းစိန္ကို အိမ္ရွင္က လုပ္အားခအျပည့္မေပးသျဖင့္ Labour Protection Network (LPN) အဖြဲ႕မွ တစ္ဆင့္ အလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားသံအရာရိွ ဦးေဝလင္းေမာင္ႏွင့္ Labour Protection Network (LPN) အဖြဲ႕မွ ဦးထြန္းလင္းတို႔သည္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ေဒၚထြန္းစိန္ႏွင့္အတူ ခြၽန္ပူရီခရိုင္ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာနသို႔ သြားေရာက္ၿပီး ေဒၚထြန္းစိန္၏အလုပ္ရွင္အား ေခၚယူေတြ႔ဆံုေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ ရရန္ရိွသည့္ လုပ္အားခ ဘတ္ (၆၉၃,၅၀၀)ကို ျပန္လည္ရရိွခဲ့သည့္အျပင္ ျမန္မာအမ်ိဳးသမီးက ေနရပ္သို႔ ျပန္လိုေၾကာင္း တင္ျပလာသျဖင့္  အလုပ္သမားသံအရာ႐ွိရံုးက ကူညီေဆာင္႐ြက္ေပးထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ အလုပ္သမားေရးရာကိစၥရပ္မ်ား အကူအညီလိုအပ္ေနပါက အလုပ္သမားသံအရာရိွရံုးသို႔ ဖုန္း၊ Line၊ Viber ႏွင့္ အလုပ္သမားသံအရာရွိရံုး၏ Facebook စာမ်က္ႏွာျဖစ္ သည့္ LA-Thailand Page တို႔မွ ဆက္သြယ္အကူအညီရယူႏုိင္ေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာလုပ္သားမ်ားအေရး ကူညီႏုိင္ရန္အတြက္ အလုပ္သမားသံအရာရိွရံုးမွ တာဝန္ေပးထားသူမ်ားျဖစ္သည့္ ဦးစန္းေမာင္ဦး(ဘန္ေကာက္) Phone | Viber | Line - 09 4884 5484၊ ဦးရဲရန္ေအာင္ (ဘန္ေကာက္) Phone | Viber | Line - 06 5220 6952၊ ဦးေက်ာ္စိုးေ၀ (ရေနာင္း) Phone | Viber | Line -06 5220 6951၊ ဦးေ၀လင္းေမာင္ (မဲေဆာက္) Phone | Viber | Line - 06 5220 6953 ႏွင့္ ဦးေဇာ္မင္းေထြး(ခ်င္းမုိင္) Phone | Viber | Line - 09 9059 2352 တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LA-Thailand


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် အိမ်အကူအလုပ်သမားအဖြစ် (၁၉)နှစ် ကြာလုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး၏ လုပ်အားခ ဘတ်(၆)သိန်းကျော် ပြန်လည်ရရှိရေးအတွက် ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

ချွန်ပူရီမြို့၌ အိမ်အကူအဖြစ် (၁၉)နှစ်ကြာလုပ်ကိုင်ခဲ့သည့် ဒေါ်ထွန်းစိန်ကို အိမ်ရှင်က လုပ်အားခအပြည့်မပေးသဖြင့် Labour Protection Network (LPN) အဖွဲ့မှ တစ်ဆင့် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်နှင့် Labour Protection Network (LPN) အဖွဲ့မှ ဦးထွန်းလင်းတို့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် ဒေါ်ထွန်းစိန်နှင့်အတူ ချွန်ပူရီခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနသို့ သွားရောက်ပြီး ဒေါ်ထွန်းစိန်၏အလုပ်ရှင်အား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးပြီးနောက် ရရန်ရှိသည့် လုပ်အားခ ဘတ် (၆၉၃,၅၀၀)ကို ပြန်လည်ရရှိခဲ့သည့်အပြင် မြန်မာအမျိုးသမီးက နေရပ်သို့ ပြန်လိုကြောင်း တင်ပြလာသဖြင့် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနဖြေင့် အလုပ်သမားရေးရာကိစ္စရပ်များ အကူအညီလိုအပ်နေပါက အလုပ်သမားသံအရာရှိရုံးသို့ ဖုန်း၊ Line၊ Viber နှင့် အလုပ်သမားသံအရာရှိရုံး၏ Facebook စာမျက်နှာဖြစ် သည့် LA-Thailand Page တို့မှ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအရေး ကူညီနိုင်ရန်အတွက် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ပေးထားသူများဖြစ်သည့် ဦးစန်းမောင်ဦး(ဘန်ကောက်) Phone | Viber | Line - 09 4884 5484၊ ဦးရဲရန်အောင် (ဘန်ကောက်) Phone | Viber | Line - 06 5220 6952၊ ဦးကျော်စိုးေဝ (ရနောင်း) Phone | Viber | Line -06 5220 6951၊ ဦးေဝလင်းမောင် (မဲဆောက်) Phone | Viber | Line - 06 5220 6953 နှင့် ဦးဇော်မင်းထွေး(ချင်းမိုင်) Phone | Viber | Line - 09 9059 2352 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LA-Thailand 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net