တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၏ အႀကိမ္(၂၀)ေျမာက္ မဟာဒုတ္ စာေရးတံမဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၏ အႀကိမ္(၂၀)ေျမာက္ မဟာဒုတ္ စာေရးတံမဲ က်င္းပ
သြဂုတ် 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ျဖစ္သည့္ မကာဟိုခမ္းရပ္ကြက္၊ ယာေျမတြင္ အႀကိမ္(၂၀)ေျမာက္ မဟာဒုတ္ စာေရးတံအလွဴပြဲ၏ ဘုရားမဲႏႈိက္သည့္ အစီအစဥ္အား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၂)ရက္ေန႔ ေန႔လည္(၁)နာရီခြဲအခ်ိိန္က ယာေျမကုန္းရွိ မ႑ပ္တြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္တြင္ ႏွစ္စဥ္က်င္းပျပဳလုပ္ၿမဲျဖစ္သည့္ မဟာဒုတ္ စာေရးတံအလွဴပြဲ၏ အႀကိမ္(၂၀)ေျမာက္တြင္ ဆြမ္းဆက္ကပ္ရန္ ပင့္ဖိတ္သံဃာစာရင္းေပးထားသူ(၆၂)ဦးရွိၿပီး ပင့္ဖိတ္သံဃာအပါး စုစုေပါင္း (၁၉၆)ပါးရွိရာ ပင့္ဖိတ္သံဃာစာရင္းေပးထားသူ(၆၂)ဦးအား ဘုရားမဲႏႈိက္ေပးရာတြင္ ဘုရားမဲေပါက္သူအား စုေပါင္းလွဴဒါန္းေငြ ထိုင္းဘတ္ေငြ(၁၃,၀၀၀)ႏွင့္ ျမသပိတ္အပါအ၀င္ ဘုရားရုပ္ပြားဆင္းတုေတာင္တစ္ဆူ၊ ရွင္သီ၀လိရုပ္ပြားေတာ္ မဲေပါက္သူကို ထိုင္းဘတ္ေငြ(၆,၀၀၀)ဘတ္ ႏွင့္ ရုပ္ပြားေတာ္တစ္ဆု၊ ရွင္ဥပဂုတၱ ရုပ္ပြားေတာ္မဲေပါက္သူကို ထိုင္းဘတ္ေငြ(၆,၀၀၀)ဘတ္ ႏွင့္ ရုပ္ပြားေတာ္တစ္ဆု တို႔ျဖင့္ က်င္းပေရးေကာ္မတီက လွဴဒါန္းေပးလိုက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဘုရားမဲႏႈိက္ေပးတဲ့အခါမွာ ဆြမ္းအလွဴရွင္ မိသားစုက (၆၂)ဦးရွိတာဆိုေတာ့၊ မဲႏႈိက္တဲ့အခါမွာ အားလံုး မႏႈိက္မရွိ မျဖစ္ရေလေအာင္ဆိုၿပီး (၆၂)ဦးလံုးကို မဲႏႈိက္ေစၿပီးမွ မဲလိပ္ကုန္သြားတာနဲ႔ တၿပိဳင္နက္တည္း အားလံုး မဲလိပ္ကို ဖြင့္ေစတဲ့နည္းနဲ႔ ျပဳလုပ္ခဲတာပါ။ မဲႏႈိက္ဖို႔ မလာျဖစ္တဲ့ အရွင္ေတြအတြက္ေတာ့ ကိုယ္စားႏႈိက္ေပးပါတယ္၊ ေနာက္ၿပီး ပင့္သံဃာတစ္ပါးကို ဘတ္(၅၀) ႏႈန္းနဲ႔ လွဴဒါန္းထားတဲ့ အလွူေငြေတြ အပါအ၀င္ သီးျခားလာေရာက္လွဴဒါန္းတဲ့ အလွဴေငြနဲ႔ ကုန္က်စရိတ္ေတြႏုတ္ၿပီးေတာ့ အခုလို ခြဲေ၀ၿပီး လွဴဒါန္းေပးလိုက္ပါတယ္"ဟု က်င္းပေရးေကာ္မတီ၀င္ တစ္ဦိးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟုိခမ္းရပ္ကြက္၏ အႀကိမ္(၂၀)ေျမာက္ မဟာဒုတ္စာေရးတံမဲအလွဴပြဲတြင္ ဘုရားမဲအား ဆက္သြယ္ေရးလမ္းရွိ စႏၵာအလွျပင္ဆိုင္က ေပါက္သြားခဲ့ၿပီး ရွင္သီ၀လိ ႏွင့္ ရွင္ဥပဂုတၱ မဲအား ယာေျမမွ ေပါက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အႀကိမ္(၂၀)ေျမာက္ မဟာဒုတ္စာေရးတံမဲအလွဴပြဲ၏ ဆြမ္းဆက္ကပ္ပြဲအား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၄)ရက္ေန႔ နံနက္(၉)နာရီက စ၍ ျပဳလုပ္သြားမည္ျဖစ္ၿပီး ယခုႏွစ္တြင္ သာသနာေရးဦးစီးဌာနထံ ၀ါဆိုသံဃာစာရင္းေပးထားသည့္ သံဃာေတာ္မ်ားအား ေရြးခ်ယ္ပင့္ဖိတ္ထားေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် မကာဟိုခမ်းရပ်ကွက်၊ ယာမြေတွင် အကြိမ်(၂၀)မြောက် မဟာဒုတ် စာရေးတံအလှူပွဲ၏ ဘုရားမဲနှိုက်သည့် အစီအစဉ်အား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ယာမြေကုန်းရှိ မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် မဟာဒုတ် စာရေးတံအလှူပွဲ၏ အကြိမ်(၂၀)မြောက်တွင် ဆွမ်းဆက်ကပ်ရန် ပင့်ဖိတ်သံဃာစာရင်းပေးထားသူ(၆၂)ဦးရှိပြီး ပင့်ဖိတ်သံဃာအပါး စုစုပေါင်း (၁၉၆)ပါးရှိရာ ပင့်ဖိတ်သံဃာစာရင်းပေးထားသူ(၆၂)ဦးအား ဘုရားမဲနှိုက်ပေးရာတွင် ဘုရားမဲပေါက်သူအား စုပေါင်းလှူဒါန်းငွေ ထိုင်းဘတ်ငွေ(၁၃,ဝဝဝ)နှင့် မြသပိတ်အပါအဝင် ဘုရားရုပ်ပွားဆင်းတုတောင်တစ်ဆူ၊ ရှင်သီဝလိရုပ်ပွားတော် မဲပေါက်သူကို ထိုင်းဘတ်ငွေ(၆,ဝဝဝ)ဘတ် နှင့် ရုပ်ပွားတော်တစ်ဆု၊ ရှင်ဥပဂုတ္တ ရုပ်ပွားတော်မဲပေါက်သူကို ထိုင်းဘတ်ငွေ(၆,ဝဝဝ)ဘတ် နှင့် ရုပ်ပွားတော်တစ်ဆု တို့ဖြင့် ကျင်းပရေးကော်မတီက လှူဒါန်းပေးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဘုရားမဲနှိုက်ပေးတဲ့အခါမှာ ဆွမ်းအလှူရှင် မိသားစုက (၆၂)ဦးရှိတာဆိုတော့၊ မဲနှိုက်တဲ့အခါမှာ အားလုံး မနှိုက်မရှိ မဖြစ်ရလေအောင်ဆိုပြီး (၆၂)ဦးလုံးကို မဲနှိုက်စပြေီးမှ မဲလိပ်ကုန်သွားတာနဲ့ တပြိုင်နက်တည်း အားလုံး မဲလိပ်ကို ဖွင့်စေတဲ့နည်းနဲ့ ပြုလုပ်ခဲတာပါ။ မဲနှိုက်ဖို့ မလာဖြစ်တဲ့ အရှင်တွေအတွက်တော့ ကိုယ်စားနှိုက်ပေးပါတယ်၊ နောက်ပြီး ပင့်သံဃာတစ်ပါးကို ဘတ်(၅၀) နှုန်းနဲ့ လှူဒါန်းထားတဲ့ အလှူငွေတွေ အပါအဝင် သီးခြားလာရောက်လှူဒါန်းတဲ့ အလှူငွေနဲ့ ကုန်ကျစရိတ်တွေနုတ်ပြီးတော့ အခုလို ခွဲဝပြေီး လှူဒါန်းပေးလိုက်ပါတယ်"ဟု ကျင်းပရေးကော်မတီဝင် တစ်ဦိးက ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၏ အကြိမ်(၂၀)မြောက် မဟာဒုတ်စာရေးတံမဲအလှူပွဲတွင် ဘုရားမဲအား ဆက်သွယ်ရေးလမ်းရှိ စန္ဒါအလှပြင်ဆိုင်က ပေါက်သွားခဲ့ပြီး ရှင်သီဝလိ နှင့် ရှင်ဥပဂုတ္တ မဲအား ယာမြေမှ ပေါက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြိမ်(၂၀)မြောက် မဟာဒုတ်စာရေးတံမဲအလှူပွဲ၏ ဆွမ်းဆက်ကပ်ပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့ နံနက်(၉)နာရီက စ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် သာသနာရေးဦးစီးဌာနထံ ဝါဆိုသံဃာစာရင်းပေးထားသည့် သံဃာတော်များအား ရွေးချယ်ပင့်ဖိတ်ထားကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net