လာအိုနိုင်ငံဘက် မဲခေါင်မြစ်နံဘေးတွင် ဓါတ်တိုင်လဲကျခြင်းကြောင့် ကျိုင်းလပ်နှင့်တာလေမြို့တို့တွင် လျှပ်စစ်မီးပြတ်တောက်သွား၍ အမြန်ဆုံး ပြုပြင်နေ

လာအိုနိုင်ငံဘက် မဲခေါင်မြစ်နံဘေးတွင် ဓါတ်တိုင်လဲကျခြင်းကြောင့် ကျိုင်းလပ်နှင့်တာလေမြို့တို့တွင် လျှပ်စစ်မီးပြတ်တောက်သွား၍ အမြန်ဆုံး ပြုပြင်နေ
သြဂုတ် 5, 2019
By Tachileik News Agency

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်နေ့တွင် ဓါတ်တိုင်လဲကျမှုကြောင့် လျှပ်စစ်မီးပြတ်တောက်သွား၍ အမြန်ဆုံးပြီးစီးရန် ပြုပြင်ဆောင်ရွက်နေကြောင်း တာလေမြို့မီးလင်းရေးရုံးမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာအိုနိုင်ငံဘက်အခြမ်းမှ မဲခေါင်မြစ်နံဘေးတွင် မြေသားများ မခိုင်ခံ့မှုကြောင့် လျှပ်စစ်မီးတိုင်များမှာ လဲကျသွားမှု သြဂုတ်လ(၅)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် လျှပ်စစ်မီးပြတ်တောက်နေခြင်း ဖြစ်သည်။


တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေခြင်းဖြစ်ကြောင်းနှင့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနေကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာလေမြို့ မီးလင်းရေး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ် နှင့် တာလမြေို့တို့တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်နေ့တွင် ဓာတ်တိုင်လဲကျမှုကြောင့် လျှပ်စစ်မီးပြတ်တောက်သွား၍ အမြန်ဆုံးပြီးစီးရန် ပြုပြင်ဆောင်ရွက်နေကြောင်း တာလမြေို့မီးလင်းရေးရုံးမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာအိုနိုင်ငံဘက်အခြမ်းမှ မဲခေါင်မြစ်နံဘေးတွင် မြေသားများ မခိုင်ခံ့မှုကြောင့် လျှပ်စစ်မီးတိုင်များမှာ လဲကျသွားမှု သြဂုတ်လ(၅)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျိုင်းလပ်မြို့ နှင့် တာလမြေို့တို့တွင် လျှပ်စစ်မီးပြတ်တောက်နခြေင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ပြုပြင်နေလျက်ရှိပြီး လုပ်ငန်းအမြန်ဆုံးပြီးမြောက်ပါက ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် ကျိုင်းလပ်မြို့ နှင့် တာလမြေို့တို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနခြေင်းဖြစ်ကြောင်းနှင့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ရယူသုံးစွဲနကြခြေင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာလမြေို့ မီးလင်းရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net